လမ်းခွဲသွားချိန်မှာ ချစ်သူဟောင်းရဲ့ တက်တူးပုံတွေကို ပြောင်းလဲလိုက်သောအခါ
တချိန်က ချစ်သူဖြစ်ခဲ့ကြ အိမ်ထောင်ပြုခဲ့ကြပေမယ့် နောက်ပိုင်းလမ်းခွဲလိုက်ရတဲ့အခါ တချိန်က တက်တူးပုံတွေကို ဖျက်ဖို့လိုလာပါတယ်။မဟုတ်ရင် နောက်တယောက်ကလည်း လက်ခံမှာ မဟုတ်ပါဘူး။
ဒါကြောင့် ပြန်ဖျက်လိုက်တဲ့ တက်တူးပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒီကောင်လေးကတော့ သူ့ချစ်သူနဲ့ တွဲစဉ်မှာ သူ့ချစ်သူ ကောင်မလေးပုံ တက်တူးထိုးထားခဲ့တာဖြစ်ပြီးတော့ သူတို့ရဲ့ သက်တမ်း သုံးနှစ် အကျော်မှာ ပြတ်ဖို့ ဖြစ်သွားပါတယ်။ဒီတော့ ဒီမျက်နှာပုံကို အမှတ်တရသိမ်းထားဖို့ မဖြစ်နိုင်တော့ပါဘူး။ခွေးပုံပြောင်းလိုက်ပါတယ်။
သူ့အိမ်မွေးခွေးလေးဖြစ်ပြီးတော့ သူ့အပေါ်သစ္စာရှိနိုင်သူက သူလို့ဆိုပါတယ်။
ဒါကတော့ တချိန်က ထိုးထားတဲ့ မျက်နှာလေးကို ဗြဲခေါင်းတက်လိုက်တာဖြစ်ပါတယ်။သူ့ဘဝရဲ့ စုန်းမလို့ သတ်မှတ်လိုက်ပုံရပါတယ်။
တချိန်ကတော့ ချစ်သူဖြစ်ပြီး နောက်တော့ ဆာမူရိုင်းဖြစ်သွားတာဖြစ်ပါတယ်။
ဒီပုံကို ကြည့်ရင် တက်တူးထိုးထားသူဟာ သူ့ချစ်သူဟောင်းကို အတော်လေး နာကြည်းသွားပုံရပါတယ်။
ပုံကို လုံးဝ အပြီးပြင်ဆင်လိုက်ခြင်းမျိုးမဟုတ်ပဲ ဂျိုတွေ အစွယ်တွေ ပေါက်အောင် လုပ်ပေးလိုက်တာဖြစ်ပါတယ်။
ဒါကတော့ ဘယ်လို စိတ်ကူးစိတ်သန်းနဲ့ ရည်ရွယ်ပြီး ပြောင်းလဲခဲ့လဲ မသိပါဘူး။သူ့ချစ်သူရဲ့ ယခင်ပုံကို ထပ်အုပ်ပြီးတော့ ဝူခုံးလို ပြောင်းလဲပစ်လိုက်တာဖြစ်ပါတယ်။
ဒီထဲက အမျိုးသမီးပုံက ဂျန်နီဖာဖြစ်ပါတယ်။သူမကို သေသွားပြီလို့ပြောပါတယ်။သေသွားပြီဆိုတာ ဘဝထဲက သေဆုံးသွားခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ဒီတော့ သူဟာ အရိုးခြောက်ပုံပြောင်းလဲပစ်လိုက်တာဖြစ်ပါတယ်။
ဒါကတော့ တချိန်က ကောင်မလေးရဲ့ ချစ်စဖွယ်အမူအယာကို ရေးထိုးခဲ့တာဖြစ်ပါတယ်။ဒီပုံဟာ 2 နှစ်ကျော်မှာ အသားတွေ ဆွေးမြေ့သွားသလို အရိုးစုလို ဖြစ်သွားပါတယ်။ဒါဟာ သူတို့ ပြတ်သွားလို့ ပြောင်းလဲသွားတဲ့ပုံဖြစ်ပါတယ်၊
https://nanmalgyi.com/archives/23512?fbclid=IwAR0fROJWDhBPWrB1B8nYLXZijSRNf7fE7MuMHu_e_x_RX8acG6aV8yyYPDs
No comments:
Post a Comment
Note: Only a member of this blog may post a comment.