Wednesday, January 9, 2019

ကာမလိမ်လည်မှုဖြင့် ဝရမ်းထုတ်ထားသည့် ဦးဝရဉာဏအား ဖမ်းဆီး လူဝတ်လဲ

ကာမလိမ်လည်မှုဖြင့် ဝရမ်းထုတ်ထားသည့် ဦးဝရဉာဏအား ဖမ်းဆီး လူဝတ်လဲ



  • 114k




Want create site? Find Free WordPress Themes and plugins.
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားသည့် ကန့်ဘလူမြို့နယ်၊ မင်းကုန်း (ဂ) ကျေးရွာရှိ မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ နတ်တလူသာသနာပြုစခန်းမှ အစောင့်ရဟန်းယောဂီ ဦးဝရဉာဏအား ဇန်နဝါရီ ၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ကန့်ဘလူ မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
ဖမ်းဆီးရာတွင် သာသနာနယ်မြေဖြစ်နေသဖြင့် ခရိုင်သာသနာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်သံဃနာယကအဖွဲ့၊ နတ် တလူသာသနာပြုစခန်း၏ သြဝါဒဆရာတော်များနှင့်အတူ ရဲတပ်ဖွဲ့ဝင်အင်အာ ၈၀ ကျော်ဖြင့် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ခြင်း ဖြစ်ရာ သာသနာပြုစခန်းတွင် လူစုလူဝေးလည်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူ မြို့နယ်ရဲတပ်ဖွဲ့မှ ယာယီမြို့နယ်မှုး ဒုရဲမှုး အောင်ကျော်မိုး က “ဖမ်းဝရမ်းထုတ်တားတဲ့ တရားခံမို့ သာသနာပြုစခန်းထဲအထိ ဝင်ရောက် ရှာဖွေပြီး ဖမ်းဆီးခဲ့တာပါ၊ အဓိကတရားခံဖြစ်တဲ့ အတွက် ဖမ်းမိပြီးတာနဲ့ ချက်ချင်းတရားရုံးမှာ ချုပ်ရမန်ယူခဲ့ပါတယ်” ဟု ပြောသည်။
နတ်တလူသာသနာပြုစခန်း ဂေါပကအဖွဲ့ဝင် ဦးဟန်ဝင်းကလည်း “ကန့်ဘလူခရိုင်ရဲတပ်ဖွဲ့မှုးကိုယ်တိုင် ဦးစီးပြီး ဖမ်းဆီးခဲ့တာပါ၊ သင်္ကန်းဝတ်ဖြစ်နေတာကြောင့် သံဃနာယကအဖွဲ့ကနေ သာသနာပြုစခန်းထဲမှာပဲ လူဝတ်လဲပေးခဲ့တာပါ၊ ဘုန်းကြီးကို မကျေနပ်တဲ့ ရွာသားတွေ ရှိနေတာကြောင့် ချုပ်ရမန်ယူပြီး ရဲစခန်းမှာ ဖမ်းထားပါတယ်၊ အခုအမှုက အခြားတရားခံတွေကိုတော့ မဖမ်းမိသေးပါဘူး” ဟု ပြောသည်။
ဦးဝရဉာဏသည် မင်းကုန်း (ဂ) ကျေးရွာနေ အမျိုးသမီးငယ်တဦးအပေါ် ကာမလိမ်လည်ရယူပြီး ကိုယ်ဝန်ရှိလာသည့်အခါ အခြားတဦးဖြင့် အတင်းအဓမ္မ လက်ထပ်ခိုင်းစေခြင်းများ ပြုလုပ်ခဲ့မှုကြောင့် ကန့်ဘလူမြို့နယ်တရားရုံးက ဖမ်းဝရမ်းထုတ် ထားခြင်းဟု သိရသည်။
