ခွေးကခွေးအလုပ်လုပ် လူကလူအလုပ်လုပ်
LAမှာမိုးတွေတအားရွာပြီး
LA မြစ်ထဲမှာ ရေတွေပြည့်သွားတယ်
TV သတင်းမှာ
မီးသတ်သမားတွေ ရဲတွေ ဟယ်လီကော့ပတာတွေ
မီဒီယာတွေအယောက် ၁၀၀ လောက်ရှိမယ်
မိုးထဲလေထဲ ရေစီးအတိုင်း
အရှိန်ပြင်းထန်စွာ
မျောပါသွားနေတဲ့ ခွေးကို
မောင်းနေတဲ့ ဟယ်ရီကော်ပတာပေါ်ကနေ
ကြိုးတန်းလန်းနဲ့ဆင်းလာတဲ့မီးသတ်သမားက
ပိုက်ကွန်နဲ့ပစ်ပြီး ဖမ်းဖို့လုပ်တယ်
ကြည့်နေတဲ့ လူသိန်းပေါင်းများစွာက
ခွေးအသက်ရှင်ဖို့
မီးသတ်သမား ဘေးကင်းဖို့
ဆုတောင်းနေကြတယ်။
နာရီဝက်လောက်အကြာမှာ ပိုက်ကွန်မှာမိတယ်
ခွေးကိုဆွဲယူ ရင်ဘတ်မှာပွေ့ဖို့လုပ်တော့
ကြောက်နေတဲ့ခွေးက ကိုက်တော့တာဘဲ
မီးသတ်သမားရဲ့နာကျင်ညည်းတွားသံက
TV မှာကြားနေရတယ်
Radio ကနေ အထက်အရာရှိကပြောတယ်
မင်းသဘောပဲ
အကိုက်ခံရတာ မခံနိုင်ရင် ပြန်လွတ်ချလိုက်တဲ့
ခွေးနဲ့လေပေါ်မှာတွဲလောင်းကြီး
ရုန်းကန်နေကြတယ်
ခွေးက သုးံလေးချက်ကိုက်တယ်
မျက်နှာကို မကိုက်မိအောင်
လက်ကိုပေးကိုက်ထားတယ်
ကြည့်နေတဲ့လူတွေလဲ ရင်တထိတ်ထိတ်နဲ့ပေါ့
နောက်ဆုးံ ခွေးမသားခွေး
ဟယ်လီကော်ပတာပေါ်ရောက်သွားတယ်
မီးသတ်သမားကိုဂုဏ်ပြုပွဲလုပ်ကြတယ်
မြို့တော်ဝင်ကအစတက်ရောက်ကြတဲ့
ဂုဏ်ပြုပွဲမှာ သတင်းထောက်ကမေးတယ်
ဒီလောက်ကိုက်နေတဲ့ ခွေးကို
အသားအနာခံပြီး
ဘာဖြစ်လို့ကယ်တာလဲတဲ့
သူကဘာပြောသလဲဆိုတော့
ခွေးအလုပ်က ကိုက်ရမဲ့အလုပ်
သူ့အလုပ်က အသက်ကယ်ရမဲ့အလုပ်
ခွေအလုပ် ခွေးလုပ်ပြီး
လူ အလုပ်ကို လူလုပ်တာပါတဲ့
အဲဒီတော့ မှတ်သားစရာကောင်းတဲ့အချက်က
တစ်ခါတစ်ရံ
လူတွေကို ကူညီပေးပေမဲ့
ကူညီတဲ့ လူကို ကျေးဇူးတင်ဖို့နေနေသာသာ
ပြန် ဒုက္ခပေးကြ ဆဲကြ ကိုက်ကြတဲ့
လူ့ခွေးတွေရှိနေပေမဲ့လည်း
ကူညီမှုကို မရပ်ဆိုင်းလိုက်ပါနဲ့
လူဟာ လူ အလုပ်လုပ်ပါ
ခွေးဟာ ခွေးအလုပ်လုပ်ပါစေ။
လူသားပီသတဲ့ လူဟာ
သူတပါးအပေါ်မှာ
စာနာစိတ်ရှိပြီး
ဘယ်လိုအခြေအနေမျိုးမှာမဆို
တတ်နိုင်သလောက် ကူညီတတ်သူတွေဖြစ်တယ်။
Ko Htwe
18. 4. 2018
LAမှာမိုးတွေတအားရွာပြီး
