အရက္ေခၚတုိက္သည္ကို ျငင္းဆန္သျဖင့္ ဓားျဖင့္ထုိး
အရက္ေခၚတုိက္သည္ကုိ ျငင္းဆန္သျဖင့္ ဓားျဖင့္ထုိးသတ္ခဲ့မႈ ဇန္နဝါရီ ၁၆ ရက္က ေနျပည္ေတာ္ေကာင္စီနယ္ေျမ ပ်ဥ္းမနားၿမိဳ႕ ဦးေက်းရပ္ရြာတြင္ျဖစ္ပြားခဲ့ေၾကာင္း ပ်ဥ္းမနားၿမိဳ႕မွရဲစခန္းထံမွ သိရွိရသည္။
အဆုိပါရြာေန ကုိဟိန္းေအာင္ညိဳ (၂၂ ႏွစ္ခန္႔) သည္ ယင္းေန႔က အသိမိတ္ေဆြတစ္ဦး၏ ေနအိမ္သုိ႔ေရာက္ရွိေနစဥ္ တစ္ရြာတည္းေန ကုိသန္႔ဇင္ဦး (၃၃ ႏွစ္ခန္႔) ေရာက္လာၿပီး အရက္တုိက္မည္ဟုေျပာကာ အရက္ဆုိင္သုိ႔ေခၚခဲ့သည္။
ကုိဟိန္းေအာင္ညိဳက ျငင္းၿပီး ရြာထဲရွိေစ်းဆုိင္သုိ႔ ေစ်းဝယ္သြားျပန္လာစဥ္ ကုိသန္႔ဇင္ဦးက ဓားျဖင့္ထုိးခဲ့ေၾကာင္း၊ ကုိဟိန္းေအာင္ညိဳ၏ ဇနီး မသဲယုႏုိင္က တရားလုိလုပ္တုိင္ၾကားသျဖင့္ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ထားေၾကာင္း အဆုိပါရဲစခန္းထံမွ သိရွိရသည္။
( ယခုေဖာ္ျပပါသတင္းကုိ The Voice Daily ၏ တရား၀င္ခြင့္ျပဳခ်က္ျဖင့္ ျပန္လည္ေဖာ္ျပပါသည္ )
(www.nalonetardiary.com)
Unicode
အရက်ခေါ်တိုက်သည်ကို ငြင်းဆန်သဖြင့် ဓားဖြင့်ထိုးသတ်ခဲ့မှု ဇန်နဝါရီ ၁၆ ရက်က နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ဦးကျေးရပ်ရွာတွင်ဖြစ်ပွားခဲ့ကြောင်း ပျဉ်းမနားမြို့မှရဲစခန်းထံမှ သိရှိရသည်။
အဆိုပါရွာနေ ကိုဟိန်းအောင်ညို (၂၂ နှစ်ခန့်) သည် ယင်းနေ့က အသိမိတ်ဆွေတစ်ဦး၏ နေအိမ်သို့ရောက်ရှိနေစဉ် တစ်ရွာတည်းနေ ကိုသန့်ဇင်ဦး (၃၃ နှစ်ခန့်) ရောက်လာပြီး အရက်တိုက်မည်ဟုပြောကာ အရက်ဆိုင်သို့ခေါ်ခဲ့သည်။
ကိုဟိန်းအောင်ညိုက ငြင်းပြီး ရွာထဲရှိစျေးဆိုင်သို့ စျေးဝယ်သွားပြန်လာစဉ် ကိုသန့်ဇင်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း၊ ကိုဟိန်းအောင်ညို၏ ဇနီး မသဲယုနိုင်က တရားလိုလုပ်တိုင်ကြားသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရှိရသည်။
( ယခုဖော်ပြပါသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည် )
(www.nalonetardiary.com)
https://www.nalonetardiary.com/7178/?fbclid=IwAR1WCGZ0KNGeNLk3DP_VTBhryrdt4V37709jPHG9RALnMQ4gllTJONCv7tw
No comments:
Post a Comment
Note: Only a member of this blog may post a comment.