mtk imei nvram same cpu
imei ရေးတဲ့ အခါ တလွဲ တွေးနေကြမှာဆိုးလို့ ဘီဂင်နာ ပို့စ် အနေနဲ့ တင်လိုက်ပါတယ်
imei ရေးတဲ့ နည်းတွေ အများကြီး ရှိကြပါတယ်
အဲ့ထဲက မှ
၁)root ဖောက်ပြီး imei ရေးပေးနိုင်တဲ့ apk တွေနဲ့ ရေးတဲ့နည်း
၂)MTKDroid Tool နဲ့ သက်ဆိုင်ရာ nvram ကို restore တဲ့နည်း
၃)Box,Dongle နဲ့ ရေးတဲ့နည်း
၎)imei null နေတဲ့ ဖုန်းထဲက nv ကို ပြန်ပြင်ရေးတဲ့နည်း
အစရှိ သဖြင့် အမျိုးမျိုးရှိကြတယ်
imei မရှိဘူး ဆိုပေ့မယ့် baseband ရောရှိသေးလား
ကြည့်ပါအုံး
baseband ရှိတယ် imei null တယ်
အဲ့လို mtk devices တွေ အတွက်
အထူး သဖြင့် mtk အနိမ့်ပိုင်းလေးတွေမှာ
imei ကို ဘယ်လိုမှရေးလို့ မရဘူး
apk တွေနဲ့ ရေးတာ မရဘူး
mtk droid tool နဲ့ရေးတာ အဆင်မပြေဘူး
box တွေ နဲ့ရေးတယ် အဆင်မပြေပြန်ဘူး
nvram ကို restore မလုပ်ပဲ imei ကိုပဲထိုင်ရေးနေရင်
အဆင်မပြေတာကို တွေ့ရမှာပါ
nvram backup ပြီးပြန်ပြင်ရေးဖို့ကြတော့ တချို့  မသိတဲ့လူတွေ အဖို့တော့ ခဲယဉ်းတာပေါ့
အခုပြောပြမဲ့ နည်းလမ်းက
mt6582 နဲ့ တခြားသော mtk cpu အနိမ့် တွေမှာ
လုံးဝအဆင်ပြေပါတယ်
တခြား device တွေ စမ်းကြည့်ကြပါ
အဓိက လိုအပ်တာက
အကောင်းတလုံးထဲက nvram လေးပါ
model မတူလည်း ရပါတယ်
cpu no လေးတော့ တူနေရပါတယ်
ဒါပေ့မယ့် ချွင်းချက်တော့ ရှိတယ်
nvram က ကျိန်းသေ အလုပ်လုပ်ရမယ် အောင်ရမယ်ပေါ့
ဥပမာ အနေနဲ့
mt6582 cpu တွေ imei null လာရင်
hol-u19 ရဲ့ nvram.bin လေးကို nck dongle crack လေးရဲ့
backup tab လေးကိုသွားပါ
restore nvram flash mode ကိုနိပ်ပါ
file type ကို (".") ထားပေးလိုက်ပါ open ပေးလိုက်ပါ
ပြီးရင်
preloader mode နဲ့ကြိုးထိုးပါ
ပြောချင်တာက ဘာမှ မနိပ်ပဲ ပါဝါပိတ်ပြီးတော့သာ
ကြိုးထိုးလိုက်ပါ တခါတလေ
vol up or vol down နိပ်ပြီး ကြိုးထိုးရတာတွေရှိပါတယ်
flash လိုပြီးသွားရင် imei လေးရှိနေပါလိမ့်မယ်
nvram က cpu အပေါ်မူတည်ပါတယ်
ဥပမာ-oppo r2001 လို mt6582 မှာ imei ပျောက်နေတယ် ဆိုရင် hol-u19 ရဲ့ nvram လေးသာ အပေါ်က နည်းလေးအတိုင်း ကောက်ထည့်လိုက် အားလုံး ok တယ်
တခြား devices တွေ အဆင်ပြေပါတယ်စမ်းကြည့်ကြပါ
အားလုံးအစဉ်ပြေကြပါစေ ဗျာ
https://www.facebook.com/permalink.php?story_fbid=552416841806979&id=100011160048770

No comments:
Post a Comment
Note: Only a member of this blog may post a comment.