emmcdl နဲ့ပါတ်သက်ပြီး သုံးလို့ရတာလေးတွေနဲ့
Beginner တွေ သဘောပေါက်အောင်
cmd အနည်းအကျင်းလေးပြောပြပါ့မယ်
Firmware တခုမှာ rawprogram0.xml နဲ့ patch0.xml ပါမယ် ပြီးရင် programmer ဖိုင်လေးပါခဲ့မယ် ဆိုရင် ကျွန်တော်တို့အဲဖုန်းကို command လေး၂ကြောင်းနဲ့ firmware ရေးလို့ရပါတယ်
ဘာtool မှမလိုပါဘူး...
Qualcomm နဲ့ပါတ်သက်ပြီးရေးလို့ရတာတွေအများကြီးပါဘဲ
9008 ကနေ block0 ထုတ်ဖို့အတွက်လည်း
emmcdl နဲ့ programmer ဖိုင်လေးသာလိုအပ်ပါတယ်
emmcdl နဲ့တွဲသုံးလို့ရမဲ့ list ကတော့ အများကြီးမှတ်စရာမလိုပါဘူး
emmcdl -l
(-l ဆိုတာက 9008 mode မှာချိတ်မိနေတဲ့ port ကိုကြည့်တာပါ အဲလိုမဟုတ်ဘဲ devicemanger ကနေကြည့်လို့လည်းရပါတယ်)
emmcdl -l လိုရိုက်တာနဲ့ comဘယ်လောက်ဆိုပြီးပေါ်လာမယ်
Com သိရင်
emmcdl -p
(-p ဆိုတာ port ကိုညွှန်းပါတယ်)
ဒါမျိုးပေါ့
emmcdl -p com### အဲလိုမျိုးပေါ့ ဒီနေရာမှာ # လေးက device manager မှာပေါ်နဲ့ 9008 mode ရဲ့ com port နံပတ်ပါ
Port သိပြီဆိုရင်
နောက်တကြောင်းက
Emmcdl -p com### -f
(-f ဆိုတာ ကိုယ် flash မဲ့ ဖုန်းရဲ့ programmer ဖိုင်ကိုရည်ညွှန်းတာပါ)
အဲတော့
emmcdl -p com### -f pro_emmc_firehose_####.mbn/.elf
အဲလိုပါ
Ufs ဆိုရင်တော့ .elf ပေါ့ဗျာ
Ufs type မှာဆိုရင် MomeryName ကို ရှေ့ကထည့်ပြီးတော့ cmd ရိုက်မှ Prog ဖိုင်နဲ့ ချိတ်တာပါ
Qualcomm တွေအတွက် partition ကြည့်ချင်ရင်
-gpt ကို သုံးရပါတယ်
(-gpt ဆိုတာက qualcomm တွေအတွက် partition တွေကြည့်တဲ့ cmd ပါ)
အဲတော့
emmcdl -p com### -f pro_emmc_firehose_####
.mbn -gpt
အဲအနေအထားဆိုရင် ဖုန်းထဲမှာရှိတဲ့ partition list တွေကျလာပါလိမ့်မယ်
Sbl1
Aboot
Boot
system
cache
userdata
persist
အဲ့လို name လေးတွေနဲ့ cmd box ထဲမှာ ပြပေးပါလိမ့်မယ်
အဲ့ထဲမှာ byname နဲ့လည်း တခုချင်းဆီကို backup ထုတ်လို့ရသလို့ sector size address နဲ့လည်းထုတ်လို့ရပါတယ် ufs မှာဆိုရင်တော့ sector နဲ့ဘဲရပါတယ်
အဲတော့ backup ထုတ်ကြည့်ရအောင်ဗျာ
ထုတ်မဲ့ cmd က -d
dဆိုတာက dump လုပ်တယ်လိုခေါ်ပါတယ်
တနည်း copy ကူးတယ်ပေါ့
အလွယ်ပြောရရင် ဖုန်းထဲက partition ကို copy ပြီးတော့ computer ထဲမှာ paste လုပ်တယ်ပေါ့
ကျွန်တော်တို့ပစ္စည်းတခုကိုယူလိုက်ပြီဆိုပါဆို အဲပစ္စည်းကို ဘယ်လိုယူရမလဲလည်းသိရမယ် ယူပြီးရင် ဘယ်နေရာမှာထားမလည်းသိရမယ်
ဘယ်နေရာမှ သိမ်းမလည်းပေါ့
ယူပြီးသိမ်းမဲ့နေရာမရှိရင် အဆင်မပြေဘူးလေ
-o ဆိုတဲ့ cmd နဲ့ ထားမဲ့ နေရာပါ
o ဆိုတာ output ပါ
emmcdl -p com# -f prog_emmc_firehose_###
.mbn -d boot
-d boot ကိုထုတ်မှာမို့ boot လို့ရေးတာပါ ဟုတ်ပြီ boot ကိုဘာနဲ့ထုတ်မလည်း img လား bin နဲ့လားကြိုက်ရာထုတ်ပါ
ထုတ်ပြီးရင် သိမ်းမဲ့နေရာမှာ ဘာနာမည်နဲ့သိမ်းမလည်းပေါ့
-o boot.img အဲလိုမျိုးပါ
အပြည့်အစုံကတော့
emmcdl -p com### -f prog_emmc_firehose_####
.mbn -d boot -o boot.img
ဒါကတော့ backup ထုတ်လိုက်တာပါ
address နဲ့ ထုတ်တာကို မပြောတော့ပါဘူး
သိပ်မခတ်ပါဘူး ပုံနဲ့ မပြတဲ့ အတွင်ရုပ်ကုန်မှာဆိုးလို့ပါ
နောက်တခုက ဖျက်မဲ့ cmd ပါ
-e ဆို တာ erase လုပ်တာပါ
ဘယ်အပိုင်းကို ဖျက်မလည်း persist ကို ဖျက်ချင်ရင်တော့
-e persist လို့လို့ မရပါဘူး persist က img လားbin လားခွဲရအုံးမှာပါ များသောအားဖြင့် img ကိုဘဲ flashပါတယ်
အဲတော့ -e persist persist.img

.mbn -e persist persist.img
အဲ့လိုပါ
-b ဆိုတာ flash တဲ့ command ပါ
ဘာနဲ့ တူလည်းဆိုတော့
fastboot ကနေ flash တာနဲ့သဘောတူပါတယ် ရေးနည်းပြောတာပါ
fastboot flash recovery recovery.img အဲလိုမျိုးပါဘဲ
ဒီတော့ -b persist ကို flash မယ် persist က image လား bin လား ကိုထည့်ထားတာကိုကြည့်ပါ
-b persist persist.img အဲလိုပါ
အပြည့်အစုံ

.mbn -b persist persist.img
ရှေ့ကcmd တွေအားလုံးကတူပါတယ်
for ufs type cmd
emmcdl -p com### -MemoryName ufs -f prog_ufs_firehose_####.elf ------ ဒီအနောက်ကတော့အပ်ါက အတိုင်းပါပဲ
အခုလိုမျိုးပါ...
-l
-gpt
-d
-o
-e
-b
အကြောင်းလေးနဲ့ အသုံးပြုပုံလေးပါ
ပုံနဲ့တော့ တွဲမပြတော့ပါဘူး
https://www.facebook.com/permalink.php?story_fbid=560361624345834&id=100011160048770

No comments:
Post a Comment
Note: Only a member of this blog may post a comment.