အသက္အမွန္ကို ရွင္းတမ္းထုတ္လိုက္တဲ႔ မေအးေသာင္း
ေမလ (၂၇) ရက္ေန႕က မေအးေသာင္း အသက္ ( ၃၄) ႏွစ္ျပည့္ ေမြးေန႕လုပ္လိုက္တာ ေဖ့ဘြတ္စ္မွာ comment ေတြ ပလူပ်ံကုန္ပါတယ္။ မေအးေသာင္းကအသက္လိမ္ထားပါတယ္ဆိုသူေတြကတစ္ဖက္ မေအးေသာင္းဘက္က ရပ္တည္သူေတြကတစ္ဖက္ အျပန္အလွန္ comment စစ္ပြဲေတြျဖစ္ေနၾကပါတယ္။
မေအးေသာင္းကေတာ့ သူ႕အသက္ရွင္းတမ္းကို ေဖ့ဘြတ္စ္မွာ ပို႕စ္တင္ျပီး အခုလိုေျဖရွင္းသြားပါတယ္။
“ ပထမေတာ့ ျဖစ္ေနက်မုိ႔ မေျဖရွင္းေတာ့ပါဘူးလုိ႔ စိတ္ထားခ့ဲေပမယ့္ မၿပီးႏုိင္တဲ့စြတ္စြဲမႈေတြကရပ္မသြားခ့ဲတဲ့အျပင္၊ကုိယ့္အေမနဲ႔အေဖတုိ႔ကုိပါ မယဥ္ေက်းတ့ဲ အသုံးအႏႈန္းေတြနဲ႔ ထပ္တုိး ထိခုိက္္လာလုိ႔ စိတ္မေကာင္းျဖစ္ရပါတယ္။ ကုိယ္တုိင္လည္း သင္ခန္းစာယူျဖစ္ပါတယ္။ ကုိယ္လည္းတကယ္ မသိပဲ၊ မေသခ်ာပဲေျပာတ့ဲ စကားတစ္ခြန္း၊ စြတ္စြဲတစ္ခုခ်က္ဟာကုိယ္က ေပါ့ေပါ့ပါးပါးၿပီးစလြယ္ ေျပာထြက္ခ့ဲေပမယ့္ ေနာက္ဆက္တြဲအေနနဲ႔ ရုိးသားစြာ ေနထုိင္ ေနတဲ့ မိသားစုတစ္ခုအတြက္ထိခုိက္စိတ္အေႏွာက္အယွက္ ျဖစ္စရာ ျဖစ္ရတယ္ ဆုိတာပါ။
ဆက္မေျဖရွင္းပဲေနရင္ မိသားစုကုိ ဒီ့ထက္ဆုိးတ့ဲ ထိခုိက္မႈေတြ ထပ္ရွိလာမွာ စုိးတာေၾကာင့္ရယ္၊ ကုိယ့္ကုိေမတၱာထားေနၾကတ့ဲ Facebookက အမိ်ဳးေတြကပါ ကုိယ့္ကုိ လိမ္ေနတယ္လုိ႔ မထင္သြားေစခ်င္တာေၾကာင့္ ပထမဆုံးအႀကိမ္နဲ႔ ေနာက္ဆုံးအႀကိမ္အျဖစ္ ေျဖရွင္းပါရေစရွင့္။
၁၉၉၆ ေပါက္စီ အသက္(၁၂)ႏွစ္မွာ model စ လုပ္ခြင့္ရခ့ဲပါတယ္။၂၀၀၀ ခုႏွစ္မွာ (၁၀) တန္းကို ႏွစ္ျခင္းေပါက္ အ.ထ.