ဦးဝရဉာဏသည် မင်းကုန်းရွာ ဇာတိဖြစ်သည့် မဟာဗောဓိမြိုင်ဆရာတော်ကြီးနှင့် တရွာတည်းသားဖြစ်ပြီး ဆရာတော်ကြီး ရွာတွင်ရှိစဉ်အခါက ရဟန်းဘောင်ဝင်ခဲ့ပြီး ဆရာတော်ကြီး တောရဆောက်တည်စဉ်မှ စကာ နတ်တလူ သာသနာပြုစခန်း၏ ကျောင်းစောင့် ရဟန်းယောဂီဖြစ်လာခဲ့သူဟု သိရသည်။
အဆိုပါအမှုဖြစ်စဉ်နှင့် ပက်သက်၍ ၂၀၁၈ခုနှစ် သြဂုတ် ၃၀ ရက်နေ့က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၈လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ ကွန်မြူနတီစင်တာ (လူထုနေရာ) တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
နတ်တလူ သာသနာပြုစခန်း၌ ယခုကဲ့သို့ အမှုအခင်းကိစ္စရပ်များ ဖြစ်ပေါ်လာမှုကြောင့် နေရာအနှံ့ တောရဆောက်တည်ကာ တပါးတည်း တရားဓမ္မ ကျင့်ကြံနေသည့် မဟာဗောဓိမြိုင် ဆရာတော်ကြီးသည် ၎င်း၏ တပည့်ဖြစ်သူ ဦးဝရဉာဏ အရှုပ်အထွေးကိစ္စ ကြားသိရသည့်အခါ မြို့နယ်သံဃနာယကထံသို့ လက်ရေးဖြင့် စာတစ်စောင် ဆက်ကပ်ခဲ့ရာတွင် ထို အမှုနှင့်ပတ်သက်လျှင် အမှုထင်ရှားပါက ဓမ္မစက် အာဏာစက်တို့ဖြင့် လိုအပ်သလို ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။
အမှုဖြစ်စဉ်မှာ မင်းကုန်း (ဂ) ကျေးရွာနေ မအိစန္ဒာဆိုသူဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်းက ရွှေဘိုမြို့နယ်ရှိ ဆိပ်ခွန်ကျေး ရွာတွင် ရက်ကန်း ပညာ သွားရောက် သင်ကြားနေစဉ် ဒီဇင်ဘာလတွင် မအိစန္ဒာ၏ အိမ်မှ ခြုံစောင် လူကြုံပါးလိုက်သဖြင့် လာယူရန် မိဘများနှင့် ဆရာ-ဒကာ ဆက်ဆံရေး ရှိသည့် ဦးဝရဉာဏက ဖုန်းဆက်လာသဖြင့် ရက်ကန်းသင်နေသည့်ရွာမှ ရွှေဘိုမြို့ပေါ်သို့ သုံးဘီးစီးကာ ချိန်းထားသည့် နေရာသို့ သွားရောက်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးဝရဉာဏသည် မအိစန္ဒာအား ဘူတာ တခုအနီးရှိ ဒကာ၊ ဒကာမများအိမ်ဟုဆိုသော တည်းခိုးခန်းတခုသို့ ခေါ်ဆောင်သွားပြီးနောက် ခြုံစောင်လူကြုံပေး လိုက်သည်ဆိုသည်မှာ လိမ်ပြောခြင်း ဖြစ်ကြောင်း၊ ဦးဝရဉာဏက သူနှင့်အိပ်ရမည်၊ မအိပ်လျှင် ပြန်မပို့ဘူး၊ သတ်ပြစ်ခဲ့လည်း ဘယ်သူမှမသိဘူးဟု ခြိမ်းခြောက်၍ မအိစန္ဒာ၏ ဆန္ဒမပါဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ အဓမ္မပြုကျင့်ပြီးနောက် တဦးတယောက်ကို ပြောပြလျှင် သတ်ပစ်မည်ဟု ထပ်မံခြိမ်ခြောက် ပြောဆိုမှုများကို ပြုလုပ်ခဲ့ရာမအိစန္ဒာမှ ကြောက်လန့်ပြီး မည်သူကိုမှ ပြန်မပြောဘဲ နေခဲ့သည်ဟု မအိစန္ဒာမှ ရှင်းပြသည်။
