Xiaomi Phone တွေ သတိထားစရာ အချက် ⚠️
Xiaomi နောက်ဝင်တဲ့အလုံးတွေ တော်တော်များများ Recovery Mode ကနေ China To Global , Global to China ချိန်းတဲ့ Tools ဖြစ်သော xiaomitool.com ကလည်း
တော်တော်များများ Model တွေ ပိတ်ကုန်ပါပြီ။
ချိန်းလို့ အဆင်မပြေတော့ပါဘူး။
အဲ့ဒီတော့ နောက်ဖုံးခွာပြီး Test Point ထောက်ပြီး 9008 mode ကနေ ရေးကြပြန်ပါတယ်။ အမြန်လိုချင်တာကိုး။
Firmware ရေးပြီးလို့ success ပြပေမဲ့လည်း Power တက်လိုက်ကျလိုက် ဖြစ်တဲ့အလုံးက ဖြစ် ၊ recovery mode အနေအထားမှာ လည်တဲ့အလုံးကလည်နဲ့ error တွေ တက်ကုန်ပါရော ။
အဓိက ပြသာနာက ကျွန်တော့်အထင် Bootloader Lock ကြောင့် ဖြစ်တယ်လို့ ထင်ပါတယ်။
အဲ့ဒီတော့ ဘာမှမလုပ်ခင်မှာ Bootloader Unlock အရင်လုပ်ပါ။ ပြီးတော့မှ ROM ချိန်းကြပါ။ Bootloader Unlock လည်း အရင်လို ၇၂နာရီ မစောင့်ခိုင်းတော့ပါဘူး။ ချက်ချင်း ရလာတာကို တွေ့ရပါတယ်။ ချက်ချင်း Unlock လုပ်လို့ ရတယ်လို့ ဆိုလိုတာပါ။
အများဆု Redmi Note 5A , Redmi Note 5A Prime မှာ အဖြစ်များပါတယ်။
နောက်ပိုင်းအလုံးတွေ Firmware လွယ်လွယ်ကူကူ ရေးလို့ ရမှာ မဟုတ်တော့ပါဘူး။ သတိထားစရာ အချက်လေးတွေပါ။
ကျေးဇူးတင်ပါသည်။
အောင်မင်းဟန်
https://www.facebook.com/photo.php?fbid=990220737797678&set=a.142597835893310.33112.100004292821260&type=3

No comments:
Post a Comment
Note: Only a member of this blog may post a comment.