အိမ်ထောင်မပြုချင်ဘူး ကလေးတော့မွေးချင်တယ်ဆိုတဲ့ သင်ဇာဝင့်ကျော်
Burmese Asia
Unicode Version
သင်ဇာဝင့်ကျော်ကတော့ 8 Day နဲ့ အင်တာဗျူးတွင် လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီး “လက်ရှိမှာတော့ မရှိသေးပါဘူး။ ရည်းစားထပ်ထားဖြစ်မယ်ဆိုရင်လည်း လိုက်ပြီးမပြောတဲ့သူကိုပဲ ထားမှာ။ ပြောတဲ့သူကို ဘာလို့ထားတော့မှာလဲ ပြောလို့ ပျက်လိုက်တာပါဆိုနေ။ ပြီးတော့ ကိုယ်ကအချစ်ရေးကို ဘဝမှာ အဓိက မထားတတ်ဘူး။ အဓိကက ကိုယ့်မိသားစု ကိုယ့်အလုပ်ပေါ့နော်”
လက်ထပ်ဖို့ရော အစီအစဉ်တွေ ရှိလားဆိုတဲ့ မေးခွန်းကိုတော့ သင်ဇာဝင့်ကျော်က “အခြေအနေအရပဲ ကလေးတော့ မွေးချင်တယ်။ ကိုယ်မျိူးဆက်ကတော့ မပျက်ချင်ဘူးပေါ့နော်။ ဒါပေမယ့်လည်း ကိုယ်သဘောကျပြီး ယူရမယ့် ယောကျာ်းကလည်း ဒီလောကမှာ မရှိလောက်သေးပါဘူး”
ဘယ်လိုယောကျာ်းမျိုးကို လက်ထပ်မှာလဲ ဆိုတဲ့အပေါ် “အရမ်းကို Perfect ဖြစ်တဲ့ ယောကျာ်းပေါ့။ မရှိလောက်ဘူးထင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်ဖြစ်ချင်တာကို ပုံသွင်းရင်တော့ ရမှာပေါ့။ ဒါပေမယ့်လို့ အဲ့လောက်ကြီးလည်း အချိန်မပေးနိုင်ဘူး။ သင်ဇာတွေ့ဖူးတဲ့ အိမ်ထောင်ရေးတွေက အဆင်ပြေတဲ့ အိမ်ထောင်ရေးဆိုတာက နည်းတယ်။ တွေ့လိုက်ရရင် အိမ်ထောင်ကျပြီးပြီဆိုရင် သူတို့မှာအပူတွေ အများကြီးပဲ။ ကိုယ့်မှာ Single Life တောင် ဒီလောက်အပူများနေရင် အိမ်ထောင်ကျရင် ပူရမှာတွေက အများကြီး ဖြစ်လာမှာလေ။ အဲ့လိုအပူတွေကျတော့လည်း မယူချင်ဘူး။
ဒါပေမယ့်လည်း ကလေးတော့ မွေးချင်တယ်”Single Mother လုပ်မှာလားဆိုတဲ့အပေါ် “အဲ့လိုမျိုးတော့ မလုပ်လောက်ပါဘူး။ ဒီနိုင်ငံမှာက အဲ့ဒီအယူဝါဒကို ဘယ်သူမှ လက်မခံဘူး။ ပုတ်ခတ်တဲ့သူများမှာလေ။ ဒါပေမယ့်လည်း သတ္တိရှိရှိနဲ့ လုပ်မယ်ဆိုရင်တော့ တမျိုးပေါ့။ မသိသေးပါဘူး။ အဲ့အတွက် မစဉ်းစားနိုင်သေးဘူး။ လုပ်စရာတွေ ရှိသေးတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။
https://www.isabellaonlinemm.com/4110/?fbclid=IwAR0KsUr8GGX5OfGL1UtP-9zndHAH9viLX7ILfD9R6dmZhjuuh6blhATKSb0
No comments:
Post a Comment
Note: Only a member of this blog may post a comment.