Tuesday, January 15, 2019



မိုးပျံမီးရထားလမ်း တည်ဆောက်မည့် တရုတ်နိုင်ငံအခြေစိုက် China Railway Eryuan Engineering Group ကုမ္ပဏီနှင့် ကရင်တိုင်းရင်းသာလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးတို့က မိုးပျံရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်များနှင့် ဆွေးနွေးချက်များကို ၎င်းကတစ်ဆင့်ပြန်လည် ပြောကြားခြင်းဖြစ်သည်။
Credit_The Voice
Unicode
စီးနင်းခ ကျပ် ၅၀၀ ပေးရမည့် ရန်ကုန်မိုးပျံရထားလမ်းတည်ဆောက်ရန် ဆွေးနွေး
ရန်ကုန်၊ ဇန်နဝါရီ ၁၄
လူတစ်ဦးလျှင် စီးနင်းခ အကြမ်းဖျင်း ကျပ် ၅၀၀ သတ်မှတ်ထားသည့် ရန်ကုန်မိုးပျံရထားလမ်းတည်ဆောက်ရန် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်(၂) ရန်ကုန်တိုင်းသေကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က ဆိုသည်။
မိုးပျံမီးရထားလမ်း တည်ဆောက်မည့် တရုတ်နိုင်ငံအခြေစိုက် China Railway Eryuan Engineering Group ကုမ္ပဏီနှင့် ကရင်တိုင်းရင်းသာလူမျိုးရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးတို့က မိုးပျံရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်များနှင့် ဆွေးနွေးချက်များကို ၎င်းကတစ်ဆင့်ပြန်လည် ပြောကြားခြင်းဖြစ်သည်။
မိုးပျံရထားလမ်း တည်ဆောက်ရန်အတွက် လက်ရှိမြို့ပတ်ရထားလမ်းကိုအသုံးပြုရန်နှင့် သီးခြားလမ်း ဖောက်လုပ်ရန်ဆွေးနွေးထားပြီး တည်ဆောက်ရေးကာလကို ၂၄ လ နှင့် ၃၆ လ ကြာမြင့်ကာ နှစ် ၅၀ လုပ်ကိုင်ခွင့်ပြုရန် China Railway Eryuan Engineering Group ကုမ္ပဏီက ဆွေးနွေးခဲ့ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ဆိုသည်။
မိုးပျံရထားလမ်းပြေးဆွဲပါက ယာဉ်ကြောကျပ်တည်းမှုကို အထိုက်အလျောက် ဖြေရှင်းနိုင်မည်ဖြစ်သည့်အတွက် ယင်းစီမံကိန်းကို တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ကြိုဆိုသော်လည်း လမ်းအသစ်ဖောက်လုပ်ပါက မြေယာကိစ္စများဖြေရှင်းရမည်သောကြောင့် အချိန်ကြန့်ကြာနိုင်ကြောင်း ၎င်းကဆိုသည်။
တည်ဆောက်ပြီးပါက တစ်ရက်လျှင် လူလေးသိန်းခန့်စီးနင်းနိုင်မည်ဟု China Railway Eryuan Engineering Group ကုမ္ပဏီက ခန့်မှန်းတွက်ချက်ထားကြောင်း ၎င်းကဆိုသည်။
ရန်ကုန်တိုင်းအတွင်း ရန်ကုန်မိုးပျံအမြန်လမ်း (YEX) Phase 1 စီမံကိန်းကို ၂၀၂၂ ခုနှစ်တွင် အပြီးတည်ဆောက်ရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ထားသည်။
ပုံ – ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ FB
မိုးပျံရထားလမ်းတည်ဆောက်ရန် ဆွေးနွေးနေပုံ
Credit_The Voice

https://thadinyatkwat.com/archives/17290

No comments:

Post a Comment

Note: Only a member of this blog may post a comment.

online shop registration

 မှတ်ပုံတင်ပုံ အဆင့်ဆင့်ကို ပုံများဖြင့် မျှဝေပေးလိုက်ပါတယ်နော် အသေးစိတ်ကတော့ Live လေးမှာ နားထောင်ကြည့်ပါရှင် ☺️ Live Link : https://fb.watc...

