ရွှေတိဂုံစေတီတော်ရဲ့ အရန်စေတီ အမှတ် ၂၆ မှ သွေးကဲ့သို့ အနီရောင် အရည်များ စီးကျနေ (ရုပ်သံ)
http://www.myanmarnews1.com/%E1%80%B1%E1%80%9B%E1%82%8A%E1%80%90%E1%80%AD%E1%80%82%E1%80%B6%E1%80%AF%E1%80%B1%E1%80%85%E1%80%90%E1%80%AE%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%9B%E1%80%B2%E1%82%95-%E1%80%A1%E1%80%9B%E1%80%94/2019/01/11/?fbclid=IwAR0wBSPqwke1zvCDVUxc5_R4YIb8RFf3BgdiMk_IMYAal8KDSLBX3rtKeRQ
ရွှေတိဂုံစေတီတော်ရဲ့ အရန်စေတီ အမှတ် ၂၆ မှ သွေးကဲ့သို့ အနီရောင် အရည်များ စီးကျနေ (ရုပ်သံ)
သွေးကဲ့သို့
ရွှေတိဂုံစေတီတော်ရဲ့မြောက်ဖက် ဓါတ်လှေကားထိပ်ရှိ #အရံစေတီအမှတ်_၂၆ ၏ လက်ရှိအခြေအနေ
===================================
ရွှေတိဂုံစေတီတော်ကြီး၏မြောက်ဖက် ဓါတ်လှေကား ထိပ်… #အရံစေတီတော်အမှတ်(၂၆)စေတီ၏ ငှက်ပျောဖူး အောက်နားမှ…အနီရောင်အရည်များ စီးကျ နေကြောင်း…
ဒီလိုဖြစ်စဉ်ကို…”#ကိတ်လွှတ်ခြင်း”…ဟုပြောဆိုနေကြ သလို တချို့ကလည်း…ဒီအရည်ဟာ စေတီတော် ကို တည်ဆောက်ထားတဲ့ အုတ်တွေက အချိန်ကာလနဲ့ ရာသီဥတုဒဏ်ကြောင့် ပျက်စီးယိုယွင်းပြီး အုတ်သား များ အရည် ပျော်ကျလို့… အခုလို အနီရောင်ဖြစ်နေတာ ဟု ထင်မြင်ယူဆနေကြပြီး မည်သည့်အတွတ်ကြောင့် ဒီအရည်တွေ အခုလို စီးကျနေရတာလည်း ဆိုတာကို တော့…တိတိကျကျအနေဖြင့် အခုထိ မသိရသေးပါဘူး။
“ကိတ်လွှင်ခြင်း”…ဆိုတာကို မသိကြသေးတဲ့သူတွေ အတွတ် အောက်မှာ ဖော်ပြပေးထားပါတယ်။
#ကိတ်လွှတ်ခြင်း ဟူသည်စေတီ၊ပုထိုး၊ဘုရား၊ကျောင်း၊ ကန် စသော သာသနိကအဆောက်အဦးတို့မှ ထင်ရှား စွာ ဖြစ်ပေါ်လာသော နိမိတ်ပင်တည်း။ကျေးရွာတစ်ခု၏ အထင်ကရ သာသနိကမှ ဖြစ်ပေါ်သော နိမိတ်သည် … ထိုကျေးရွာအတွက်သာဖြစ်ပြီး၊ မြို့တစ်မြို့၏ အထင်ကရ သာသနိကဆိုင်ရာမှ ဖြစ်ပေါ်သော ကိတ်လွှတ်ခြင်း သည် လည်း ထိုဒေသနှင့် သက်ဆိုင်သည်။
ထို့အတူ ပြည်ထောင်တစ်ခု၏ အထင်ကရ သာသနိက နေရာ တစ်ခုတွင် ဖြစ်တည်သော နိမိတ်သည်လည်း… ပြည်ထောင်တစ်ခုလုံးနှင့် စပ်ဆိုင်သည်ဟု ရှေးပညာရှိ တို့ လမ်းညွှန်မှုကို မှတ်သားနာယူခဲ့ရာ၏။
