စစ်တမ်းတွေက ကော်ဖီဟာ ကျန်းမာရေးကို ဘယ်လိုသက်ရောက်ပါတယ်ဆိုပြီး အမျိုးမျိုးပြောနေပေမယ့် ကော်ဖီချစ်သူတွေကတော့ ကော်ဖီဟာ ကောင်းကျိုးပဲဖြစ်ဖြစ်၊ ဆိုးကျိုးပဲဖြစ်ဖြစ် အမြဲတမ်းသောက်နေဦးမှာပါ။ ဘယ်သူတွေ ဘယ်လိုပဲပြောပြော ကော်ဖီတစ်ခွက်သောက်လိုက်ရုံနဲ့ တချို့သော ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုတာကတော့ အမှန်တရားပါပဲ။ ဒီတော့ ကော်ဖီတစ်ခွက်က ဘယ်လိုကျန်းမာရေးပြဿနာတွေကို ပြေလည်စေနိုင်သလဲဆိုတာ သိရအောင် ဖတ်ကြည့်လိုက်ပါနော်။
(၁) ခေါင်းကိုက်ခြင်း
ခေါင်းကိုက်တဲ့အခါ ခေါင်းကိုက်ပျောက်ဆေးသောက်တာထက်၊ ကော်ဖီတစ်ခွက်သောက်တာက ခေါင်းကိုက်တာကို မြန်မြန်သက်သာစေနိုင်ပါတယ်။
(၂) မေ့တတ်ခြင်း
တစ်နေ့မှာ ကော်ဖီတစ်ခွက်သောက်တာက မေ့တတ်တဲ့အကျင့်ကို ပျောက်ကင်းစေပြီး မှတ်ဉာဏ်ကို နဂိုကထက်နှစ်ဆပိုကောင်းစေပါတယ်။
(၃) စိတ်ဖိစီးမှုနဲ့စိတ်ကျရောဂါ
ကဖင်းဓာတ်က ဦးနှောက်ကနေ ဒိုပါမင်းနဲ့ ဆီရိုတိုနင်ထုတ်လွှတ်မှုကို ပိုများစေတာကြောင့် စိတ်ဖိစီးမှုတွေကို သက်သာစေပြီး စိတ်ကျရောဂါမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။
(၄) သွေးဖိအားကျခြင်း
တခါတလေ သွေးအရမ်းကျနေတဲ့အခါမျိုးမှာ ကော်ဖီပူပူလေးတစ်ခွက်ကို သောက်ပေးလိုက်တာက အချိန်တိုအတွင်းမှာ သွေးဖိအားကို ပုံမှန်ပြန်ဖြစ်စေနိုင်ပါတယ်။
(၅) ကိုယ်ခံအားကျဆင်းခြင်း
သင်က မကြာခဏဖျားနာတတ်တဲ့သူဆိုရင်တော့ နေ့တိုင်းကော်ဖီတစ်ခွက်လောက်သောက်ပေးဖို့ လိုနေပါပြီ။ ဘာလို့လဲဆိုတော့ ကော်ဖီက သင့်ရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေပြီး အပရိက အဖျားရောဂါနဲ့ နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိလို့ပါ။
(၆) စိတ်မကြည်လင်ခြင်း
သင့်အနေနဲ့ နေ့စဉ်ရက်ဆက် စိတ်ပင်ပန်းလို့ စိတ်လက်မကြည်မသာဖြစ်နေတဲ့အချိန်မျိုးမှာ ကော်ဖီတစ်ခွက်လောက် သောက်လိုက်ပါ။ စိတ်ရှုပ်ထွေးနေတာတွေ ရှင်းလင်းသွားပြီး အလုပ်နဲ့တခြားအရာတွေမှာ ကောင်းကောင်းအာရုံစိုက်နိုင်တာ၊ တွေးတောကြံဆနိုင်စွမ်း ပိုကောင်းတာတာ၊ ဖန်တီးနိုင်စွမ်းတိုးတက်လာတာ စတဲ့ အကျိုးဆက်တွေကို သေချာပေါက်ရရှိနိုင်မှာပါ။
MAY THAZINHTOO
Unicode version
https://shwepantheeaesthetic.com/archives/1830
No comments:
Post a Comment
Note: Only a member of this blog may post a comment.