တတိယမျက်လုံးကျင့်စဉ်
**တတိယမျက်လုံးကျင့်စဉ်**
သိချင်.တယ် ဆိုလို့ တင် ပေး.လိုက် ပါတယ်....
ပထမဆုံး တတိယ မျက်လုံး ကို အရင် ရှင်းပြ ပါမယ်....
မျက်.ခုံး နှစ်ခု ရဲ့ ကြား နေရာ က ချက္ကရ(Chakra) နေရာ ကို တတိယမျက်လုံး လို့ ခေါ် တာ ပါ....သူ့ကို ကျင့်ခြင်း အားဖြင့် မိမိ နဲ့ တကွ တခြားလူတွေ ရဲ့ အတိတ် အနာဂါတ် ကို မြင် နိုင် ခြင်း...တပါးသူ တွေ ရဲ့ စိတ် ဓာတ် ကို ထိုးထွင်းမြင် နိုင် ခြင်း နဲ့ ခိုင်းစေ နိုင် ခြင်း စ တဲ့ အကျိုး တို့ ရ စေ လို့ တတိယ မျက်လုံး ဟာ ချက္ကရ ကျင့်စဉ် အားလုံး ထဲ မှာ လူ ကြိုက် အများဆုံး လို့ ဆိုလို့ရ ပါတယ်....
*အ.ခြေခံ ကျင့်စဉ် - အ ကြောလျှော့ခြင်း*
အားကစား တွေ မှာ လုပ် တဲ့ အ ကြောလျှော့ခြင်း မျိုး မဟုတ် ပါဘူး....
အ ကြောလျှော့ဖို့ ပထမဆုံးအဆင့် မှာ မိမိခန္ဓာကိုယ် ကို သက်တောင့်သက်သာ ဖြစ် တဲ့ အ နေ အထား မှာ အရင် ထားပါ...အလွန် ကြပ် လွန်းသော အ၀တ် များ မ၀တ် ဖို့ လည်း အ ရေးကြီး ပါတယ်....
ထိုင် လျက် ဖြစ် စေ အိပ် လျက် ဖြစ် စေ သက်တောင့်သက်သာ အ နေ အထား တစ်ခု ရောက် ဖို့ သတိထားပြီး ပြင် ဆင် ပါ....
ပြင်.ဆင် ပြီး ရင် ပထမဆုံး စ ပြီး မိမိ ခေါင်း မှ အ ကြော များ ပြေ လျှော့ လာစေ ဖို့ စိတ် နဲ့ လျှော့ချ ရ ပါတယ်....စိတ် ကို ခေါင်း နေရာ မှာ စူးစိုက် ထားပြီး ထို နေရာ မှ အ ကြော အကုန် လျော့သွား ဖို့ ကြိုးစား ပါ...ခန္ဓာ ကလည်း လိုက် လျှော့ ပါ...စိတ် ကို တင်းမထားပါနဲ့....
ခေါင်း က အ ကြော တွေ လျော့သွားပြီ ဆို ရင် တဖြည်းဖြည်း နဲ့ မျက် နှာ...လည်ပင်း...ရင်.ဘတ် စ သဖြင့် ခြေဖြားထိ တကိုယ်လုံး လျှော့ သွားအောင် လျှော့ ပါ....များသောအားဖြင့် ဒီ အဆင့် ဟာ နာရီ ၀က် ခန့် ကြာ တတ် ပါတယ်...
အထူးသတိပြုရမယ့် အချက် က တော့ ဒီ အဆင့် မှာ လူတွေ အိပ်ပျော် သွားတတ် ခြင်းပါ...အကယ်၍ ကိုယ် က လွယ်လွယ် အိပ်ပျော် တတ် ရင် ထိုင် လျက် အ နေ အထား နဲ့ လုပ် ပါ....
ဤအဆင့် မှာ တကိုယ်လုံး အ ကြော များလျော့ သွားပြီ ဆိုရင် ခန္ဓာကိုယ် နွေးထွေးလာပါလိမ့်မယ်....သွေးစီးဆင်းမှု နှေး ပြီး သက်တောင့်သက်သာ ခံစားချက် ကို. တကိုယ်လုံး က နေ ရ ပါမယ်....ခြေ နဲ့ လက် တွေ မရှိ တော့ သလို မျိုး ခံစား ချက် ကို ရ ပါလိမ့်မယ်...
ဤ အဆင့် မှာ ရှိ တဲ့ အဖျက် က ဘာလဲ ဆိုတော့ ပြေ လျော့ နေပြီးသား အင်္ဂါ များ ကို လှုပ်လိုစိတ် ဖြစ် လာခြင်း ဖြစ်တယ်....စိတ် ကို ထိန်းပြီး မလှုပ်မရှား နေ နိုင် အောင် ကျင့် ပါ...ပြေ လျော့ နေ သော ခန္ဓာ ကို ပြေ လျော့ နေဆဲ အ နေ အထား နဲ့ ကြာနိုင် သမျှ ကြာ အောင် ထိန်း ပါ...
*ပင်.မ ကျင့်စဉ် အစ - စူးစိုက်ခြင်း*
မိမိ ရဲ့ တတိယမျက်လုံး ပွင့် စေ ဖို့ ဆို ထို တတိယ မျက်လုံး ကို စိတ်ဓာတ်အင်.အား နဲ ဖွင့် ရ ပါတယ်....ပထမအစ ဆုံး မှာ တော့ ထို တတိယမျက်လုံး နေရာ ကို ခန္ဓာကိုယ် ရဲ့ အ ရေးပါ တဲ့ အင်္ဂါ ရပ် တစ်ခု ဖြစ် အောင် အရင် လုပ် ရ ပါတယ်....
