အောက်တိုဘာလကုန်လို့၊ နိုဝင်ဘာလ လွန်ပြီဆိုတာနဲ့ ဆောင်ဦးရာသီကို လွန်မြောက်လို့ ဆောင်းရာသီဘက်ကို ချင်းချင်းကြီး ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ နိုဝင်ဘာလကနေ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေဟာ ဆောင်းရာသီရဲ့ လုံးလုံးလျှားလျှား ကာလတွေဖြစ်လို့ အအေးမိတုပ်ကွေး ဖြစ်နိုင်တဲ့ ကာလတွေပါ။
မကြာခဏ အအေးမိတတ်သူတွေအတွက် နှာခေါင်းတစ်ခုတည်းကို အနွေးဓာတ် ပေးထားလိုသူတွေအတွက် နှာအုပ်အထည်လေးတွေ လာပြီဖြစ်ပါတယ်။ ဆောင်းရာသီရဲ့ အေးခဲချမ်းတုန်မှုကိုလည်း အမှုထားစရာမလို၊ မိုးရာသီမှာတောင် နှာခေါင်းလေး နွေးနွေးထွေးထွေး ဖြစ်နေစေမှာပါ။ဒါ့အပြင် အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့် ဝင်ရောက်နိုင်တဲ့ ဖုန်မှုန့်နဲ့ ကူးစက်ရောဂါတွေကိလည်း ဒီနှာအုပ်အထည်လေးတွေက ကာကွယ်ပေးနိုင်မှာပါ။
ဒီနှာအုပ်ပုဝါအထည်လေးတွေကို စတင်တီထွင်လိုက်တဲ့ ကုမ္ပဏီကတော့ Nose-Warmers ကုမ္ပဏီဖြစ်ပါတယ်။ဈေးနှုန်းကတော့ ပေါင် (၇.၅)ကနေ စတင်မှာဖြစ်ပြီး၊ သေးငယ်လှတဲ့ ပုဝါစလေးအတွက် ဈေးကြီးတယ်လို့ ပြောလို့ရပေမယ့် သင်ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းအမျိုးအစားနဲ့ အကောင်းအစား အရည်အသွေး အထည်တွေကိုသာ သုံးစွဲထားတာဖြစ်ကြောင်း ကုမ္ပဏီက အာမခံထားပါတယ်။ထူးဆန်းတဲ့ တီထွင်မှုဖြစ်တာကြောင့် စတိုင်မိမိ ဖြစ်ချင်တဲ့ သူတွေကလည်း စိတ်ဝင်စားနေကြကြောင်းပါ။
source – www.bustle.com
No comments:
Post a Comment
Note: Only a member of this blog may post a comment.