Popular

Contact Form

Name

Email *

Message *

Labels

ADS (417) Alcatel (3) All winner (3) Androd Xiaomi (255) Android Antivirus (6) Android application (15) Android Command (3) Android Coolpad (39) Android Font (61) Android Game (2) Android Google Application (13) Android Huawei Imei Repair (1) Android Huawei Y series (6) Android kingo root (4) Android MTK Driver (6) Android Samsung (17) Android Samsung A series (26) Android Samsung C series (5) Android Samsung E series (5) Android Samsung G series (82) Android Samsung Hard reset (7) Android Samsung I series (7) Android Samsung Imei repair (6) Android Samsung J series (66) Android Samsung Multi file (1) Android Samsung N series (34) Android Samsung P series (2) Android Samsung Root (8) Android Samsung S series (10) Android Samsung SC series (6) Android Samsung Solutions (3) Android Samsung T series (3) Android Tool (238) Antivirus (7) AOTO (6) AOVO (8) Aplus (6) Archos (1) Asus (6) Attila (14) BenWee (2) BLU (1) Bluemix (2) Book (5) book eng (1) book med (11) Boss style (1) box (2) Bravo (2) browser (3) Browser Adobe Flash Player (1) Browser Firefox (1) CAZSH (1) Cherry (5) China Phone (73) CircleTech (2) CKTEL (1) Ding Ding (2) Download best (17) Education Make up (5) emmc (1) Entertainment (5) Facebook (2) films (1) Finance (2) Firmware Collection (23) FRP (62) Funny (3) GFIVE (3) Gionee (4) Grand (1) HAIWEI (3) Hardware (16) Hello (40) Hisense (17) Hiway (2) Hopo (22) HTC (7) Huawei A series (25) Huawei B series (13) Huawei board software collection (14) Huawei C series (43) Huawei Clone (18) Huawei D series (3) Huawei Driver (1) Huawei E series (17) Huawei emmc data (1) Huawei F series (7) Huawei Flashtool (45) Huawei G series (51) Huawei H Series (8) Huawei J series (1) Huawei K series (3) Huawei L series (18) Huawei M series (5) Huawei N series (3) Huawei P series (10) Huawei R series (5) Huawei region code (3) Huawei S series (10) Huawei T series (10) Huawei U series (8) Huawei Update (104) Huawei V series (11) Huawei W series (3) Huawei Y series (56) I Mobile (1) ILOVFA (11) IMEI repair (13) imobile (1) Infinix (1) Infone (1) Inovo (38) ios firmware (3) ios icloud (4) IOS itune (8) IOS Itune Error (1) ios news (10) IOS Tool (10) IPhone Clone (22) K Touch (3) Kenbo (10) Kimfly (47) Kismo (3) KKP (19) knowledge (38) Lava (8) Leagoo (1) Leagool (2) LeEco (1) Leegoog (19) Lenovo (12) LG (5) Liven (23) LoLo love (14) M-Horse (11) magic (2) MAI (11) Marconi-W50E (1) MBO (97) MCT (2) medical knowledge (5) Meizu (58) MFT (4) MGT (33) mi account remove (55) Micro Art (2) mine (1) Momo (7) movies (12) MP3 (2) MPT (5) MyPhone (22) Newings (3) Nipda (3) Nokia (10) Nova (7) Open (1) Oppo (162) Oppo Clone (1) ORRO (7) OSE (3) PC (2) PHICOMM (5) photoshop (1) pinpaternpassword (1) player (1) Power (3) Prestigio (1) Professional (4) QBZ (1) Ramos (5) rapidleech (1) Recovery software (1) Red Star (1) Samsung B seires (1) Samsung Clone (204) Samsung combination (360) Samsung Full (45) Science (13) Server (2) SINGTECH (90) SKG (4) SM-J530F full (1) Sony (73) Speed (7) SYH (94) tayar (1) TCL (1) Teaching (2) tecno (92) Teeno (1) Telenor (7) TIMMY (4) titan (20) True Smart (51) trueme (1) TWZ (34) uneed (1) uptobox (2) VG (9) Video (12) Vinovo (8) VIOVO (3) Virtual card (1) Vital (15) Vitu (3) Vivo (190) Vivo Clone (1) Voto (1) vps (8) WainFord (1) Wave (33) web (2) Wiko (5) Window (82) window font (1) X-BO (76) XDU (8) ZTE (25)