အသက် ၇၆ နှစ်မှာ ဆယ်တန်းအောင်မြင်ခဲ့သူ ဘွားဘွား
Credit-popolay
Unicode Version
ဖိလစ်ပိုင်နိုင်ငံက အသက် (၇၆)နှစ်အရွယ် Lola Salvacion က ပညာသင်ယူရာတွင် အသက်အရွယ်က အတားအဆီးမဟုတ်ပဲ ဆုံးခန်းတိုင်အောင် သင်ယူချင်စိတ်ရှိဖို့သာလိုကြောင်း သက်သေပြသခဲ့သည်။
ပုံမှန်အားဖြင့် သူမ၏ အသက်အရွယ်ဆိုလျှင် အိမ်တွင်နားနားနေနေ နေကြသလို၊ အလုပ်ခွင်မှ ပင်စင်ယူကြသည့် အချိန်အခါမျိုးဖြစ်သည်။ သူမကတော့ မပြီးဆုံးခဲ့သည့် ပညာရေးအတွက် ပြီးဆုံးအောင် ဆက်လက်ကြိုးစားသင်ယူရာမှ ဖိလစ်ပိုင်နိုင်ငံ မကာတီမြို့မှာရှိသော Fort Bonifacio အထက်တန်းကျောင်းမှ ၁၀ တန်းကို ယခုနှစ်တွင် အောင်မြင်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါအထက်တန်းကျောင်းမှ ကျောင်းသားများနှင့် ပညာရေးဝန်ထမ်းများက အသက် ၇၆ နှစ်အရွယ် အဖွားအို ၁၀ တန်းအောင်မြင်ကာ အထက်တန်းပညာရေး ပြီးဆုံးသွားတဲ့အတွက် ထပ်တူထပ်မျှဂုဏ်ယူသလို အဖွားအိုအား သတိရနေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
https://www.isabellaonlinemm.com/3838/?fbclid=IwAR3l85tTPAxqMzwWZmJ9A85T0wjVSeitM1z8DinnokY8BeUyS0ARNT4LXcc
No comments:
Post a Comment
Note: Only a member of this blog may post a comment.