အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုးက Virginity လား။
အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုးက Virginity လား။ မြန်မာပြည်မှာတော့ တော်တော်များများက Virginity ကို သိပ်တန်ဖိုးထားကြတယ်။ လိင်စိတ်ကဲတဲ့ လူမျိုးကိုး။
ကိုယ့်နိုင်ငံကိုယ်ဖိပြောတာမဟုတ်ဘူး။ အရှေ့တောင်အာရှနဲ့ အီကွေတာနားနီးတဲ့ နိုင်ငံကလူတွေက လိင်စိတ်ကဲကြတယ်။ ရာသီဥတုနဲ့ ဆိုင်သလို အစားအသောက်နဲ့လည်း ဆိုင်ကြတယ်။ အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုးက အပျိုစစ်မှုဖြစ်တယ်ဆိုတဲ့ အယူအဆကလည်းအဲဒီကလာတာပဲ။ လိင်ဆိုင်ရာ ကျေနပ်မှုကို အပျိုစစ်ကမှ ပေးနိုင်တာဆိုတဲ့ အစွဲကနေလာတဲ့ ညင်သာတဲ့ အသိတစ်ခုပဲ။
အမှန်က အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုးဆိုတာ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်သလား၊ ပညာတတ်ရဲ့လား၊ အသိဉာဏ်ရှိရဲ့လား ဆိုတာပေါ် မူတည်တယ်။ အပျိုစစ်ပြီး ပြိန်းတိန်းသုံးမရတဲ့ အမျိုးသမီးဆိုတာ အလကားပဲ။ ကိုယ့်ဘဝမှာ အကြောက်ဆုံးက အိမ်ထောင်ပြုတဲ့အခါ ကိုယ်နဲ့ ရတဲ့ မိန်းမက သိပ်ပြီး ထူလွန်း ပြိန်းလွန်း နေမှာ ကြောက်တာပါပဲ။
ထက်မြက်လွန်းတဲ့ အမျိုးသမီးတွေကျတော့လည်း ယောက်ျားတွေကို သိပ်အားမကိုးကြတော့ဘူး။ အပျိုကြီးတွေ လုပ်တာများတယ်။ ဒါလည်း တစ်နည်းပေါ့လေ။ ဒါပေမယ့် အပျိုကြီးလုပ်တိုင်းလည်း ထက်လွန်းလို့တော့ မဟုတ်ဘူး။ ပြိန်းတိန်းတိန်း အူတူတူ အပျိုကြီးတွေလည်းရှိတာပါပဲ။
အနောက်တိုင်းမှာတော့ ရှင်းတယ်။ Virginity ဆိုတာကို စိတ်ကို မဝင်စားတာ၊ သာယာတဲ့ အိမ်ထောင်ရေးဟာ မျှတတဲ့ အပေးအယူရှိတယ်။ အပြန်အလှန် လေးစားမှု ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်တူတာတွေ ဖြစ်နိုင်တယ်။ ဝါသနာတူတာမျိုးတွေ၊ အပြန်အလှန် သည်းခံပြီး ချစ်နိုင်ကြတာတွေ များတယ်။ ဒါမျိုးပေါ့။ Big Bag က Bass တီးတဲ့ ကိုရဲဇော်မျိုးတို့ လင်မယားဆိုရင် ကိုယ့် Idol ဇနီးမောင်နှံပဲ။ ယောက်ျားက သီချင်းဆိုရင် မိန်းမက Bass လိုက်တီးတယ်။ ယောက်ျားလုပ်သမျှ နောက်က တကောက်ကောက် လိုက်လုပ်နိုင်တဲ့ မိန်းမ။ အဲဒါမျိုးကိုမှ ပါရမီဖြည့်တာခေါ်တယ်။
သူရော ကိုယ်ပါ အလုပ်အကိုင်နဲ့မို့ ဒါမျိုး မရှိနိုင်ဘူးဆိုရင်လည်း ကိစ္စတော့ မရှိဘူး။ အပြန်အလှန်စကားပြောနိုင်ရင်ကို မဆိုးပါဘူး။ ခက်တာက မိန်းကလေးတော်တော်များများက ယဉ်ကျေးမှုဘောင်ကြောင့် အသိဉာဏ်ဗဟုသုတ သိမ်ဖျင်းသွားကြတာများတယ်။ ဥပမာပေးရရင်ဗျာ။ ရှက်တတ်လွန်းတဲ့ တောက မိန်းကလေးတွေက ရင်သားကြီးရင် ရှက်စရာကောင်းတယ်လို့ ထင်ကြလို့ ရှင်မီးအတွင်းခံကို ကြပ်ထုတ်နေအောင်ဝတ်တော့ ရှိသင့်သလောက် မိခင်လောင်းပီသမှု မရှိဘဲ ကျုံလှီသွားသလိုပဲ မြန်မာအမျိုးသမီး တွေရဲ့ စဉ်းစား တွေးခေါ်မှု စံနှုန်းတွေက ယဉ်ကျေးမှုဘောင်ခတ်ခံရတာကြောင့် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတော့ဘူး။