ဘယ်လို လဲ ဆိုတော့ မိမိ မျက်ခုံး နှစ်ခု ကြား
နဖူးအောက် က နေရာ ကို မျက်လုံး နှစ် ဖက် လုံးပူး ၍ ကြည့် ပါ....စူးစူးစိုက်စိုက် ကြည့် ပါ....ကြည့်တဲ့ အချိန် ကြာ လာတာနဲ့ အမျှ ထို နေရာ မှာ အင်.အား တစ်ခု စူးစိုက် မိ နေ သလို ခံစား ရ လာပါ လိမ့်မယ်....မျက်လုံး များကို လွဲမပစ် ပါ နဲ့....ဆက် ၍ စူးစိုက် ကြည့် ပါ....အလွန် ပင် ပန်း လာရင် တော့ မျက်လုံး အ ကြော များ ကို အ ခြေခံ ကျင့်စဉ် နဲ့ ပြန် လျှော့ ပါ...
ထိုစူးစိုက် တဲ့ အဆင့် မှာ တစ်နာရီ မျှ ကြာအောင် စူးစိုက် ထားနိုင် ပြီး အတန်အသင့် ပြင်းထန် တဲ့ အင်.အား တစ်ခု ကို တတိယမျက်လုံး နေရာ မှာ ထား နိုင် ပြီ ဆို ဒုတိယ ကျင့်စဉ် စ ပါမယ်....
*ပင်.မကျင့်စဉ် - စွမ်းအင် ခံယူခြင်း*
ဒီ အဆင့် မှာ တော့ စကြ၀ဋ္ဌာ ရဲ့ စွမ်းအင် ခံယူ ခြင်း ကျင့်စဉ် ပါ လာပါ ပြီ.....
အထက် မှာ ပြောထား သကဲ့သို့ မျက်လုံး ကို အင်.အား.စူးစိုက် နေ စဉ် မှာ မိမိ ရဲ့ ခန္ဓာ ကိုယ် နဲ့ မိမိ တည် နေရာ ဖွဲ့စည်းပုံ ကို မျက်စိထဲ မြင် အောင် ပုံဖော် ပါ....မိမိ ၀တ်ထားသော အ၀တ်အစား...မိမိ ထိုင် နေ/လှဲ နေ သော ပုံ စ သည် ကို အခြားလူ တစ်ဦး မှ မြင် သကဲ့သို့ တတ် နိုင် သမျှ ရှင်းလင်းပြတ်သား အောင် ပုံဖော် ပါ....
ထိုသို့ ပုံဖော် နိုင် ပြီ ဆို လျှင် မိမိ ၏ တတိယ မျက်လုံး နေရာ ကို အထက် စကြ၀ဋ္ဌာ မှ စွမ်းအင် များ.က စီးဆင်းဝင် လာ နေပုံ ကို ဆက် ၍ ပုံဖော် ပါ....မိမိ ကြိုက် နှစ် သက် ရာ အ ရောင် နဲ့ ပုံဖော် နိုင် ပါတယ်.....တဆက် တည်း မှာ ဘဲ မိမိ ၏ မျက်လုံး မှ လည်း.၀င် လာ သော စွမ်းအင် များကို လက်ခံ မိ ကြောင်း ပုံဖော်ခံစား ပါ....
(စိတ်ပညာ ကျင့်စဉ် အားလုံး တွင် အမြဲ ပုံဖော် ရ မည့် အချက် မှာ 'ဖြစ်နေပြီ' ဟူ သော စိတ် ဖြစ် သည်...'ဖြစ်လာလိမ့်မည်' မဟုတ်...ယခု အ ခြေ အ နေ တွင် လည်း 'မိမိ မျက်လုံးထဲ သို့ စွမ်းအင် များ စီးဆင်း ၀င် နေပြီ' ဟု ပုံဖော် ရ မည်)
ထိုသို့ ပုံဖော် ရင်း ဖြင့် အချိန် အတိုင်းအတာ တစ်ခု ရောက် လျှင် တတိယမျက်လုံး ပွင့် ကာ သူ ၏ အစွမ်း သတ္တိကို ခံစား ရ မည်.....
ထို အစွမ်းသတ္တိ များကို တိတိကျကျ ပြောရန် ခဲယဉ်းသည်...လူ ကို လိုက် ၍ ကွဲပြား သည် ဟု ဆို နိုင် သည်....
ကျင့် နေစဉ် အချိန် အတွင်း ရ ရှိ သော အကျိုး များ မှာ
-အာရုံကြော အား ကောင်းလာခြင်း
-အာရုံကြော အသုံးပြု များ ၍ နာကြင် လျှင် ကျင့်စဉ် ဖြင့်ကု နိုင် ခြင်း
-အနာဂါတ် ကို အချို့အ၀က် မြင် လာ နိုင် ခြင်း
-လူတစ်ဦး ကို ကြည့် ၍ သူ၏ စိတ် ဓာတ် အ ကောင်းအဆိုး ကို ခံစား သိ နိုင် ခြင်း
-မြင်.မက် သည့် အိပ်မက် များ ပို ၍ ရှင်းလင်း လာခြင်း
-နိမိတ် များကို ပို ၍ မြင် နိုင် လာခြင်း တို့ ဖြစ် သည်....
တကယ် လို ချင် လျှင် အဟုတ် လုပ် ပါ....ကျင့်စဉ် ကို မယုံကြည် လျှင် လစ်လျူရှု ပါ..မပုတ်ခတ် ပါ နှင့်....
လူတိုင်း အကျိုး ရှိ နိုင် ပါ စေ....
https://www.facebook.com/groups/288016775003217/permalink/301068480364713/

No comments:
Post a Comment
Note: Only a member of this blog may post a comment.