ဦးဝရဉာဏသည် သားမယားပြုကျင့်ပြီးနောက် ဆေးနှစ်လုံးတိုက်ကာ ရက်ကန်းသင်နေသည့် ရွာသို့ ပြန်ပို့ ပေးခဲ့သည်ဟု ဆိုသည်။
ထို့နောက် ၂၀၁၆ ခုနှစ် မေလတွင် မင်းကုန်းရွာသို့ ပြန်လာခဲ့ပြီးနောက် ယင်းနှစ် နိုဝင်ဘာလခန့်တွင် ဦးဝရဉာဏသည် မအိစန္ဒာ အိမ်တွင် တယောက်တည်း ရှိနေစဉ် အိမ်ပေါ်သို့ တက်လာပြီး ဒုတိယအကြိမ် ထပ်မံ ကျူးလွန်ခဲ့သည်ဟု ဆိုသည်။
ယင်းသို့ ကျူးလွန်ခံရမှုများနှင့် ပတ်သက်၍ ဦးဝရဉာဏ အပေါ် မကျေနပ်သော်လည်း ခြိမ်းခြောက်ထားမှု၊ ရှက်ကြောက်မှုတို့ကြောင့် မြိုသိပ်ထားခဲ့ရကြောင်း၊ ဒုတိယအကြိမ် ကျူးလွန်ပြီးနောက် တလခန့်အကြာတွင် နတ်တလူ သာသနာပြုစခန်းအနီး လယ်တောတွင် ကောက်လှိုင်းတိုက် သွားရောက်စဉ် ဦးဝရဉာဏရောက်ရှိလာပြီး လယ်တောရှိ တဲအတွင်း၌ တတိယအကြိမ်မြောက်ကျူးလွန်ခဲ့ခြင်းဟု သိရသည်။
တတိယအကြိမ်မြောက် ကျူးလွန်ပြီးနောက် ဦးဝရဉာဏမှ မအိစန္ဒာအား လူထွက်၍ လက်ထပ်ယူပါမည်ဟု ပြောကြားခဲ့ရာ မအိစန္ဒာမှ သူမ၏ အပျိုဘဝပျက်ဆီးခဲ့မှုကြောင့် ဦးဝရဉာဏအပေါ် ယုံကြည်ခဲ့မိကြောင်း၊ မအိစန္ဒာတွင် ကိုယ်ဝန်ရှိလာချိန်၌ ဦးဝရဉာဏအား ၂၀၁၇ ခုနှစ် ဇွန်လ ၅ ရက်နေ့က ဆက်သွယ်ခဲ့ကြောင်း၊ ထိုနေ့ညနေတွင် ဦးဝရဉာဏသည် မအိစန္ဒာကို အခြားလူ သုံး၊ လေးဦးနှင့်အတူ ကားဖြင့် ရွှေဘိုမြို့သို့ လိုက်သွားခိုင်းခဲ့ပြီး မဟာဗောဓိမြိုင် ဆရာတော်အား လှူထားသောကားဖြင့် ဦးဝရဉာဏကိုယ်တိုင် နတ်တလူကျောင်းမှ ရွှေဘိုသို့ ထိုညတွင် လိုက်လာခဲ့သည်ဟု ဆိုသည်။
ယင်းသို့ ခေါ်ဆောင်သွားခြင်းမှာ မအိစန္ဒာတွင် ရှိနေသည့် ကိုယ်ဝန်ဖျက်ချရန် အတွက်ဆိုသည်ကို ရောက်ရှိပြီးမှ မအိစန္ဒာသိခဲ့ရပြီး ကိုယ်ဝန်မှာ လရင့်နေပြီြုဖစ်သောကြောင့် လက်သည်မှ ဖျက်ချမပေးခဲ့ရာ မအိစန္ဒာအား အိမ်တအိမ်၏ အခန်းတခုအတွင်း ပိတ်လှောင်ထားခံခဲ့ရပြီးနောက် ၎င်းနှင့် တခါမှ မမြင်ဘူး၊ မတွေ့ ဘူးသည့် ကိုအောင်ဖြိုးဝေဆိုသူနှင့် အတင်းအဓမ္မ ခြိမ်းခြောက်၍ လက်ထပ်စာချုပ်၌ လက်မှတ်ထိုးခိုင်းခဲ့သည်ဟု ဆိုသည်။
