သုံးစွဲသူပြည်သူကို အကြိမ်ကြိမ်လိမ်လည် အနိုင်ကျင့်နေတဲ့ တယ်လီနော
https://www.facebook.com/aungchit.phyoe.5/posts/2223628121287895
သုံးစွဲသူပြည်သူကို အကြိမ်ကြိမ်လိမ်လည် အနိုင်ကျင့်နေတဲ့ တယ်လီနော
Telenor Broadband တွေစရောင်းတော့ မိသားစု အ၀သုံး Unlimited ဆိုပြီး ၇၅၀၀၀ နဲ့စရောင်းတယ်
နောက်ကြတော့ မျှတစွာသုံးစွဲခြင်းမှုအရဆိုပြီး တစ်ရက်ကို 10 GB ပဲရတော့မယ်ဆိုပြီးလျော့ချတယ်။
နောက်တစ်ခါ စက်တန်ကြေးကို ၇၅၀၀၀ ကနေ ၉၀၀၀၀ သောင်းဆိုပြီး တိုးမြှင့်လိုက်တယ်။
နောက်တစ်ခါ သုံးစွဲသူ User Device ကို ငါးခုထက် ပို ချိတ်ဆက် အသုံးပြုလို့မရတော့ဘူးဆိုပြီး ကန့်သတ်ပြန်တယ်
ခုကြတော့တော့ မျှတစွာသုံးစွဲခြင်းမှုအရဆိုပြီး တစ်ရက် 3.7 GB တစ်လလုံးမှ 111 GB ပဲသုံးစွဲခွင့်ပြုတော့မယ်တဲ့။
နောက်ထပ် ဘယ်လိုလာအုံးမလဲ မသိ
မိသားစုအ၀သုံးစက်က တစ်ရက်ကို 3.7 GB ကို ဘယ်လိုသုံးကြရတော့မလဲ။
သုံးစွဲသူ ပြည်သူကို အခါခါလိမ်လည်နေသလိုမဖြစ်ဘူးလား။
လုပ်ချင်သလို လုပ်လို့ရကြလား။ သူတို့အနိုင်ကျင့်သမျှ သုံးစွဲသူတွေက ဒီအတိုင်းပဲ ခံကြရတော့မှာလား။
နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုက ခုလိုလုပ်တာ ကျင့်ဝတ်သိက္ခာနဲ့ မညီဘူးလို့ မြင်မိပါတယ်။
ခက်တာကလည်း ကိုယ့်နိုင်ငံမှာက စားသုံးသူအခွင့်ရေးဆိုတာမရှိဘူး။ ဘယ်သူမှလည်း မကာကွယ်ပေးတော့ စီးပွားရေးသမားတွေ လုပ်သမျှ ပြည်သူက ခါးစီးခံနေရတယ်။
အရင်ကလည်း အခုလိုမျိုး အကြိမ်ကြိမ်လိမ်လည် အနိုင်ကျင့်တာတွေ ခဏတိုင်းလုပ်ခဲ့ဘူးပါတယ်။
တာဝန်ရှိသူများနေနဲ့ ပြည်သူတွေတဖက်သက်အနိုင်ကျင့်ခံနေရတာကို ဒီလိုပဲ ကြည့်နေကြတော့မှာလား ..
မကျေနပ်သော သုံးစွဲသူတွေအနေနဲ့ စားသုံးသူကာကွယ်ရေး အဖွဲ့အောက်ပါလင့်မှာ သွားရောက်တိုင်ကြးပေးကြပါ - http://www.doca.gov.mm/complaint/…
Cd
- ကျော်ကြီး(MDY)
- ကျော်ကြီး(MDY)
https://www.facebook.com/aungchit.phyoe.5/posts/2223628121287895
No comments:
Post a Comment
Note: Only a member of this blog may post a comment.