အင်စတာဂရမ်မှာ စံချိန်ကျော်တက်သွားတဲ့ “ကြက်ဥ” ကို မကျေပွဲနွှဲပြခဲ့တဲ့ Kylie
လတ်တလော အင်စတာဂရမ်မှာ အဟော့ဆုံး ဖြစ်နေတဲ့ ပို့စ်တစ်ခုကတော့ ကြက်ဥတစ်လုံးရဲ့ ပုံပါ။ ဘယ်ကနေ ဘယ်လို စသွားခဲ့လဲတော့ မသိ အဖြူနောက်ခံပုံမှာ ရိုးရိုးပဲ ရိုက်ထားတဲ့ ကြက်ဥပုံဟာ အင်စတာဂရမ်ပေါ်မှာ Like အများဆုံး စံချိန်တင်သွားတဲ့ ပို့စ်တစ်ခုဖြစ်လာခဲ့တာပါ။
ကြက်ဥနဲ့ ကြက်ဥက ဘယ်လိုတောင် စံချိန်ချိုးသွားခဲ့လဲဆိုတဲ့ အကြောင်းကိုတော့ Shwemom ကနေ ရက်ပိုင်းအတွင်း ကမ္ဘာ့ Like အများဆုံး Instagram post အဖြစ်နေရာယူသွားတဲ့ “ဥ” ဆိုတဲ့ သတင်းအနေနဲ့ ဖော်ပြပြီးဖြစ်ပါတယ်။
အထက်ပါသတင်းမှာ ဖော်ပြထားတဲ့အတိုင်း ကြက်ဥပို့စ်ဟာ အင်စတာဂရမ်ပေါ်က ၂၀၁၈ ရဲ့ Like အများဆုံး စံချိန်တင်ထားခဲ့တဲ့ Kylie Jenner ရဲ့ ပို့စ်ကို ကျော်တက်သွားခဲ့တာပါ။ Kylie ရဲ့ ကလေးလက်လေးကို ကိုင်ထားတဲ့ ပို့စ်ဟာ Like ၁၈ သန်းဖြစ်နေခဲ့တာပါ။ ဒါကို ကြက်ဥပုံက ကျောက်တက်သွားခဲ့ပြီး ဒီသတင်းရေးနေတဲ့အချိန်မှာ Like က သန်း ၄၄ သန်းတောင် ဖြစ်လာနေပါပြီ။
ဒါနဲ့ပတ်သက်လို့ Kylie က သူမကိုယ် သူမ meme တစ်ခုလို လုပ်ပြီး ဗီဒီယိုတစ်ခု တင်လိုက်ပါတယ်။ ကမ္ဘာ့စံချိန်ချိုးထားတဲ့ ကြက်ဥအကောင့်ကို ကိုင်လီမြင်လိုက်ရသောအခါ ဆိုတဲ့ စာတန်းကို ဗီဒီယိုအပေါ်မှာ တပ်ထားပါတယ်။ သူမ လုပ်ပြတာကတော့ ကြက်ဥကို လမ်းမပေါ်မှာ ဖောက်ချလိုက်တာပါ။ Caption ကတော့ “သွားစမ်း ကြက်ဥလေး” ဆိုပြီး တပ်ထားပါသေးတယ်။
Kylie ကတော့ ကြက်ဥကို ထပ်ပြီး ဘယ်လိုပုံစံနဲ့ စံချိန်ပြန်ချိုးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
Ref: CNN
credit-shwemmom
https://celemyinkwin.com/2019/01/16/%E1%80%A1%E1%80%84%E1%80%B9%E1%80%85%E1%80%90%E1%80%AC%E1%80%82%E1%80%9B%E1%80%99%E1%80%B9%E1%80%99%E1%80%BD%E1%80%AC-%E1%80%85%E1%80%B6%E1%80%81%E1%80%BA%E1%80%AD%E1%80%94%E1%80%B9%E1%80%B1%E1%80%80/
No comments:
Post a Comment
Note: Only a member of this blog may post a comment.