Ed Sheeran ကို စားပွဲထိုးနဲ့မှားခဲ့တဲ့ Lady Gaga
လေဒီဂါဂါတို့ကတော့ လုပ်ချလိုက်ပြန်ပြီလို့ပြောရမှာပါပဲ။ လေဒီဂါဂါဟာ အသက်(၃၀)ကျော်ပြီဖြစ်တဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်များစွာကတည်းက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့အောင်မြင်ကျော်ကြားပြီး ကမ္ဘာ့နေရာအနှံ့အပြားမှာ ပရိသတ်ခိုင်မာစွာရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။ Ed Sheeran ကတော့ သိကြတဲ့အတိုင်း လူငယ်အဆိုတော်တွေထဲမှာ အံ့မခန်းအောင်မြင်မှုရရှိထားသူတစ်ဦးဖြစ်ပါတယ်။
သူတို့နှစ်ဦးက အစကတည်းက တစ်ယောက်ကိုတစ်ယောက်သိကြရဲ့လားဆိုတာတော့မသေချာပါဘူး။ အနုပညာလောကထဲကလူတွေရဲ့ထုံးစံအတိုင်းပဲလူချင်းမဆုံဖူးရင်တောင် ကြားဖူးမြင်ဖူးပြီး သီချင်းတွေလည်းအပြန်အလှန်နားထောင်ဖူးနေမှာသေချာပါတယ်။ ဒီလောက်နာမည်ကြီးတဲ့သူတွေအချင်းချင်းကိုး။ ဒါပေမယ့် Grammys ဆုပေးပွဲမှာတော့ လေဒီဂါဂါဟာ Ed Sheeran ကို သိသိကြီးနဲ့ပဲချေတာလား။တကယ်ပဲမသိလို့ သတိလက်လွတ်ဖြစ်သွားတာလားတော့မသိ.. စားပွဲထိုးနဲ့မှားပြောလိုက်မိပါတယ်တဲ့။
Ed Sheeran ကို Lady Gaga က စားပွဲထိုးနဲ့မှားပြီး ဝိုင်နောက်တစ်ခွက်လောက် ထပ်ပေးပါလို့ပြောလိုက်ပါတယ်တဲ့။ Ed Sheeran က ကျွန်တော် Ed Sheeran ပါလို့ပြောလိုက်တော့လည်းသူမက တစ်ခါထပ်ပြီး “အင်း Ed ရေ.. ဝိုင်နောက်တစ်ခွက်လောက်ရမလား”လို့ ထပ်ပြောလိုက်ပြန်ပါတယ်တဲ့။ နောက်တော့မှ Ed Sheeran မှန်းသိတော့တယ်လို့ဆိုပါတယ်။ဒါပေမယ့်ဒါဟာ Lady Gaga ရဲ့အပြစ်ကြီးပဲတော့လည်းမဟုတ်ပါဘူး။ စားပွဲထိုးနဲ့မှားရလောက်အောင်လည်း Ed ရဲ့ဝတ်စုံက ဘွိုင်ဝတ်စုံလိုမျိုး ဆင်တူဖြစ်နေခဲ့တာကိုး။
နောက်တော့ Ed Sheeran က သူ့ရဲ့တွစ်တာမှာ “ကျွန်တော် Lady Gaga ကိုချစ်ပါတယ်။ ကျွန်တော်တို့စောစောကစကားပြောခဲ့သေးတယ်။ သူက ကျွန်တော့်ကို waiter နဲ့တောင်မှားနေသေးတယ်”လို့ ဟာသနှောပြီးရေးထားပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော Ed Sheeran နဲ့ Lady Gaga ကိုချစ်ကြလား။ သူတို့နှစ်ယောက်အတူတူသီချင်းတွဲဆိုရင်ရောအားပေးကြမှာလား။ နှစ်ယောက်သား လိုက်ဖက်မယ်ထင်လား။ပြောခဲ့ကြပါဦး။
Can’t Wait To Say
http://www.yeesayar.com/2019/01/ed-sheeran-lady-gaga.html?fbclid=IwAR2Qmv4NHoZnd47ooOewYwOw3nUDVmta5jf3brxW0HsRsyRm5ToQVQv_tXI
No comments:
Post a Comment
Note: Only a member of this blog may post a comment.