LA မြစ်ထဲမှာ ရေတွေပြည့်သွားတယ်
TV သတင်းမှာ
မီးသတ်သမားတွေ ရဲတွေ ဟယ်လီကော့ပတာတွေ
မီဒီယာတွေအယောက် ၁၀၀ လောက်ရှိမယ်
မိုးထဲလေထဲ ရေစီးအတိုင်း
အရှိန်ပြင်းထန်စွာ
မျောပါသွားနေတဲ့ ခွေးကို
မောင်းနေတဲ့ ဟယ်ရီကော်ပတာပေါ်ကနေ
ကြိုးတန်းလန်းနဲ့ဆင်းလာတဲ့မီးသတ်သမားက
ပိုက်ကွန်နဲ့ပစ်ပြီး ဖမ်းဖို့လုပ်တယ်
ကြည့်နေတဲ့ လူသိန်းပေါင်းများစွာက
ခွေးအသက်ရှင်ဖို့
မီးသတ်သမား ဘေးကင်းဖို့
ဆုတောင်းနေကြတယ်။
နာရီဝက်လောက်အကြာမှာ ပိုက်ကွန်မှာမိတယ်
ခွေးကိုဆွဲယူ ရင်ဘတ်မှာပွေ့ဖို့လုပ်တော့
ကြောက်နေတဲ့ခွေးက ကိုက်တော့တာဘဲ
မီးသတ်သမားရဲ့နာကျင်ညည်းတွားသံက
TV မှာကြားနေရတယ်
Radio ကနေ အထက်အရာရှိကပြောတယ်
မင်းသဘောပဲ
အကိုက်ခံရတာ မခံနိုင်ရင် ပြန်လွတ်ချလိုက်တဲ့
ခွေးနဲ့လေပေါ်မှာတွဲလောင်းကြီး
ရုန်းကန်နေကြတယ်
ခွေးက သုးံလေးချက်ကိုက်တယ်
မျက်နှာကို မကိုက်မိအောင်
လက်ကိုပေးကိုက်ထားတယ်
ကြည့်နေတဲ့လူတွေလဲ ရင်တထိတ်ထိတ်နဲ့ပေါ့
နောက်ဆုးံ ခွေးမသားခွေး
ဟယ်လီကော်ပတာပေါ်ရောက်သွားတယ်
မီးသတ်သမားကိုဂုဏ်ပြုပွဲလုပ်ကြတယ်
မြို့တော်ဝင်ကအစတက်ရောက်ကြတဲ့
ဂုဏ်ပြုပွဲမှာ သတင်းထောက်ကမေးတယ်
ဒီလောက်ကိုက်နေတဲ့ ခွေးကို
အသားအနာခံပြီး
ဘာဖြစ်လို့ကယ်တာလဲတဲ့
သူကဘာပြောသလဲဆိုတော့
ခွေးအလုပ်က ကိုက်ရမဲ့အလုပ်
သူ့အလုပ်က အသက်ကယ်ရမဲ့အလုပ်
ခွေအလုပ် ခွေးလုပ်ပြီး
လူ အလုပ်ကို လူလုပ်တာပါတဲ့
အဲဒီတော့ မှတ်သားစရာကောင်းတဲ့အချက်က
တစ်ခါတစ်ရံ
လူတွေကို ကူညီပေးပေမဲ့
ကူညီတဲ့ လူကို ကျေးဇူးတင်ဖို့နေနေသာသာ
ပြန် ဒုက္ခပေးကြ ဆဲကြ ကိုက်ကြတဲ့
လူ့ခွေးတွေရှိနေပေမဲ့လည်း
ကူညီမှုကို မရပ်ဆိုင်းလိုက်ပါနဲ့
လူဟာ လူ အလုပ်လုပ်ပါ
ခွေးဟာ ခွေးအလုပ်လုပ်ပါစေ။
လူသားပီသတဲ့ လူဟာ
သူတပါးအပေါ်မှာ
စာနာစိတ်ရှိပြီး
ဘယ်လိုအခြေအနေမျိုးမှာမဆို
တတ်နိုင်သလောက် ကူညီတတ်သူတွေဖြစ်တယ်။
Ko Htwe
18. 4. 2018
No comments:
Post a Comment
Note: Only a member of this blog may post a comment.