ဝိုင်တစ်ခွက် သောက်ခြင်းက GYM တစ်နာရီခန့် ဆော့ခြင်းနဲ့ ညီမျှနေပါတယ်
ကနေဒါနိုင်ငံ Alberta တက္ကသိုလ်မှ သုသေသနပြုလုပ်ချက်တွေအရ လေ့ကျင့်ခန်းလုပ်တဲ့အခါမှmထွက်တဲ့ Resveratrol ဆိုတဲ့ကျန်းမာရေးအထောက်အကူပြု ဓာတ်တစ်မျိုးကို ဝိုင်နီမှာလည်းတွေ့ရတယ်လို့ဆိုပါတယ်။
ဂျင်ဆော့တာဟာ ကိုယ်လက်လှုပ်ရှားမှုကို သက်တောင့့်သက်သာဖြစ်စေပြီး နှလုံးအလုပ်လုပ်ပုံ ကြွက်သားသန်မာမှုတွေကို တိုးတက်ကောင်းမွန်စေပါတယ်။ ဝိုင်နီမှာပါတဲ့ Resveratrol ဟာလည်း တူညီတဲ့ရလာဒ်တွေကို ပေးစွမ်းတယ်လို့ဆိုပါတယ်။
ဝိုင်နီ တစ်ရက်တစ်ခွက်ပုံမှန်သောက်ခြင်းဟာ နှလုံးအတွက်အထူးကောင်းစေသလို အိုမင်းရင့်ရော်ခြင်းမှလည်းကာကွယ်ပေးပါတယ်။ စိတ်ကစဉ့်ကလျားဖြစ်တာ ကင်ဆာရောဂါဖြစ်နိုင်ချေတွေကိုလည်း လျော့ကျစေပါတယ်။ ဒါ့အပြင်သွေးလှည်ပတ်မှုကိုလည်း ကောင်းစေတယ်လေ။
လေ့ကျင့်ခန်းမလုပ်နိုင်သူတွေ၊ လေ့ကျင့်ခန်းလုပ်ရမှာပျင်းသူတွေအတွက်တော့ သတင်းကောင်းပဲနော်။
Credit:လင်း ( Shwe Innlay)
https://thadinyatkwat.com/archives/16588
No comments:
Post a Comment
Note: Only a member of this blog may post a comment.