#အပရိဟာနိယ တရား -၇ပါး၌ ဟောကြားတော်မူသော တိုင်းစောင့်ပြည်စောင့်နတ်တို့ အမျက်သင့်၍ ပြုသော #ဥပါဒ်ကြီးရှစ်ပါး
၁။ ဣန္ဒဥပါဒ်
၂။ အဂ္ဂိဥပါဒ်
၃။ ယမဥပါဒ်
၎။ နရာယနဥပါဒ်
၅။ ဝရုဏာဥပါဒ်
၆။ သောမ္မဥပါဒ်
၇။ သောမဥပါဒ်
၈။ ဝါယုဥပါဒ်
တို့သည် ထိုအရပ်ဒေသ တိုင်းနိုင်ငံမြို့ရွာတို့၌ ထင်မြင် ကုန်၏။ထိုအရပ်ဒေသ တိုင်းနိုင်ငံမြို့ရွာများ၌ ရန်များအံ့။ ပြည်ရွာ ချောက်ချားအံ့။အနာရောဂါ များအံ့။ငတ်မွတ်အံ့ ။ အသေအပျောက် များအံ့။ မစည်ပင် မသာယာအံ့။ မီးလောင်ဖန် များအံ့။ကောက်ပဲသီးနှံ့တို့ ပျက်စီးအံ့။ ဘုရား ပုထိုး စေတီ ကျောင်းကန်တို့ ပျက်စီးအံ့။ လူတို့ နှလုံး မသာယာ ရှိအံ့။ ….
စသည်တို့သည် ဥပါဒ်ကြီးရှစ်ပါး သင့်ခြင်း…ဖြစ်ကြောင်း #နေမိတ္တကဝိဇ္ဇာကျမ်း (အာကာသ သျှတရကျမ်း)၌ မှတ်သားဖူးသည် ။
ထို့ပြင် ဘုရား၊ပုထိုး၊စေတီတို့ ကိတ်လွှတ်နိမိတ်ပြ၍ ဖြစ် သော အကြောင်းသည် ဥပါဒ်ကြီးရှစ်ပါး အား များစွာ အကျိုး သက်ရောက်စေပြီး ဖြစ်ပျက် လျှင် မြန်သည်။
ယံဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ
ယောစာမနာပေါ၊ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုသုပိနံ အကန္တံ
ဗုဒ္ဓါ နူဘာဝေန ဝိနာသမေန္တု
ဓမ္မာ နူဘာဝေန ဝိနာသမေန္တု
သံဃာ နူဘာဝေန ဝိနာသမေန္တု
မကောင်းသော အတိတ် နိမိတ် တဘောင် စနည်းများ ငှက်ဆိုး လူဆိုး အိပ်မက်ဆိုး ပါပကြမ္မာဆိုး ဘေးဆိုး ရန်ဆိုး အန္တရာယ်ဆိုးတို့သည် ဗုဒ္ဓ၊ဓမ္မ၊ သံဃာတော်တို့၏ ဘုန်းတန်ခိုးတေဇော် မေတ္တာအာနူဘော်တို့ ကြောင့် … ပျောက်ပျက်လွင့်ပ ချမ်းသာကြပါစေသတည်း … ဟူ၍ ဖြစ်လေသည်။ကြည့်သောသူမြင်၏။
http://www.myanmarnews1.com/%E1%80%B1%E1%80%9B%E1%82%8A%E1%80%90%E1%80%AD%E1%80%82%E1%80%B6%E1%80%AF%E1%80%B1%E1%80%85%E1%80%90%E1%80%AE%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%9B%E1%80%B2%E1%82%95-%E1%80%A1%E1%80%9B%E1%80%94/2019/01/11/?fbclid=IwAR0wBSPqwke1zvCDVUxc5_R4YIb8RFf3BgdiMk_IMYAal8KDSLBX3rtKeRQ
No comments:
Post a Comment
Note: Only a member of this blog may post a comment.