ခုတုံးလုပ်ပြီးသီချင်းတွေကို ပြန်ရောင်းတာ ခံစားရတဲ့အိုင်ရင်း
ခုတုံးလုပ်ပြီးသီချင်းတွေကို ပြန်ရောင်းတာ ခံစားရတဲ့အိုင်ရင်း
ခံစားချက်သီချင်းအမိုက်စားလေးတွေနဲ့ ပရိသတ်တွေရင်ထဲကို အရောက်တိုးဝင်နိုင်ခဲ့တဲ့ အမျိုးသမီးအဆိုတော် အိုင်းရင်းဇင်မာမြင့်ကတော့ သူ့အနေနဲ့ အနုပညာနယ်ပယ်မှာ ဖြစ်ပျက်နေတဲ့ အရာတချို့ကို ထောက်ပြသွားခဲ့ပါတယ်။ အိုင်းရင်းကတော့ အနုပညာနယ်ပယ်မှာ သီချင်းလုပ်တာပဲ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် တယောက်ကို တယောက် Respect ထားဖို့ လိုတယ်လို့ ပြောကြားသွားပြီး မလေးမစားလုပ်တဲ့ လုပ်ရပ်တွေကိုလည်း မကြိုက်ဘူးလို့ ပြောကြားသွား ခဲ့ပါတယ်။
အိုင်းရင်းဇင်မာမြင့်ကတော့ MC နဲ့ အင်တာဗျူးတွင် မလေးမစားလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး “အဲ့လိုမျိုး ပြန်ဆိုတာ စတိတ်ပေါ်မှာ ပြန်ဆိုတာတွေက အဲ့လောက် စိတ်အနှောက်အယှက်မဖြစ်ပါဘူး။ ကိုယ့်သီချင်းတွေ ကိုယ့်ထက်ငယ်တဲ့ ညီမလေးတွေ ပြန်ဆိုနေတာကို တွေ့ရတော့ သဘောကျပါတယ်။ သူတို့ကြိုက်လို့ ဆိုကြတာလေနော့်။ ဆိုပါစေ။ ဒါပေမယ့်တခုတော့ ရှိတယ်ကိုယ့်ကို ခုတုံးလုပ်ပြီး ကြော်ငြာသီချင်းယောင်ယောင် ရုပ်ရှင်သီချင်းယောင်ယောင် နောက်ခံသီချင်းယောင်ယောင်တွေ ဆိုခိုင်းပြီးတော့မှ ကိုယ်ကတော့ ဆိုပေးလိုက်တယ်။ ရုပ်ရှင်ထဲမှာ ပါသွားတယ်။ အဲ့ဒါကို အဲ့တေးရေးက ကိုယ့်အသံကိုပြပြီး တခြားလူကို ပြန်ရောင်းတာကြတော့ နည်းနည်းခံစားရတယ်။ ဘာပဲဖြစ်ဖြစ်တယောက်နဲ့ တယောက် လေးစားမှုတော့ ရှိမှရမယ်လေ။
နည်းနည်းတော့ အကြောင်းကြားရမယ် ထင်တာပဲ။ သူကိုယ်တိုင်မဆက်ရင်တောင် ကြားထဲက တယောက်ယောက်က ဆက်လို့ရပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အဲ့လိုမျိုးကို မကြိုက်ပါဘူး။ ကိုယ့်ကို အသုံးချတယ်လို့ ခံစားရပါတယ်။ ကိုယ်ဆိုပေြး့ပီးမှ နောက်ကလူကို ပိုက်ဆံပေးပြီး ရောင်းလိုက်တာက အနုပညာသမားမဆန်ဘူးလို့ ထင်ပါတယ်”
“ကြုံပါတယ်ရှင်။ လက်ရှိမှာကို ကြုံနေတာပါ။ အဲ့လောက်ပဲ ပြောချင်ပါတယ်။ ကာယံကံရှင်တွေ ပိုသိပါလိမ့်မယ်။
“ကြုံပါတယ်ရှင်။ လက်ရှိမှာကို ကြုံနေတာပါ။ အဲ့လောက်ပဲ ပြောချင်ပါတယ်။ ကာယံကံရှင်တွေ ပိုသိပါလိမ့်မယ်။
ကျွန်မ ရုပ်ရှင်နောက်ခံ သီချင်းတွေ ဆိုပေးပါတယ်။ ဆိုပြီးတော့ ကျွန်မကို အကြောင်းကြားခြင်းလည်း မရှိပါဘူး။ ဒါပေမယ့် နောက်ထပ် အနုပညာရှင်တွေကတော့ သိချင်မှ သိပါလိမ့်မယ်။ တေးရေးဆရာတွေကတော့ ပိုသိပါလိမ့်မယ်။ လေးစားမှုဆိုတာကလည်း ဒီလိုနေရာတွေမှာလည်း လိုပါတယ်။ ကြီးတာ ငယ်တာ မဆိုင်ဘူး။ လူလူချင်း လေးစားမှုရှိရင် ပြသာနာဆိုတာ မရှိပါဘူး။ အဲ့ဟာလေးက လက်ရှိခံစားရတဲ့ အရာပါ။ ကျွန်မသီချင်းလေးတွေကို ဂျူနီယာညီမလေးတွေ ပြန်ဆိုနေတာကတော့ အတိုင်းမသိဝမ်းသာပါတယ်။ ကြိုက်လို့ဆိုကြတာလေ။ မကြိုက်ရင် ဘယ်သူမှ မဆိုကြပါဘူး”
ပရိသတ်အကြိုက်နေပေးဖို့ အပေါ် “သူတို့တွေ မျှော်လင့်တဲ့ ပုံစံလေး ၊ ဝနေတယ်ပြောတဲ့အချိန် အမြန် မလုပ်ပေးနိုင်ပေမယ့်လည်း အချိန်မှီတော့ ဝိတ်ချပေးနိုင်ခဲ့ပါတယ်။ သီချင်းလေးတွေဆိုရင်လည်း နည်းနည်းမြူးတာတွေ ပြောင်းဆိုပေးဖို့ ပြောတာတွေ ရှိပါတယ်။ ကြိုးစားနေပါတယ်။ အိုင်းရင်းလည်း ဒီထက်ရိုးသားပြး ကောင်းမွန်တဲ့ လမ်းခရီးကို တလေးတစားနဲ့ ဆက်လျှောက်သွားပါမယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။
နံမည်ကြီး
https://celemyinkwin.com/2019/01/16/%E1%80%81%E1%80%AF%E1%80%90%E1%80%B6%E1%80%AF%E1%80%B8%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%BB%E1%80%95%E1%80%AE%E1%80%B8%E1%80%9E%E1%80%AE%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%B1/
No comments:
Post a Comment
Note: Only a member of this blog may post a comment.