ဖိလစ္ပိုင္ႏုိင္ငံ၊ မွာတည္ရွိတဲ့ မာယြန္မီးေတာင္ဟာ အျမင့္ေပ (၈)ေထာင္ေက်ာ္ ျမင့္မားၿပီး လက္တေလာမွာလည္း မီးေတာင္ျပြန္ဝကေန မီးခုိနဲ႔ ျပာေတြမႈတ္ထုတ္ေနဆဲျဖစ္လုိ႔ SOS Alert ထုတ္ျပန္ထားရဆဲပါဘဲ။ ၿပီးခဲ့တဲ့လ ဇန္နဝါရီ(၁၈)ရက္ေန႔ အေစာပုိင္းက မာယြန္မီးေတာင္မွ မႈတ္ထုတ္လုိက္တဲ့ မီးခုိးေတြဟာ ခ်စ္သူႏွစ္ဦးရဲ႕ ပုံစံမ်ိဳးျဖစ္သြားတာကို ဓာတ္ပုံဆရာ Bro. Jun Santiago က အမိအရ ဖမ္းယူႏုိင္ခဲ့ပါတယ္။
အဆုိပါဓာတ္ပုံဟာ ဖိလစ္ပုိင္လူမႈကြန္ယက္ေပၚမွာ အမ်ားစိတ္ဝင္စားစရာ ျဖစ္ခဲ့ၿပီး၊ ေရွးယခင္ ဖိလစ္ပုိင္လူမ်ိဳးအဆက္ဆက္က ေျပာခဲ့တဲ့ ပါးစပ္ရာဖဝင္ပုံျပင္တစ္ခုလည္း မာယြန္မီေတာင္နဲ႔ပတ္သက္ၿပီး ရွိေနခဲ့ပါတယ္။ ဒီပုံျပင္ေလးကေတာ့ အခ်စ္ပုံျပင္ေလးဆုိေပမယ့္ ဇာတ္သိမ္းလွခဲ့တဲ့ ပုံျပင္ေတာ့ မဟုတ္ပါဘူး။
ပုံျပင္ထဲမွာ မာဂယြန္လုိိ႔အမည္ရတဲ့ ေငြေၾကးခ်မ္းသာသူ လုံမပ်ိဳေလးဟာ သာမန္လူဆင္းရဲ႕ လုလင္တစ္ေယာက္နဲ႔ လူငယ္ခ်င္းသဘာဝ ခ်စ္သူ ျဖစ္သြားခဲ့ပါတယ္။ ဒါကုိ မာဂယြန္ရဲ႕ မိဘေတြက သေဘာမတူပါဘူး။ ဒါေၾကာင့္ မာဂယြန္ကုိ အမ်ိဳးမ်ိဳးခ်ဳပ္ခ်ယ္မႈေတြ ျပဳလုပ္ခဲ့ၿပီး ဆင္းရဲသားေကာင္ေလးနဲ႔ ဇာတ္လမ္းပ်က္ေအာင္ ႀကံစည္ခဲ့ပါတယ္။
မာဂယြန္ဟာ ခ်စ္သူေကာင္ေလးကို ဘယ္လုိမွ မပ်က္ႏုိင္ခဲ့ပါဘူး။ ဒါေၾကာင့္ လုလင္ပ်ိဳနဲ႔ မၾကာခဏေတြ႕ရေအာင္ ႀကံစည္ခဲ့ပါတယ္။ ဒီလုိနဲ႔ မာဂယြန္ရဲ႕ မိဘေတြက တစ္ဖန္သိသြားျပန္ေတာ့ ခ်ဳပ္ခ်ယ္မႈစည္းေတြကို ထပ္တုိးလုိက္ျပန္ပါတယ္။ ေန႔ဘက္ မေတြ႕ရေတာ့ မာဂယြန္က ညဘက္ေတြ႕ရေအာင္ ႀကံစည္ျပန္ပါတယ္။ ဒါလည္း မာဂယြန္ရဲ႕ မိဘေတြက သိသြားခဲ့ပါတယ္။
ဒီလုိနဲ႔ ႏွစ္ေယာက္သား ရက္အတန္ၾကာ မေတြ႕ရပါဘူး။ အခ်စ္ႀကီးခ်စ္သူမ်ားျဖစ္ၾကလုိ႔ တစ္နည္းနည္းနဲ႔ ေတြ႕ေအာင္ ႀကံစည္ၾကျပန္ပါတယ္။ ေတြ႕ဆုံမႈေအာင္ျမင္သြားခဲ့ၿပီး ႏွစ္ေယာက္သား ဒီထက္ပုိၿပီး မခြဲႏုိင္လုိ႔ ထြက္ေျပးၾကဖုိ႔ ႀကံစည္ပါတယ္။ မာဂယြန္တုိ႔ ထြက္ေျပးတဲ့ေနာက္ကိုလုိက္ဖုိ႔ သူေဌးႀကီးက လူသတ္သမားေတြ၊ မုဆုိးေတြ ငွားလႊတ္ၿပီးလုိက္ေစခဲ့ပါတယ္။
ေျပးရင္းလႊားရင္းနဲ႔ လုလင္ပ်ိဳဟာ မုဆုိးေတြပစ္လုိက္တဲ့ ျမားထိၿပီး ကြယ္လြန္ခဲ့ပါတယ္။ မာဂယြန္ကလည္း ခ်စ္သူမရွိတဲ့ဘဝမွာ လူဆက္ မလုပ္လုိေတာ့ၿပီလုိ႔ စိတ္ပုိင္းၿပီး မိမိကိုယ္ကုိယ္ ဓားနဲ႔ထုိးသတ္ၿပီး အဆုံးစီရင္ခဲ့ပါတယ္။ သူတုိ႔စုံတြဲကို မုဆုိးေတြ၊ လူသတ္သမားေတြက ေကာင္းစြာ မီးသၿဂႋဳဟ္ၿပီး ထားရစ္ခဲ့ပါတယ္။
