ကိုစိုင်းမိန်းမယူမှအိမ်ထောင်ပြုဖို့ စဉ်းစားမယ်ဆိုတဲ့ စိုင်းစည်တွမ်ခမ်း
ဒုတိယသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်းရဲ့ သားဖြစ်သူ စိုင်းစည်တွမ်ခမ်းကတော့ အမော်အကြွားမရှိဘဲ အေးဆေးတဲ့ ဆရာဝန် အနုပညာရှင် ဖြစ်ပါတယ်။ လားရှိုးသားလေး ဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေး အနေနဲ့ကတော့ Lashio Night Market စားသောက်ဆိုင် ဖွင့်ထားပါတယ်။ ဥပဓိရုပ်ကောင်းပြီး တည်ငြိမ်ခန့်ညားတဲ့ စိုင်းစည်တွမ်ခမ်းက အွန်လိုင်းပေါ်မှာ Live လွှင့်ပြီး သီချင်းလေးတွေ သီဆိုပေးလေ့ရှိပါတယ်။ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ စိုင်းစည်ရဲ့ အချစ်ရေးကိုတော့ Cele 7 မီဒီယာက ခုလို မေးမြန်းထားပါတယ်။
“အချစ်ရေးကတော့ အေးဆေးပဲ။ ရယ်ဒီဖြစ်ရင် အားလုံးကို ပြောပါ့မယ်။ အသည်းက ဗျန်းဗျန်းကွဲဖူးတယ်။ အကြိမ်ကြိမ်ပဲ။ ကျွန်တော်က တကယ်လို့ ကိုစိုင်းစိုင်းခမ်းလှိုင် မိန်းမယူသွားရင် ကျွန်တော်စပြီး စဉ်းစားမယ်လို့ စဉ်းစားထားတာ။ ကိုစိုင်းမယူရင် ကျွန်တော်ကတော့ သူ့ကို respect ပေါ့နော်။ ကျွန်တော်တို့ ရှမ်းပြည်သား အချင်းချင်းဆိုတော့ သူ့ကို ကျွန်တော် စောင့်ပါမယ်။”လို့ ဆိုပါတယ်။
မိန်းမယူဖို့ အစီအစဉ်ကိုတော့ စိုင်းစည်က ခုလို တရားသဘောနဲ့ ပြောပြသွားပါတယ်။“ရရင်လည်း ကောင်းတာပေါ့နော်။ ရတော့လည်း အဖော်ရတာပေါ့။ မရတော့လည်း လောကကြီးထဲကို ခေါ်ပြီး ဒုက္ခပေးရမယ့် လူတစ်ယောက် လျော့သွားတာပေါ့။ ကျွန်တော်ကတော့ ဘာဖြစ်ဖြစ် အကောင်းမြင်ပါတယ်။ ဘုရားပေးသလောက်ပေါ့။” ဆိုပြီး ပြောပြသွားပါတယ်။
အားပေးနေတဲ့ ပရိသတ်တွေကိုလည်း စိုင်းစည်က ခုလို ကျေးဇူးတင်စကား ပြောသွားပါတယ်။“ကျွန်တော်လုပ်တဲ့ အနုပညာကို အားပေးတယ်ဆိုရင် ကျေးဇူးတင်တယ်။ ကျွန်တော့်ကို အထူးရှယ်ပေါ့နော်။ ကျွန်တော်ကတော့ သူတို့ကို စပယ်ရှယ်လို့ သတ်မှတ်ပါတယ်။ ကျွန်တော်ကတော့ ရိုးရိုးမကလို့ အားပေးတယ်ဆိုရင် ရှယ်ပါပဲ။ အကောင်းဆုံးကို ကျေးဇူးတင်ပါတယ်။ အားပေးတာနဲ့ တန်အောင် ကြိုးစားနေပါတယ်။” လို့ ဆိုပါတယ်။
credit-
https://celemyinkwin.com/2019/01/16/%E1%80%80%E1%80%AD%E1%80%AF%E1%80%85%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%9A%E1%80%B0%E1%80%99%E1%80%BD%E1%80%A1%E1%80%AD%E1%80%99/
No comments:
Post a Comment
Note: Only a member of this blog may post a comment.