နေတိုးကိုတစိမ့်စိမ့်ကြည့်နေမိတယ်ဆိုတဲ့ မအေးသောင်း
မအေးသောင်းဟာ မကြာခင်ကမှ ပရိသတ်တွေရှေ့ကိုပြန်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပါတယ်။ မအေးသောင်းက ရုပ်ရှင်တွေမှာသရုပ်ဆောင်ရာမှာလည်း ကာရိုက်တာထဲကိုတကယ်စိတ်နှစ်ပြီး သရုပ်ဆောင်တာကြောင့် ပရိသတ်တွေရဲ့တခဲနက်အားပေးမှုတွေရရှိထားသူလည်းဖြစ်ပါတယ်။ မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ မအေးသောင်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် နေတိုးကိုတစိမ့်စိမ့်ကြည့်နေမိတဲ့ အကြောင်းနဲ့ အနုပညာလှုပ်ရှားမှုတွေအကြောင်းကို ပြောပြလာခဲ့ပါတယ်။
မအေးသောင်းကအစကတည်းက နေတိုးနဲ့အတူလက်တွဲသရုပ်ဆောင်ဖူးတဲ့အကြောင်း “ကိုနေတိုးနဲ့က အရင်ကတည်းကလည်းဆုံဖူးတယ်။ သူစရိုက်ကတည်းက ပေါက်စီနဲ့ပဲရိုက်လာတာဆိုတော့။ ကြားထဲမှာလည်း ကြော်ငြာတွေပြန်ပြန်ဆုံသေးတယ်ဆိုတော့လေ”လို့ ပြောပြထားပါတယ်။
မအေးသောင်းက မုန်းစွဲရုပ်ရှင်ထဲမှာ နေတိုးကိုအရမ်းချစ်တဲ့ ဇနီးအဖြစ်သရုပ်ဆောင်ရမှာကြောင့် နေတိုးကို တစိမ့်စိမ့်ကြည့်နေမိကြောင်း “ကိုနေတိုးက ကိုယ့်ယောက်ျားလုပ်ရမှာလေ။ အဲ့တော့ ကိုယ်ကသူ့ကိုစိတ်ထဲမှာ ချစ်ရမယ်ခင်ရမယ်။ ကားရိုက်တစ်လျှောက်လုံး သူ့မျက်နှာကိုတစိမ့်စိမ့်ကြည့်နေတာ။ ပေါက်စီက မရိုက်ခင်ကတည်းက သူ့ကိုတစိမ့်စိမ့်ကြည့်နေတော့ သူနဲ့ကိုယ်နဲ့ကြားမှာ Chemistry ပေါ့နော်။အဲ့လိုမျိုးလေးတွေတော့ရှိတာပေါ့။အပြင်မှာရှိတာတော့မဟုတ်ဘူးပေါ့။ ရှိအောင်တော့ ကိုယ်တွေကအပေးအယူလုပ်ထားရတာပေါ့”လို့လည်း ရယ်မောရင်းဖြေကြားထားပါတယ်။
နေတိုးနဲ့ သရုပ်ဆောင်ရတဲ့အတွေ့အကြုံတွေကိုလည်း မအေးသောင်းက “သူကတော်ပြီသားဆိုတဲ့အတွက်ကြောင့် သူ့အတွက်ကဒီဟာက အရမ်းကြီးဟိုဟာမဖြစ်ပေမယ့် ပေါက်စီအတွက်ကျတော့ ကြိုပြီးတော့ အားထည့်ရတယ်။ ပြင်ဆင်ရတယ်။အဓိကက အဲဒီမှာ အေးသောင်းဖြစ်မနေဖို့ပဲ။ အေးသောင်းဖြစ်နေရင်အဆင်ပြေမှာမဟုတ်ဘူးလေ။ ကြာဥဖြစ်နေဖို့ပဲအရေးကြီးတာဆိုတော့လေ အဲဒီအတွက်တော့ ပေါက်စီက စိတ်ကိုပြင်ဆင်ရတယ်”လို့ ပြောပြထားပါတယ်။
မအေးသောင်းက အပြင်မှာလည်း ချစ်သူကို တစိမ့်စိမ့်ကြည့်နေတတ်တယ်ဆိုပြီးတော့လည်း “အပြင်မှာလည်းကြည့်တယ်။ အပြင်မှာလည်းသူနည်းနည်းလေးမျက်နှာညိုနေရင် စိတ်ညစ်နေလို့လား ဘာလားဆိုပြီးတော့ အဲ့လိုအမြဲတမ်းရှိတယ်။ ကိုယ့်ရဲ့အပြင်ပုံစံနဲ့လည်းသိပ်မကွာဘူးဆိုတော့လေ။ အဲဒီဟာလေးက လုပ်ရတာ စိတ်က ဒီအကျင့်ဆိုတာ ဒီလိုဆိုတာသိနေတဲ့အတွက်ကြောင့် ပိုပြီးတော့ နီးစပ်တာပေါ့”လို့ ရင်ဖွင့်ထားပါတယ်။
မအေးသောင်းက အကယ်ဒမီတစ်ကြိုပေးခံထားရသူတွေထဲမှာပါဝင်တဲ့အတွက် ရင်ခုန်သံကိုတော့ “ပေါက်စီကတော့ အကုန်လုံးကိုရစေချင်တာပဲ။ ဒီတစ်နှစ်ပတ်လုံးက ကားကောင်းတွေပဲလေ။ တစ်ခါတစ်လေကျရင် ကိုယ်ကြိုးစားလိုက်လို့ အကယ်ဒမီတော့မရပေမယ့် ပရိသတ်အသိအမှတ်ပြုသွားတဲ့ကားကောင်းတွေလည်းအများကြီးပဲ။ အဲဒါကြောင့်မို့ အကယ်ဒမီကတော့ ဒီနှစ်အတွက် Status တစ်ခုပဲ။ နောက်နှစ်တွေအတွက်ပေါက်စီတော့ ဆက်ပြီးကြိုးစားသွားကြမယ်။ အကယ်ဒမီကိုရင်ခုန်တယ်။ ရရင်တော့ပျော်မှာပါ။ မရဘူးဆိုရင်လည်း ထွေထွေထူးထူးဝမ်းနည်းစရာဖြစ်သွားမှာမဟုတ်ဘူး”လို့ ရှင်းပြသွားပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော မအေးသောင်းကိုချစ်ကြလား။ မအေးသောင်းပါဝင်တဲ့ မုန်းစွဲဇာတ်ကားကြီးကိုရော ကြည့်လိုက်ကြလား။ မအေးသောင်းကိုအကယ်ဒမီရစေချင်ကြလား။ပြောခဲ့ကြပါဦး။
https://nanmalgyi.com/archives/49976
No comments:
Post a Comment
Note: Only a member of this blog may post a comment.