တယ်လီနော Broadband ဝန်ဆောင်မှုနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ချက် ထွက်ပေါ်လာ
[ Zawgyi ]
Telenor Brodband ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သုံးစွဲသူများဘက်မှ စားသုံးသူရေးရာသို့တိုင်ကြားရာတွင် တယ်လီနောမြန်မာမှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ စားသုံးသူရေးရာဦးစီးဌာနတို့ ဇန်နဝါရီလ ၂၁ ရက်က တွေ့ဆုံညှိနှိုင်းခဲ့ကာ တယ်လီနောမြန်မာမှ စားသုံးသူပြည်သူများသို့ ဖြေရှင်းဆောင်ရွက်ပေးသွားမယ့် အချက်အလက်တွေနဲ့ ပတ်သက်ပြီး စားသုံးသူရေးရာဦးစီးဌာနက ဇန်နဝါရီလ ၂၂ ရက် (ယနေ့) ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်တွင် သုံးစွဲသူပြည်သူတွေအနေနဲ့ မူလကဝယ်ယူထားသော ဝန်ဆောင်မှုအတိုင်း သက်တမ်းအတွင်း ဆက်လက်သုံးစွဲနိုင်မှာဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မတိုင်မီ ကန့်သတ်မဲ့ ဝန်ဆောင်မှုဝယ်ယူထားသူများနဲ့ ၂၀၁၈ ဒီဇင်ဘာ ၁ ရက်ကစပြီး 10GB Per Pay Day ဝန်ဆောင်မှု ဝယ်ယူထားသူများအနေနဲ့ မူလဝယ်ယူထားတဲ့ ဝန်ဆောင်မှုအတိုင်း သက်တမ်းအတွင်း ဆက်လက်သုံးစွဲနိုင်မှာ ဖြစ်ကြောင်း၊ သို့ရာတွင် သက်တမ်းထပ်မံတိုးပြီး သုံးစွဲမည်ဆိုပါက မျှတသုံးစွဲသည့် မူဝါဒ (111GB Per Month) ဖြင့်သာ ဆက်လက်သုံးစွဲနိုင်မှာဖြစ်ကြောင်း CICC စားသုံးသူရေးရာဦးစီးဌာနရဲ့ တရားဝင် Facebook စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပါတယ်။
မျှတသုံးစွဲသည့်မူဝါဒ (111GB Per Month) ကို ဆက်လက် အသုံးမပြုလိုသူတွေ အနေနဲ့ ၂၀၁၉၊ ဧပြီလ ၁၅ ရက်မတိုင်မီ ချို့ယွင်းချက်မရှိတဲ့ စက်တွေကို ပြန်အပ်နှံမယ်ဆိုရင် ကျပ်တစ်သောင်းခွဲကို တယ်လီနော မြန်မာမှ ပြန်လည် ထုတ်ပေးရမယ်လို့ CICC စားသုံးသူရေးရာဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
-ကျော်ဇေယျ
https://www.internetjournal.media/%E1%80%90%E1%80%9A%E1%80%B9%E1%80%9C%E1%80%AE%E1%80%B1%E1%80%94%E1%80%AC-broadband-%E1%80%9D%E1%80%94%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%99%E1%82%88%E1%82%8F%E1%80%BD%E1%80%84/
No comments:
Post a Comment
Note: Only a member of this blog may post a comment.