ကိုအောင်ဖြိုးဝေနှင့် လက်ထပ်ပြီးနောက် မအိစန္ဒာ၏ မိခင်အား ညမိုးချုပ်အချိန်၌ သွားရောက်ကန်တော့ပြီးနောက် ချက်ချင်းရွာမှ ထွက်ခဲ့ရပြီး မိတ္ထီလာမြို့နယ်ရှိ ညောင်ပင်သာရွာသို့ ကိုအောင်ဖြိုးဝေက မအိစန္ဒာကိုခေါ်သွားပြီး ၎င်း၏ မိဘများ အိမ်ဟု ဆိုသည့် ကြိုတင်ငှားရမ်း ထားသော အိမ်တွင် ထားခဲ့ပြီး ညောင်ပင်သာရွာမှာပင် သားယောက်ျားလေးကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။
မအိစန္ဒာ က “သူနဲ့လက်ထပ်ခဲ့ပေမယ့် ကာမစပ်ယှက်ပေါင်းသင်းခဲ့တာမျိုးမရှိခဲ့ပါဘူး၊ အောင်ဖြိုးဝေက ညောင်ပင်သာကို ပို့ပြီးပြီးချင်း နယ်မှာ အလုပ်ရှိလို့ဆိုပြီး ထွက်သွားတယ်၊ ညောင်ပင်သာဆိုတဲ့ ရွာလေးမှာ ကျမကိုယ်ဝန်ကြီးနဲ့ မျက်စိသူငယ် နားသူငယ်နဲ့ ကလေးကို မွေးဖွားခဲ့ရပါတယ်၊ ကလေး နှစ်လသားရှိမှ အောင်ဖြိုးေ၀ ပြန်ရောက်လာပြီး ကျမကို ရွာပြန်ပို့ဖို့ စီစဉ်ပြီး ရွာပြန် ရောက်တော့ နှစ်ရက်နေပြီး သူက မန္တလေးပြန်သွားတယ်” ဟု ပြောသည်။
မအိစန္ဒာ၏ မိသားစုဝင်များက ကိုအောင်ဖြိုးဝေနှင့် အမှန်တကယ် လင်မယား ဟုတ်မဟုတ် သင်္ကာမကင်း ဖြစ်ပြီး မေးမြန်း ရာမှ ဆွေမျိုးသားချင်း များနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ နတ်တလူ သာသနာပြုစခန်း ဂေါပကအဖွဲ့များကို ဦးဝရဉာဏ နှင့်ပက်သက်ခဲ့သမျှကို ပြောပြခဲ့ပြီးနောက်တွင် ဇီးကုန်းရဲစခန်းတွင် သွားရောက် အမှုဖွင့်ခဲ့ရာ အမှုဖွင့်လှစ်မပေးဘဲ တရားရုံး သို့ ဦးတိုက်လျှောက်ထားရန် ခိုင်းစေခြင်းကြောင့် ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့က ဦးတိုက် လျှောက်ထားခဲ့ရခြင်းဟု သိရသည်။
ကန့်ဘလူမြို့နယ် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၇ ဖြင့် လက်ခံခဲ့ပြီး စွပ်စွဲခံရသူ ဦးဝရဉာဏအား တရားရုံးလုပ်ထုံး လုပ်နည်းများအရ ဆင့်ခေါ်စာ အကြိမ်ကြိမ် ထုတ်ခဲ့သော်လည်း လာရောက်ဖြေရှင်းခြင်းမရှိသဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထို့အပြင် မအိစန္ဒာ၏ မိခင်ဖြစ်သူကလည်း သမီးဖြစ်သူ၏ အလိုဆန္ဒမပါဘဲ အတင်အဓမ္မ ခြိမ်းခြောက် လက်ထပ်ခိုင်းစေခဲ့ ခြင်းကြောင့် အတင်အဓမ္မ ခြိမ်းခြောက် လက်ထပ်ခဲ့သူ ကိုအောင်ဖြိုးေ၀ အပါ ၅ ဦးအား ကန့်ဘလူမြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့ရာ (ပ) ၂၂၁ / ၂၁၁၈၊ ပုဒ်မ ၃၆၆၊ ၃၄၃၊ ၁၁၄ ဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း သိရသည်။
မအိစန္ဒာအမှုအား လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မဝါဝါ ဝင်း က “မအိစန္ဒာကို အဓမ္မပြုကျင့်ပြီးနောက် လုံးဝမသိမမြင်ဖူးသူ အခြားအမျိုးသားတစ်ဦးနဲ့ အတင်းအဓမ္မခြိမ်းခြောက်လက်ထပ် စေခဲ့သူများကို အမှုဖွင့်တိုင်ကြားခဲ့တော့ ပုဒ်မ ၃၆၆၊ ၃၄၃၊ ၁၁၄နဲ့ လက်ခံစစ်ဆေးခဲ့တာပါ၊ အဲဒီမှာ သက်သေများရဲ့ ထွက်ဆိုချက်အရ ဦးဝရဉာဏ ဦးဆောင် ပါဝင်ပက်သက်နေတာကြောင့် ထပ်ပြီးအမှုဖွင့်ခဲ့တော့ ဦးဝရဉာဏကို ပုဒ်မ ၃၆၆ နဲ့ လက်ခံ စစ်ဆေးခဲ့တယ်” ဟု ပြောသည်။
မအိစန္ဒာ၏ အလိုဆန္ဒမပါဘဲ အတင်အဓမ္မ ခြိမ်းခြောက် လက်ထပ်ခိုင်းစေခဲ့သည့် အမှုတွင် ဦးဝရဉာဏ၏ ခိုင်းစေမှုကြောင့် ဖြစ် ပွားရခြင်းဟု သိရသဖြင့် ဦးဝရဉာဏအား (ပ)၂၇၁/ ၂၀၁၈၊ ပုဒ်မ ၃၆၆ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
ဒုရဲမှုး အောင်ကျော်မိုး က “မအိစန္ဒာကနေ တရားရုံး ဦးတိုက် လျှောက်ထားခဲ့တဲ့ အမှုကို တရားရုံးကနေ ဦးဝရဉာဏကို အာမခံပေးခဲ့ပါတယ်၊ ဒါပေမယ့် သူ့ကို ထပ်ပြီး အမှုဖွင့် တိုင်ကြားထား တာတွေရှိတော့ အမှုစစ်ဆေးရမှာမို့ ပုဒ်မ ၃၆၆ နဲ့ ချုပ်ရမန်ယူခဲ့တယ်၊ လက်ရှိ အဓိက တရားခံလို့ စွပ်စွဲခံရသူ ဦးဝရဉာဏအပြင် နောက်တဦးကိုလည်း ဖမ်းမိထားပါပြီး၊ ကျန်တရားခံတွေကိုလည်း ဆက်လက် ဖမ်းဆီးပြီး အရေးယူနိုင်အောင် ဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။
အဆိုပါအမှုဖြစ်စဉ်များအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မအိစန္ဒာနှင့် ဦးဝရဉာဏတို့အား DNA စစ်ဆေးရန်ညွှန်ကြားစာပေးပို့ရာ မအိစန္ဒာဘက်မှ DNA စစ်ဆေးခံရန် အသင့်ရှိနေသဖြင့် တရားရုံးသို့ DNA စစ်ဆေးရန် လျှောက်ထားခဲ့ကြောင်း၊ ဦးဝရဉာဏ အား ချုပ်ရမန်ယူပြီးနောက် ဇန်နဝါရီ ၂၂ ရက်နေ့သို့ ရုံးချိန်ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။