ႏွစ္ေပါင္းေထာင္ခ်ီ ၾကာျမင့္တဲ့အခါမွာေတာ့ သူတုိ႔ကုိ မီးသၿဂႋဳဟ္ခဲ့ရာေနရာကေန မီးေတာင္ပုံစံ ေတာင္ထြဋ္ႀကီး ျဖစ္ေပၚလာခဲ့ၿပီး၊ ခ်စ္သူစုံတြဲကို အသိအမွတ္ျပဳေသာအားျဖင့္ မာယြန္မီးေတာင္လုိ႔ ေခၚတြင္ေစခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒါဟာ ယုံတမ္းပုံျပင္တစ္ပုဒ္ဆုိေပမယ့္ ဖိလစ္ပုိင္လူမ်ိဳးေတြကေတာ့ မာယြန္မီးေတာင္ကို အခ်စ္နတ္တုိ႔ ပူးဝင္ေနတဲ့ မီးေတာင္လုိ႔ ယုံၾကည္ၾကပါတယ္။
အခုလုိ မီးခုိးခ်စ္သူဓာတ္ပုံေတြ ျပန္လည္ေပၚထြက္လာတဲ့အခါမွာေတာ့ ေဒသခံေတြက မာဂယြန္တုိ႔ရဲ႕ခ်စ္ျခင္း တစ္ဖန္ျပန္လည္ ႏုိးထလာၿပီလားလုိ႔ ယုံၾကည္ေနၾကပါတယ္။ ပုံျပင္ေတြ ပါးစပ္ရာဇဝင္ေတြဆုိတာ ယုံၾကည္သူေတြအတြက္ေတာ့ အလြန္ကုိ အႏွစ္သာရရွိၾကၿပီး၊ မယုံၾကည္သူေတြကလည္း တစ္သီးတစ္ျခားရွိေနဆဲပါ။
နတ္စည္ေတာ္ (Shwemom)
Unicode version
ဖိလစ်ပိုင်နိုင်ငံ၊ မှာတည်ရှိတဲ့ မာယွန်မီးတောင်ဟာ အမြင့်ပေ (၈)ထောင်ကျော် မြင့်မားပြီး လက်တလောမှာလည်း မီးတောင်ပြွန်ဝကနေ မီးခိုနဲ့ ပြာတွေမှုတ်ထုတ်နေဆဲဖြစ်လို့ SOS Alert ထုတ်ပြန်ထားရဆဲပါဘဲ။ ပြီးခဲ့တဲ့လ ဇန်နဝါရီ(၁၈)ရက်နေ့ အစောပိုင်းက မာယွန်မီးတောင်မှ မှုတ်ထုတ်လိုက်တဲ့ မီးခိုးတွေဟာ ချစ်သူနှစ်ဦးရဲ့ ပုံစံမျိုးဖြစ်သွားတာကို ဓာတ်ပုံဆရာ Bro. Jun Santiago က အမိအရ ဖမ်းယူနိုင်ခဲ့ပါတယ်။
အဆိုပါဓာတ်ပုံဟာ ဖိလစ်ပိုင်လူမှုကွန်ယက်ပေါ်မှာ အများစိတ်ဝင်စားစရာ ဖြစ်ခဲ့ပြီး၊ ရှေးယခင် ဖိလစ်ပိုင်လူမျိုးအဆက်ဆက်က ပြောခဲ့တဲ့ ပါးစပ်ရာဖဝင်ပုံပြင်တစ်ခုလည်း မာယွန်မီတောင်နဲ့ပတ်သက်ပြီး ရှိနေခဲ့ပါတယ်။ ဒီပုံပြင်လေးကတော့ အချစ်ပုံပြင်လေးဆိုပေမယ့် ဇာတ်သိမ်းလှခဲ့တဲ့ ပုံပြင်တော့ မဟုတ်ပါဘူး။
ပုံပြင်ထဲမှာ မာဂယွန်လို့အမည်ရတဲ့ ငွေကြေးချမ်းသာသူ လုံမပျိုလေးဟာ သာမန်လူဆင်းရဲ့ လုလင်တစ်ယောက်နဲ့ လူငယ်ချင်းသဘာဝ ချစ်သူ ဖြစ်သွားခဲ့ပါတယ်။ ဒါကို မာဂယွန်ရဲ့ မိဘတွေက သဘောမတူပါဘူး။ ဒါကြောင့် မာဂယွန်ကို အမျိုးမျိုးချုပ်ချယ်မှုတွေ ပြုလုပ်ခဲ့ပြီး ဆင်းရဲသားကောင်လေးနဲ့ ဇာတ်လမ်းပျက်အောင် ကြံစည်ခဲ့ပါတယ်။
