ထာဝရထက်နှစ်ဆက ကော်ပီမှန်းမသိခဲ့ဘူးဆိုတဲ့ မင်းမော်ကွန်း
အခုတလော ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ လှုပ်ခတ်နေတဲ့ ကောလဟလသတင်းတစ်ပုဒ်ကတော့ မင်းမော်ကွန်း၊မြင့်မြတ်နဲ့ ရွှေမှုံရတီတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ထာဝရထက်နှစ်ဆ ဇာတ်ကားကြီးဟာ Bollywood မှာအရမ်းကိုအောင်မြင်ခဲ့တဲ့ Sanam Teri Kasam ဆိုတဲ့ဇာတ်ကားကို ကော်ပီလုပ်ထားတယ် ကူးချထားတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဇာတ်ညွှန်းရေးသူ ထက်မြက်နိုင်ဇင်ကတော့ သိန်း (၂၀) ရလို့ ကော်ပီမှန်းသိရက်နဲ့ရေးပါတယ်လို့ ပြောထားပြီး ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်ကတော့ ကော်ပီဖြစ်နေတာက အရေးကြီးလို့လားလို့ ပရိသတ်တွေကိုပြန်လှန်မေးခွန်းထုတ်ထားခဲ့ပါတယ်။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး အဓိကဇာတ်ဆောင်မင်းမော်ကွန်းကတော့ မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာဖြေကြားလာခဲ့ပါတယ်။
မင်းမော်ကွန်းကလည်း မြင့်မြတ်လိုပဲ ဒီဇာတ်ကားကို စရိုက်နေတုန်းကရော ရိုက်နေစဉ်မှာပါ ကော်ပီမှန်းမသိပါဘူးလို့ ပြောထားပါတယ်။ လာငှားတုန်းကလည်း ကော်ပီလို့ပြောပြီးငှားတာမဟုတ်ပါဘူးတဲ့။ မင်းမော်ကွန်းက မီဒီယာတွေကို “ထာဝရထက် နှစ်ဆ ဇာတ်ကားရိုက်ဖို့ ကျနော့်ကို လာငှားတုန်းက ဒီကားက ကော်ပီဆိုပြီး ပြောပြီးငှားတာလည်း မဟုတ်ဘူး။ အဲ့အိန္ဒိယကားကို ကျနော်လည်း မကြည့်ဖူးဘူး။ အခု ဝေဖန်သံတွေ ထွက်နေတာကို ကျနော် ဘာမှပြောစရာ မရှိဘူး။ အကယ်ဒမီကိုတော့ တော်တဲ့သူတွေ အကုန်ရစေချင်တယ်”လို့ ဖြေကြားထားပါတယ်။ နီးကပ်လာပြီဖြစ်တဲ့အကယ်ဒမီပေးပွဲကြီးနဲ့ပတ်သက်တဲ့ ရင်ခုန်သံကိုလည်း မင်းမော်ကွန်းက “ကျနော် ရိုက်ကူးထားတဲ့ ကားလေးတွေ ရုံတင်ဖို့ ရှိပါတယ်။ ထာဝရထက် နှစ်ဆ ရယ်၊ လေးပါးကျော့ရှိန် ဝရဇိန်ရယ်၊ Rose Riders ရယ် ရုံတင်ဖို့ ရှိတယ်။ အကယ်ဒမီမှာ ကျနော် ရင်ခုန်ရမယ့် ဇာတ်ကား မပါပါဘူး”လို့ပြောပြထားပါတယ်။
လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့တော့ မင်းမော်ကွန်းက “တကိုယ်တော် အခွေထွက်ဖို့တော့ မရှိသေးပါဘူး။ မြေပဲယိုအခွေအတွက်တော့ လုပ်နေပါတယ်။ မြေပဲယို အဖွဲ့ရပ်တာက လူမစုံလို့ပါ။ အခု တိုက်တိုက်ဆိုင်ဆိုင် စကားပြောပြီးတဲ့ အချိန်မှာ ကျော်သူစိုးက သူမအားတာကြောင့် မဆိုနိုင်တော့ဘူး။ သူအိမ်ထောင်ကျ အလုပ်လည်း များတဲ့အခါ သူမဆိုနိုင်တော့ဘူး။ဒါပေမဲ့ တပုဒ်တော့ ဆိုထားတာ ရှိတယ်။ ကိုကျော်တို့ လုပ်ပါ။ ဒီနာမည်ကို သုံးပြီးတော့ ဆက်လုပ်ပါလို့ ပြောတယ်။ ကျော်သူစိုးအားလို့ လာဆိုရင် မြေပဲယို အဖွဲ့က Welcome ပါပဲ။ ကျော်သူစိုးက မြေပဲယိုရဲ့ Member ပါပဲ”လို့ ရှင်းပြထားပါသေးတယ်။
မင်းမော်ကွန်းက အနုပညာကိုဝါသနာပါတဲ့ သမီးလေး လေပြေသွေးနဲ့ပတ်သက်ပြီးတော့လည်း “အနုပညာနဲ့ ပတ်သတ်ပြီး သမီးကို အနုပညာလောကထဲမှာထားရမယ့် စိတ်ဓာတ်နဲ့ စည်းကမ်းပိုင်းကိုပြောပြတယ်။ ကျနော် မျှော်မှန်းတာက သူက ပညာရေး အရမ်းကောင်းတဲ့အတွက် ပညာရေးနဲ့ ထွန်းထွန်းပေါက်ပေါက် ဖြစ်စေချင်ပါတယ်။ အနုပညာ ဝါသနာပါတယ်ဆိုလည်း ကန့်ကွက်ဖို့မရှိပါဘူးနှစ်ခုစလုံး သူအောင်မြင်အောင် လုပ်နိုင်ရင်တော့ အတိုင်းထက် အလွန်ပါပဲ။ ဇာတ်ကားတွေလည်း အများကြီးတော့ ပေးမရိုက်သေးပါဘူး။ ပညာရေးပြီးရင်တော့ အနုပညာလုပ်ချင်ရင် လုပ်ခိုင်းမှာပါ။ သားသမီးတွေ ဖြစ်ချင်တဲ့ ဆန္ဒကို လုပ်ပေးတယ်။ အဓိက သူတို့ဆန္ဒပဲလေ”လို့ ရင်ဖွင့်ထားပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော မင်းမော်ကွန်းကိုချစ်ကြလား။မင်းမော်ကွန်းပါဝင်သရုပ်ဆောင်ထားတဲ့ ထာဝရထက်နှစ်ဆ ဇာတ်ကားကြီးရုံတင်ရင်သွားရောက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။
Can’t Wait To Say
https://celemyinkwin.com/2019/01/16/%E1%80%91%E1%80%AC%E1%80%9D%E1%80%9B%E1%80%91%E1%80%80%E1%80%B9%E1%80%94%E1%80%BD%E1%80%85%E1%80%B9%E1%80%86%E1%80%80-%E1%80%B1%E1%80%80%E1%80%AC%E1%80%B9%E1%80%95%E1%80%AE%E1%80%99%E1%80%BD%E1%80%94/
No comments:
Post a Comment
Note: Only a member of this blog may post a comment.