ဟောလိဝုဒ် အဆင့်အတန်းရှိအောင် ကြိုးစားမယ်ဆိုတဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်း
https://nanmalgyi.com/archives/49953
ဟောလိဝုဒ် အဆင့်အတန်းရှိအောင် ကြိုးစားမယ်ဆိုတဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်း
မြန်မာကားတွေ တော်တော်များများမှာ ဒါရိုက်တာ ဝင်းထွန်းထွန်းဆိုတဲ့ နာမည်ကိုတော့ လူတိုင်း သတိထားမိကြမယ် ထင်ပါတယ်။ ဒါပေမဲ့ လူနဲ့ရုပ် တွဲမမှတ်မိတဲ့ လူတွေလည်း ရှိမှာပါ။ ဒါရိုက်တာ ဝင်းထွန်းထွန်းရဲ့ အနီးစပ်ဆုံး ဖန်တီးမှု တစ်ခုကို ပြပါဆိုရင် မှော်ဝင်ကျောက်စာ ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒါရိုက်တာ ဝင်းထွန်းထွန်းရဲ့ ကားရိုက်တွေ တဖြည်းဖြည်း နည်းသွားခဲ့ပါတယ်။ ဒီအကြောင်းရင်းနဲ့ ပတ်သက်ပြီး အင်တာဗျူးမှာ ခုလို ဖြေကြားသွားပါတယ်။
“ကားရိုက်တာ လျှော့တယ်။ ရိုက်ပြီးသား ၇ ကားကို ၂၀၁၉ မှာ ရုံတင်ဖို့ ကြိုးစားနေပါတယ်။ ဖလင်ခေတ်ကတော့ ကားရိုက်ပြီးရင် ပြီးသွားတာပေါ့နော်။ ဖလင်ဆက်တာတွေ ဘာတွေ ဒါရိုက်တာ ကိုယ်တိုင် မဆက်ကြပါဘူး။ အခုခေတ်ကတော့ ဒစ်ဂျစ်တယ် နည်းပညာခေတ် ဖြစ်သွားတော့ ဒါရိုက်တာတွေရဲ့ အလုပ်က ပုဒ်ရေ များလာပါတယ်။ အရင်တုန်းက ကားရိုက်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာ ရုပ်ရှင်က ဘယ်လောက်ထိ အခြေအနေ ဆိုးခဲ့လည်းဆိုတော့ နက်ဖြန် ရိုက်မယ်ဆိုမှ ဒီနေ့မှာ ဇာတ်ကောက်ယူပြီး ရိုက်ရတဲ့ အနေအထားတွေတောင် ရှိတယ်။ အခုတော့ pre-production ၄ လ ပေးမလုပ်တဲ့ ကားတွေကို ဘယ်ကားမှ မရိုက်တော့ဘူး။” လို့ ဆိုပါတယ်။
နောက်ပိုင်းထွက်လာတဲ့ လူငယ်ဒါရိုက်တာတွေက အရမ်းတော်တာကြောင့် ဘီးကျဲတွေ ကြိုးစားနေရကြောင်း ခုလို ပြောပြသွားပါတယ်။
“ခုနောက်ပိုင်း ထွက်လာတဲ့ လူငယ် ဒါရိုက်တာတွေရဲ့ ကားတွေက အရမ်းကောင်းပါတယ်။ အဲ့တော့ ကျွန်တော်တို့ အဖိုးကြီးတွေ လမ်းဟောင်းမှာ သွားနေတဲ့ ဘီးကျဲတွေက အရင်လို နေလို့ မရပါဘူး။ ကျွန်တော် လေးလ ကြိုတင်ပြင်ဆင်မှု ပေးတဲ့ ကားတွေပဲ ရိုက်နေပါတယ်။
ကျွန်တော်က ပွင့်ပွင့်လင်းလင်း ပြောရရင် ဗမာကားက ဗမာဆန်ရမယ်လို့ ယုံကြည်တယ်။ ကျွန်တော့်ရဲ့ ကြိုစားမှုတွေ အားလုံးကို အင်တာနက်ရှင်နယ် ဖြစ်အောင် ကြိုးစားနေပါတယ်။ ကျွန်တော် ည ၂ နာရီလောက်ဆိုရင် You tube ပေါ်မှာ ကျောင်းသွားတက်တယ်။ အသစ်တစ်ယောက်လို ဖြစ်အောင် ကြိုးစားနေပါတယ်။ အနုပညာပြချက်ကတော့ ဟောလိဝုဒ် အဆင့်အတန်း ရှိတာမျိုးတော့ လာမှာ မဟုတ်ပါဘူး။ ဟောလိဝုဒ် အဆင့်အတန်း ရှိအောင် ကြိုးစားမယ် ဟောလိဝုဒ် ရိုက်ချက်တွေ ပါမယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ ဇာတ်ကတော့ ဒရာမာပဲ ဖြစ်မှာပါ။” ဆိုပြီး ပြောပြသွားပါတယ်။
https://nanmalgyi.com/archives/49953
No comments:
Post a Comment
Note: Only a member of this blog may post a comment.