မာဂယွန်ဟာ ချစ်သူကောင်လေးကို ဘယ်လိုမှ မပျက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် လုလင်ပျိုနဲ့ မကြာခဏတွေ့ရအောင် ကြံစည်ခဲ့ပါတယ်။ ဒီလိုနဲ့ မာဂယွန်ရဲ့ မိဘတွေက တစ်ဖန်သိသွားပြန်တော့ ချုပ်ချယ်မှုစည်းတွေကို ထပ်တိုးလိုက်ပြန်ပါတယ်။ နေ့ဘက် မတွေ့ရတော့ မာဂယွန်က ညဘက်တွေ့ရအောင် ကြံစည်ပြန်ပါတယ်။ ဒါလည်း မာဂယွန်ရဲ့ မိဘတွေက သိသွားခဲ့ပါတယ်။
ဒီလိုနဲ့ နှစ်ယောက်သား ရက်အတန်ကြာ မတွေ့ရပါဘူး။ အချစ်ကြီးချစ်သူများဖြစ်ကြလို့ တစ်နည်းနည်းနဲ့ တွေ့အောင် ကြံစည်ကြပြန်ပါတယ်။ တွေ့ဆုံမှုအောင်မြင်သွားခဲ့ပြီး နှစ်ယောက်သား ဒီထက်ပိုပြီး မခွဲနိုင်လို့ ထွက်ပြေးကြဖို့ ကြံစည်ပါတယ်။ မာဂယွန်တို့ ထွက်ပြေးတဲ့နောက်ကိုလိုက်ဖို့ သူဌေးကြီးက လူသတ်သမားတွေ၊ မုဆိုးတွေ ငှားလွှတ်ပြီးလိုက်စေခဲ့ပါတယ်။
ပြေးရင်းလွှားရင်းနဲ့ လုလင်ပျိုဟာ မုဆိုးတွေပစ်လိုက်တဲ့ မြားထိပြီး ကွယ်လွန်ခဲ့ပါတယ်။ မာဂယွန်ကလည်း ချစ်သူမရှိတဲ့ဘဝမှာ လူဆက် မလုပ်လိုတော့ပြီလို့ စိတ်ပိုင်းပြီး မိမိကိုယ်ကိုယ် ဓားနဲ့ထိုးသတ်ပြီး အဆုံးစီရင်ခဲ့ပါတယ်။ သူတို့စုံတွဲကို မုဆိုးတွေ၊ လူသတ်သမားတွေက ကောင်းစွာ မီးသြင်္ဂိုဟ်ပြီး ထားရစ်ခဲ့ပါတယ်။
နှစ်ပေါင်းထောင်ချီ ကြာမြင့်တဲ့အခါမှာတော့ သူတို့ကို မီးသြင်္ဂိုဟ်ခဲ့ရာနေရာကနေ မီးတောင်ပုံစံ တောင်ထွဋ်ကြီး ဖြစ်ပေါ်လာခဲ့ပြီး၊ ချစ်သူစုံတွဲကို အသိအမှတ်ပြုသောအားဖြင့် မာယွန်မီးတောင်လို့ ခေါ်တွင်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ယုံတမ်းပုံပြင်တစ်ပုဒ်ဆိုပေမယ့် ဖိလစ်ပိုင်လူမျိုးတွေကတော့ မာယွန်မီးတောင်ကို အချစ်နတ်တို့ ပူးဝင်နေတဲ့ မီးတောင်လို့ ယုံကြည်ကြပါတယ်။
အခုလို မီးခိုးချစ်သူဓာတ်ပုံတွေ ပြန်လည်ပေါ်ထွက်လာတဲ့အခါမှာတော့ ဒေသခံတွေက မာဂယွန်တို့ရဲ့ချစ်ခြင်း တစ်ဖန်ပြန်လည် နိုးထလာပြီလားလို့ ယုံကြည်နေကြပါတယ်။ ပုံပြင်တွေ ပါးစပ်ရာဇဝင်တွေဆိုတာ ယုံကြည်သူတွေအတွက်တော့ အလွန်ကို အနှစ်သာရရှိကြပြီး၊ မယုံကြည်သူတွေကလည်း တစ်သီးတစ်ခြားရှိနေဆဲပါ။
နတ်စည်တော် (Shwemom)
https://shwepantheeaesthetic.com/archives/1666?fbclid=IwAR32pHPK0aMtPVaQs237KbUP46Ka52_4Qa8n-qrRmiSqv31PJIUjjAIdb-Q
No comments:
Post a Comment
Note: Only a member of this blog may post a comment.