အဲဒီယဉ်ကျေးမှုကလည်း တော်တော်ဆိုးတယ်။ အိန္ဒိယကလာတာမျိုးတွေ။ မိန်းမဆိုတာ အိမ်တွင်းမှုလုပ်တတ်ရတယ်။ ယောက်ျားယူရင် ကလေးထိန်းရမယ်။ ထမင်းဟင်းချက်ရမယ်။ အဝတ်လျှော်ရမယ်။ ဒါတွေက ကိုယ်တွေ အမေ တို့ကအစ တွေးတဲ့ အတွေးတွေ။
လက်ရှိ ခေတ်စနစ်က ဒီလိုမဟုတ်ဘူးလေ။ စံနှုန်းတွေတက်လာပြီ။ Gender Discrimination တွေကို မရှိသင့်တော့ဘူး။ တစ်ချိန်က ကိုယ်တွေ ဂိမ်းကစားတယ်။ အင်္ဂလိပ်စာတွေ တိုးတက်လာတယ်။ အားကစားလုပ်တယ်။ ကိုယ့်ခန္ဒာသန်မာလာတယ်။ စာအုပ်ဖတ်တယ်။ ဗဟုသုတရတယ်။ လက်ဖက်ရည် ဆိုင်ထိုင်တယ်။ အပေါင်းအသင်းဆန့်လာတယ်။
ယောက်ျားလေးတွေမှာ ပြင်ပဗဟုသုတရှာမှီးခွင့်ကို အစွမ်းကုန်ဖွင့်ထားတယ်။ ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်ထဲကို လွတ်လပ်စွာ စီးဝင်ခွင့်ရှိတယ်။
မိန်းကလေးတွေကျတော့ ဒီလိုမဟုတ်။ အိမ်အပြင်တောင် လွတ်လွတ်လပ်လပ် မထွက်ရဘူး။ စာအုပ်တွေ ဖတ်တာလည်း အကန့်အသတ်နဲ့။ လက်ဖက်ရည်ဆိုင်ထိုင်ရင် ပြောမဆုံးတော့ (ခုတော့ နည်းနည်း တိုးတက်လာပါပြီ)၊ ဂိမ်းကစားဖို့ဆိုတာ ဝေလာဝေး။ (ဖုန်းဂိမ်းတွေပြောတာမဟုတ်ဘူးနော်)
အပြင်က လေ့လာသင်ယူနိုင်တဲ့ အရွယ်မှာ စာကလွဲရင် ဘာကိုမှ စိတ်ဝင်စားခွင့်မရှိခဲ့တဲ့ မိန်းကလေးတွေဟာ အတန်းထဲမှာ စာတော်သလောက် ကျောင်းက ထွက်သွားတာနဲ့ ယောက်ျားလေးတွေရဲ့ အောက်ကို ရောက်လာကြတယ်။ အတန်းထဲမှာ စာသိပ်တော်တာပဲ။ စာတော့ရပါရဲ့၊ ဟိုဟာလည်း မသိ၊ ဒီဟာလည်း မကြားဖူး။ ပတ်ဝန်းကျင်ကို Observation လုပ်ဖို့ ယဉ်ကျေးမှုအရ ကန့်သတ်ခံရရှာတဲ့ ကျနော်တို့ ခေတ် 90s Kids အမျိုးသမီးတွေပေါ့လေ။
တစ်ချိန်မှာ အိမ်ထောင်ပြုဖြစ်ခဲ့ရင် သမီးကလေးတစ်ယောက်မွေးမယ်။ လူ့လောကနဲ့ ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပာယ်ကို လူသားဆန်စွာ သင်ကြားပေးမယ်။ ကိုယ့်ဘဝကို ကိုယ့်လက်နဲ့ ကိုယ်တိုင် ထုဆစ်တတ်တဲ့ အမျိုးသမီးကောင်းလေးတစ်ယောက်ဖြစ်ဖို့ လမ်းညွှန်ပေးမယ်လို့ စိတ်ကူးထားတယ်။ ဒါ ကိုယ့်အိပ်မက်ပါပဲ.။
Credit... Hein Lin Htun
https://www.facebook.com/moe.sat.71/posts/1704023882977372

No comments:
Post a Comment
Note: Only a member of this blog may post a comment.