https://burma.irrawaddy.com/news/2019/01/09/179545.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.

online shop registration

 မှတ်ပုံတင်ပုံ အဆင့်ဆင့်ကို ပုံများဖြင့် မျှဝေပေးလိုက်ပါတယ်နော် အသေးစိတ်ကတော့ Live လေးမှာ နားထောင်ကြည့်ပါရှင် ☺️ Live Link : https://fb.watc...

Popular

Contact Form

Name

Email *

Message *

Labels

ADS (417) Alcatel (3) All winner (3) Androd Xiaomi (255) Android Antivirus (6) Android application (15) Android Command (3) Android Coolpad (39) Android Font (61) Android Game (2) Android Google Application (13) Android Huawei Imei Repair (1) Android Huawei Y series (6) Android kingo root (4) Android MTK Driver (6) Android Samsung (17) Android Samsung A series (26) Android Samsung C series (5) Android Samsung E series (5) Android Samsung G series (82) Android Samsung Hard reset (7) Android Samsung I series (7) Android Samsung Imei repair (6) Android Samsung J series (66) Android Samsung Multi file (1) Android Samsung N series (34) Android Samsung P series (2) Android Samsung Root (8) Android Samsung S series (10) Android Samsung SC series (6) Android Samsung Solutions (3) Android Samsung T series (3) Android Tool (238) Antivirus (7) AOTO (6) AOVO (8) Aplus (6) Archos (1) Asus (6) Attila (14) BenWee (2) BLU (1) Bluemix (2) Book (5) book eng (1) book med (11) Boss style (1) box (2) Bravo (2) browser (3) Browser Adobe Flash Player (1) Browser Firefox (1) CAZSH (1) Cherry (5) China Phone (73) CircleTech (2) CKTEL (1) Ding Ding (2) Download best (17) Education Make up (5) emmc (1) Entertainment (5) Facebook (2) films (1) Finance (2) Firmware Collection (23) FRP (62) Funny (3) GFIVE (3) Gionee (4) Grand (1) HAIWEI (3) Hardware (16) Hello (40) Hisense (17) Hiway (2) Hopo (22) HTC (7) Huawei A series (25) Huawei B series (13) Huawei board software collection (14) Huawei C series (43) Huawei Clone (18) Huawei D series (3) Huawei Driver (1) Huawei E series (17) Huawei emmc data (1) Huawei F series (7) Huawei Flashtool (45) Huawei G series (51) Huawei H Series (8) Huawei J series (1) Huawei K series (3) Huawei L series (18) Huawei M series (5) Huawei N series (3) Huawei P series (10) Huawei R series (5) Huawei region code (3) Huawei S series (10) Huawei T series (10) Huawei U series (8) Huawei Update (104) Huawei V series (11) Huawei W series (3) Huawei Y series (56) I Mobile (1) ILOVFA (11) IMEI repair (13) imobile (1) Infinix (1) Infone (1) Inovo (38) ios firmware (3) ios icloud (4) IOS itune (8) IOS Itune Error (1) ios news (10) IOS Tool (10) IPhone Clone (22) K Touch (3) Kenbo (10) Kimfly (47) Kismo (3) KKP (19) knowledge (38) Lava (8) Leagoo (1) Leagool (2) LeEco (1) Leegoog (19) Lenovo (12) LG (5) Liven (23) LoLo love (14) M-Horse (11) magic (2) MAI (11) Marconi-W50E (1) MBO (97) MCT (2) medical knowledge (5) Meizu (58) MFT (4) MGT (33) mi account remove (55) Micro Art (2) mine (1) Momo (7) movies (12) MP3 (2) MPT (5) MyPhone (22) Newings (3) Nipda (3) Nokia (10) Nova (7) Open (1) Oppo (162) Oppo Clone (1) ORRO (7) OSE (3) PC (2) PHICOMM (5) photoshop (1) pinpaternpassword (1) player (1) Power (3) Prestigio (1) Professional (4) QBZ (1) Ramos (5) rapidleech (1) Recovery software (1) Red Star (1) Samsung B seires (1) Samsung Clone (204) Samsung combination (360) Samsung Full (45) Science (13) Server (2) SINGTECH (90) SKG (4) SM-J530F full (1) Sony (73) Speed (7) SYH (94) tayar (1) TCL (1) Teaching (2) tecno (92) Teeno (1) Telenor (7) TIMMY (4) titan (20) True Smart (51) trueme (1) TWZ (34) uneed (1) uptobox (2) VG (9) Video (12) Vinovo (8) VIOVO (3) Virtual card (1) Vital (15) Vitu (3) Vivo (190) Vivo Clone (1) Voto (1) vps (8) WainFord (1) Wave (33) web (2) Wiko (5) Window (82) window font (1) X-BO (76) XDU (8) ZTE (25)