က (၂) ရန္ကင္းမွ ေအာင္ျမင္ခဲ့ပါတယ္။ မႀကီးႏွင္းဝတ္ရည္ေသာင္းရဲ႕ Model အလုပ္ကုိ အေဖၚအျဖစ္ လုိက္လုိက္သြားခ့ဲပါတယ္။ တေန႔မွာ ဆရာဂ်ြန္လြင္ က ေတြ႔ၿပီး model လုပ္ခုိင္းရာက ေမာ္ဒန္ေလာကထဲစဝင္ျဖစ္ခ့ဲတာပါ။ ၁၉၉၈ အသက္ (၁၄) ႏွစ္မွာ Miss X’Mas ဆုကိုရခဲ့ပါတယ္။ အဲ့ဒီ့ ႏွစ္မွာပဲမင္းသားကုိလြင္မိုးမင္းသမီးမအူဝဲ၊ခ်စ္ခင္ေလးစားရေသာ ဟာသသရုပ္ေဆာင္ ဦးအ႐ိုင္း ၊ ဒါရုိက္တာ ဦမ်ိဳးမင္း တုိ႔နဲ႔ ဖလင္ရုပ္ရွင္ကားႀကီး စရုိက္ခ့ဲရပါတယ္။
(၁၉၈၄)ခုႏွစ္ မွာ ေမြးပါတယ္။ ကုိယ္ခ်စ္တ့ဲသူေတြကုိ လိမ္စရာအေၾကာင္းမရွိသလုိ၊အခုလုိဂရုစုိက္မႈေတြကုိလည္း ေက်းဇူးတင္ပါတယ္။ ဒီေအာင္ျမင္မႈဟာလည္း အၿမဲတည္ေနမွာ မဟုတ္တာမုိ႔ အခုလုိရခဲတ့ဲ ‘ကံေကာင္းေနခ်ိန္ေလးေတြ’ကုိ အားလုံးအတြက္ တန္ဖုိးရွိေအာင္ ႀကိဳးစားေနပါတယ္။ အားလုံးၿငိမ္းခ်မ္းၾကပါေစေနာ္။” ဆိုျပီးေရးတင္ထားပါတယ္။
မေအးေသာင္းဘယ္အရြယ္ပဲျဖစ္ျဖစ္ ေအးေသာင္းပရိသတ္ေတြကေတာ့ ခ်စ္ျမဲခ်စ္ဆဲပဲျဖစ္မွာပါ။
Unicode
မေလ (၂၇) ရက်နေ့က မအေးသောင်း အသက် ( ၃၄) နှစ်ပြည့် မွေးနေ့လုပ်လိုက်တာ ဖေ့ဘွတ်စ်မှာ comment တွေ ပလူပျံကုန်ပါတယ်။ မအေးသောင်းကအသက်လိမ်ထားပါတယ်ဆိုသူတွေကတစ်ဖက် မအေးသောင်းဘက်က ရပ်တည်သူတွေကတစ်ဖက် အပြန်အလှန် comment စစ်ပွဲတွေဖြစ်နေကြပါတယ်။
မအေးသောင်းကတော့ သူ့အသက်ရှင်းတမ်းကို ဖေ့ဘွတ်စ်မှာ ပို့စ်တင်ပြီး အခုလိုဖြေရှင်းသွားပါတယ်။
“ ပထမတော့ ဖြစ်နေကျမို့ မဖြေရှင်းတော့ပါဘူးလို့ စိတ်ထားခဲ့ပေမယ့် မပြီးနိုင်တဲ့စွတ်စွဲမှုတွေကရပ်မသွားခဲ့တဲ့အပြင်၊ကိုယ့်အမေနဲ့အဖေတို့ကိုပါ မယဉ်ကျေးတဲ့ အသုံးအနှုန်းတွေနဲ့ ထပ်တိုး ထိခိုက််လာလို့ စိတ်မကောင်းဖြစ်ရပါတယ်။ ကိုယ်တိုင်လည်း သင်ခန်းစာယူဖြစ်ပါတယ်။ ကိုယ်လည်းတကယ် မသိပဲ၊ မသေချာပဲပြောတဲ့ စကားတစ်ခွန်း၊ စွတ်စွဲတစ်ခုချက်ဟာကိုယ်က ပေါ့ပေါ့ပါးပါးပြီးစလွယ် ပြောထွက်ခဲ့ပေမယ့် နောက်ဆက်တွဲအနေနဲ့ ရိုးသားစွာ နေထိုင် နေတဲ့ မိသားစုတစ်ခုအတွက်ထိခိုက်စိတ်အနှောက်အယှက် ဖြစ်စရာ ဖြစ်ရတယ် ဆိုတာပါ။
