(၈) ပေအမြင့်ကို ခုန်ပြီး အစာကျွေးသူကို အရှင်လတ်လတ် ဖမ်းစားပစ်ခဲ့တဲ့ မိကျောင်းကြီး
အင်ဒိုနီးရှားသိပ္ပံပညာရှင် အမျိုးသမီးတစ်ဦးဟာ သူမအလုပ်လုပ်ရာ သုသေသနဓာတ်ခွဲခန်းအတွင်း မွေးမြူထားတဲ့ မိကျောင်းကြီးတစ်ကောင်ကို အစာကျွေးနေစဉ် ၄င်းမိကျောင်းကြီးရဲ့ ကိုက်ဖြတ်စားသောက်ခံခဲ့ရကြောင်း သိရပါတယ်။ သေဆုံးသူအမျိုးသမီးဟာ အသက်(၄၄) နှစ်အရွယ် ဒီစီတူဝို ဆိုသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့(၁၁.၁.၂၀၁၉) မနက်ပိုင်းက ဖြစ်ပွားတဲ့ ၄င်းဖြစ်ရပ်မှာ ဒီစီဟာ မိကျောင်းကြီးရှိရာ ကန်ထဲ အသားတုံးကြီးကို ပစ်ကျွေးနေခဲ့တာပါ။
အစာကျွေးနေတုန်းပဲ (၁၇) ပေအရှည်ရှိတဲ့ မိကျောင်းကြီးက သူမကို လှမ်းဟပ်ပြီး သူ့အသိုက်ထဲ ဆွဲချီသွားခဲ့တာ ဖြစ်ပါတယ်။ မိကျောင်းကြီးကို မယ်ရီလို့ နာမည်ပေးထားပြီး မိကျောင်းကြီးရဲ့ မေးရိုးတွေဆီမှာ ဒီစီရဲ့ အသားစတွေတောင် ကပ်ကျန်ညှိလျက်ရှိသေးကြောင်း အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီမြောက်ပိုင်းက သုတေသနအဖွဲ့ကတော့ ဆိုပါတယ်။ ယူဆရတာက မိကျောင်းဟာ နောက်ခြေထောက်နဲ့ ပတပ်ရပ်ပြီး (၈) ပေအမြင့် နံရံကို ခုန်ကာ ဒီစီကို ရေကန်တွင်းဆွဲချခဲ့တယ် ဆိုတာပါပဲ။
ဒီစီအလုပ်လုပ်တဲ့ သုသေသနခန်းကတော့ CV Yosiki Laboratory လို့ အမည်ရပါတယ်။ ဒီစီနည်းတူ သုတေသနခန်းမှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေဟာ နောက်တစ်နေ့မနက်အရောက် မိကျောင်းရှိရာ ရေကန်ထဲ ကြည့်လိုက်တဲ့အခါ ရက်ရက်စက်စက် ကိုက်ဖဲ့ခံထားရတဲ့ ဒီစီရဲ့ အလောင်းကို မိချောင်းကြီးရဲ့ ခံတွင်းထဲ တွေ့လိုက်ရတာ ဖြစ်ပါတယ်။ မိကျောင်းကြီးမယ်ရီကို နေ့တိုင်း ကြက်သား၊ ငါးနဲ့ အခြားအမဲတုံးတွေကို နေ့စဉ် ကျွေးမွေးရပါတယ်။ မယ်ရီဟာ အရင်တုန်းက အခြားမိကျောင်းတွေနဲ့ ခိုက်ရန်ဖြစ်ဖူးတဲ့ မိကျောင်းကြီးဖြစ်ပြီး တစ်နေ့လူကိုပါ တိုက်ခိုက်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြတာတော့ အမှန်ပါ။
http://www.shwemom.com/scientist-eaten-alive-crocodile-jumped-8ft-high-wall-indonesian-laboratory-ls/?fbclid=IwAR2PoizKcgSmoXRiRw9QNzPmwBjl-fVbfcjq2kei7w7SppykRrFIb28wgfk
No comments:
Post a Comment
Note: Only a member of this blog may post a comment.