ရည်းစားကို ကိုယ်ဝန်ရှိပြီလို့ စနောက်လိုက်တဲ့အပေါ် ရည်းစားရဲ့တုန့်ပြန်မှုကြောင့် မင်သက်ခဲ့ရ
ကိုယ်နဲ့နှစ်ချီတွဲလာတဲ့ရည်းစားက အမြဲတမ်းစကားကို အတည်တကျမပြောဘဲ ရွှတ်နောက်ကာ လိုက်စနေခဲ့မယ်ဆိုရင် သင်သူ့ရဲ့ရုပ်တည်ကြီးနဲ့ စကားလာပြောတဲ့အခါ အမြဲတမ်းယုံကြည်နိုင်ပါဦးမလား။ဒါပေမဲ့ ကိုယ်ကလည်း အဲဒီလိုအမြဲနောက်ပြောင်နေတတ်တဲ့လူ ဖြစ်နေပြန်ရင်လည်း အခြေအနေတွေဟာ ပိုပြီးပျော်စရာကောင်းသွားမှာပါနော်။
Youtube ရဲ့ Prankster နှစ်ယောက်ကတော့ နောက်ပြောင်တတ်တဲ့ အတွဲဟာ ဘယ်လောက်ပျော်စရာကောင်းကြောင်းနဲ့ တစ်ခါတစ်လေမှာလည်း စလွန်းနောက်လွန်းတာကြောင့် ပြဿနာတွေတက်တတ်ကြောင်း ရိုက်ကူးပြထားပါတယ်။
အောက်က Prank video မှာတော့ အမျိုးသမီးဟာ အတူနေရည်းစားကို ကိုယ်ဝန်တားဆေးမစားတာ (၄) လရှိနေပြီဖြစ်ကြောင်း၊ မသင်္ကာလို့ ကိုယ်ဝန်စစ်ကြည့်လိုက်တာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒီvideo ကိုမှတ်တမ်းတင်ဖိုကိုတော့ သူတို့ထိုင်နေတဲ့ ဆိုဖာရဲ့အရှေ့တည့်တည့်မှာ ကင်မယာလေးကို ဝှက်ပြီးထားထားပါတယ်။
ကိုယ်ဝန်ရှိကြောင်းကြားလိုက်ရတဲ့အမျိုးသားဟာ သေချာလား၊ တကယ်ပြောနေတာလား ငါ့ကို Prank လုပ်နေတာလားလို့ အကြိမ်ကြိမ်မေးခဲ့ပေမယ့် အမျိုးသမီးကတော့ အတည်ပြောနေကြောင်း၊ ကိုယ်ဝန်ကိစ္စကိုဘာကြောင့် လိမ်ပြောရမှာလည်းလို့ မင်သေသေနဲ့ ပြန်တုန့်ပြန်ခဲ့ပါတယ်။
ဒီတော့အမျိုးသားဟာ ချက်ချင်းပဲ စိတ်ပျက်ဝမ်းနည်းဖွယ်အရိပ်ယောင်ပြကာ “ဒါဆိုရင် မင်းဖောက်ပြန်နေတာပဲ” လို့ဆိုင်းမဆင့်ဗုံမဆင့်ထပြောခဲ့ပါတယ်။ အကြောင်းကတော့ သူစာ ငယ်ငယ်တုန်းက မတော်တဆမှုတစ်ခုဖြစ်ခဲ့တာကြောင့် ကလေးမရနိုင်တာမို့လို့ အခုရတဲ့ကိုယ်ဝန်ဟာ သူနဲ့ရတာမဟုတ်ဘဲ တခြားလူနဲ့သာရတာသေချာကြောင်း ပြောနေခဲ့ပါတယ်။
အဲဒီလိုပြောလိုက်တဲ့အချိန် အမျိုးသမီးဟာ လုံးဝအံ့သြနပန်းကြီးစွာဖြစ်သွားခဲ့ပြီး တွဲလာတာ (၃)နှစ်ရှိနေပြီသူမသိခဲ့ကြောင်း၊ ဘာလို့မပြောပြတာလဲဆိုပြီးထိုင်ငိုပါတော့တယ်။
အဲတော့မှအမျိုးသားဟာ ထရယ်ကာ သူအရင်ကတည်းက ဝှက်ထားတဲ့ကင်မရာကိုတွေ့တာကြေင့် ပြန်စတာလို့ပြောပါတယ်။
ရယ်ရွှင်စရာဗီဒီယိုလေးကို ကြည့်ကြပါဦးနော်။
Source: Elite Readers
https://celemyinkwin.com/2019/01/16/%E1%80%9B%E1%80%8A%E1%80%B9%E1%80%B8%E1%80%85%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%B9%E1%80%9D%E1%80%94%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD%E1%81%BF/
No comments:
Post a Comment
Note: Only a member of this blog may post a comment.