ဆက်မဖြေရှင်းပဲနေရင် မိသားစုကို ဒီ့ထက်ဆိုးတဲ့ ထိခိုက်မှုတွေ ထပ်ရှိလာမှာ စိုးတာကြောင့်ရယ်၊ ကိုယ့်ကိုမေတ္တာထားနေကြတဲ့ Facebookက အမျိုးတွေကပါ ကိုယ့်ကို လိမ်နေတယ်လို့ မထင်သွားစေချင်တာကြောင့် ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်အဖြစ် ဖြေရှင်းပါရစေရှင့်။
၁၉၉၆ ပေါက်စီ အသက်(၁၂)နှစ်မှာ model စ လုပ်ခွင့်ရခဲ့ပါတယ်။၂၀၀၀ ခုနှစ်မှာ (၁၀) တန်းကို နှစ်ခြင်းပေါက် အ.ထ.က (၂) ရန်ကင်းမှ အောင်မြင်ခဲ့ပါတယ်။ မကြီးနှင်းဝတ်ရည်သောင်းရဲ့ Model အလုပ်ကို အဖေါ်အဖြစ် လိုက်လိုက်သွားခဲ့ပါတယ်။ တနေ့မှာ ဆရာဂျွန်လွင် က တွေ့ပြီး model လုပ်ခိုင်းရာက မော်ဒန်လောကထဲစဝင်ဖြစ်ခဲ့တာပါ။ ၁၉၉၈ အသက် (၁၄) နှစ်မှာ Miss X’Mas ဆုကိုရခဲ့ပါတယ်။ အဲ့ဒီ့ နှစ်မှာပဲမင်းသားကိုလွင်မိုးမင်းသမီးမအူဝဲ၊ချစ်ခင်လေးစားရသော ဟာသသရုပ်ဆောင် ဦးအရိုင်း ၊ ဒါရိုက်တာ ဦမျိုးမင်း တို့နဲ့ ဖလင်ရုပ်ရှင်ကားကြီး စရိုက်ခဲ့ရပါတယ်။
(၁၉၈၄)ခုနှစ် မှာ မွေးပါတယ်။ ကိုယ်ချစ်တဲ့သူတွေကို လိမ်စရာအကြောင်းမရှိသလို၊အခုလိုဂရုစိုက်မှုတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီအောင်မြင်မှုဟာလည်း အမြဲတည်နေမှာ မဟုတ်တာမို့ အခုလိုရခဲတဲ့ ‘ကံကောင်းနေချိန်လေးတွေ’ကို အားလုံးအတွက် တန်ဖိုးရှိအောင် ကြိုးစားနေပါတယ်။ အားလုံးငြိမ်းချမ်းကြပါစေနော်။” ဆိုပြီးရေးတင်ထားပါတယ်။
မအေးသောင်းဘယ်အရွယ်ပဲဖြစ်ဖြစ် အေးသောင်းပရိသတ်တွေကတော့ ချစ်မြဲချစ်ဆဲပဲဖြစ်မှာပါ။
https://nanmalgyi.com/archives/19836?fbclid=IwAR3gfbIUARaEcJNFWpr73X6EnXUtAgQVz1_06LBrNg2844e7p0DFNxwW0Fo
No comments:
Post a Comment
Note: Only a member of this blog may post a comment.