ဖခင်တစ်လပြည့်မှာ အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီး ကျန်းမာရေးအခြေအနေကြောင့် အကျဉ်းထောင်တွင်
အနုပညာရှင် များစွာတို့ကလည်း ဒါရိုက်တာ မိုက်တီး ရဲ့ အသားစ အဖြေအတွက် ဝန်းပြီး ဆုတောင်းပေးနေကြတာပါ။
Burmese Asia
Unicode Version
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် ဟာ ဆိုရင်ပရိသတ်တွေ ချစ်ခင်အားပေးရသူလေးပါ။ သူမတို့တစ်မိသားစုလုံးက အနုပညာ မျိုးရိုးဖြစ်ပြီး ပရိသတ်ချစ်ခင်အားပေးရတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ လင်းဇာနည်ဇော် တို့ မိသားစုလေးရဲ့ စိတ်မကောင်းစရာ သတင်းလေးတသ်ပုဒ်ကိုချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
မကြာသေးခင်ကမှ ကွယ်လွန်သွားတဲ့ လင်းဇာနည်ဇော် တို့ဖခင်ကြီး ရဲ့ တစ်လပြည့်မှာ မူယစ်ဆေးအမှုနဲ့ ဖမ်းဆီခံထားရတဲ့ အစ်ကို ဖြစ်သူ ဒါရိုက်တာ မိုက်တီးကို ဆေးရုံတင်လိုက်ရတယ် ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ ။
ဒါရိုက်တာ မိုက်တီးက အင်းစိန်အကျဉ်းထောင်ရှိ ဆေးရုံမှာ အစာအိမ်မှာ အလုံးတွေ့တာကြောင့် ဆေးရုံတက်လိုက်ရတာပဲဖြစ်ပါတယ်။ မနေ့ညက အသားစ စစ်ဆေးခဲ့ပြီး လင်းဇာနည်ဇော် တို့မိသားစုက အသားစ အဖြေကို စိုးရိမ်မှုများစွာနဲ့ စောင့် နေကြတာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးကလည်း လင်းဇာနည်ဇော် တို့ မိသားစုလေးရဲ့ စိတ်မကောင်းစရာ သတင်းလေးကို ကြားရလို့ စိတ်မကောင်း ဖြစ်လိမ့်မယ်ထင်ပါတယ်။ ပရိသတ်ကြီးတို့ကလည်း ဒါရိုက်တာ မိုက်တီး အတွက် ဆုတောင်းပေးလိုက်ကြပါဦးနော်။
https://www.isabellaonlinemm.com/3613/
No comments:
Post a Comment
Note: Only a member of this blog may post a comment.