Breaking News
*****************
Facebook ကို ဝယ်ယူပြီး ဖျက်သိမ်းသွားမယ်ဆိုတဲ့ Elon Musk
*************************************************************
Space X နဲ့ Tesla တို့ရဲ့ အရှင်သခင် Elon Musk ဟာ သူ့အနေနဲ့ Facebook ကို အပြီးအပိုင်ဝယ်ယူသွားမယ်လို့ Twiiter စာမျက်နှာမှာ Tweet ခဲ့ပါတယ်။ ၀ယ်ယူပြီးရင်တော့ Facebook ကို အပြီးအပိုင်ဖျက်သိမ်းလိုက်မှာဖြစ်ကြောင်းကိုလည်း တစ်ပါတည်းပြောကြားခဲ့ပါတယ်။ အဆိုပါသတင်းဟာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါတယ်။
Elon Musk ရော Mark Zukerberg နှစ်ယောက်လုံးဟာ စွန့်ဦးတီထွင်သူတွေဖြစ်ကြပါတယ်။ သို့ပေမဲ့ Elon Musk ရဲ့ စိတ်ကူးတွေကတော့ ပိုမိုကြီးမားပါတယ်။ လကမ္ဘာပေါ်တောင် ပြိုင်ကားတစ်စီးတင်လွှတ်လိုက်နိင်ခဲ့တဲ့ Elon Musk ရဲ့ ဇကိုတော့ အထင်သေးလို့မရပါဘူး။ သူအနေနဲ့ Facebook ကို အမှန်တကယ် ၀ယ်ယူသွားလောက်ပါတယ်။
Facebook ရဲ့ ကိုယ်ရေးကိုယ်တာခိုးယူမှုတွေကလည်း ဆိုရွားလွန်းလှပါတယ်။ အနောက်ကမ္ဘာအခြမ်းမှာတော့ Elon Musk အပါအ၀င်အခြားသောပညာရှင်တွေက Facebook ကိုဆန္ဒပြနေကြပါပြီ။ Elon Musk အနေနဲ့ သူ့အကောင့်ရော Space X လူမှုကွန်ရက်အကောင့်ကိုရော ဖျက်သိမ်းလိုက်ပြီးဖြစ်ပါတယ်။ Play Boy မဂ္ဂဇင်းကလည်း Facebook စာမျက်နှာဖျက်သိမ်းလိုက်ပါပြီ။
Facebook ရဲ့ ယခုအနေအထားကတော့ လုံးဝကို ချောက်ထဲကျတော့မည့် အနေအထားပါ။ Twiitter ပေါ်မှာဆို Facebook ရဲ့ အပုပ်နံတွေက ပွထနေပြီး #deletefacebook ဆိုတာကြီးပဲ။ မာခ့်ဇူကာဘတ်အနေနဲ့လည်း ထိုကိစ္စတွေကို ဖြေရှင်းနိုင်စွမ်းမရှိတော့ပါဘူး။ ထိုလိုအချိန်မှာ Elon Musk ကသူ့အနေနဲ့ Mark သာဆန္ဒရှိရင် Facebook ကိုဝယ်ယူပြီး Tesela ရှိတဲ့ လကမ္ဘာပေါ်ဆီသို့ Facebook ဆော့ဝဲကို မောင်းထုတ်ပစ်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Facebook ရဲ့သုံးစွဲသူတွေအပေါ် ကျင့်ဝတ်ဖောက်ဖျတ်မှုကလည်း တော်တော်ဆိုးရွားလှပါတယ်။ အသုံးပြုသူတိုင်းရဲ့ ကိုယ်ရေးးအချက်အလက်တွေ၊ နေစဉ်နေထိုင်မှုဘ၀တွေကိုပါ ထောက်လှမ်းခိုးယူကြတာပါ။ အရှေ့တောင်အာရှနိုင်ငံများမှာသာ Privacy ကအရေးမပါပေမဲ့ အနောက်နိုင်ငံတွေမှာတော့ လုံခြုံရေးသည်သာ အဓိကပါ။ ဒါကြောင့် ကျင့်ဝတ်ဖော်ဖျတ်နေတဲ့ facecbook ကိုဆန္ဒပြနေတာလည်းဖြစ်ပါတယ်။ Facebook ဟာ (၂၀၁၇) နှစ်ကုန်လောက်အထိ ဆွဲဆောင်မှုအရှိဆုံးလူမှုကွန်ရက်တစ်ခုဖြစ်ခဲ့ပါတယ်။ ယခုတော့ အဲ့လိုမဟုတ်တော့ပါဘူး။ Facebook ရဲ့အခြေအနေတွေက အလုံးစုံပြောင်းလဲခဲ့ပါပြီ။ Mark အတွက် (2018) ခုနှစ်ကကံဆိုးတဲ့နှစ်လို့တောင် ယူဆလို့ရပါတယ်။
Elon Musk အနေနဲ့ Facebook ကိုဝယ်ယူမယ်လို့အခိုင်အမာပြောကြားတဲ့သတင်းက ပြည်သူ့မေတ္တာခံယူမှုတစ်ခုလားဆိုတာကတော့ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။ Elon Musk ရဲ့ ကုမ္ပဏီ Space X အနေနဲ့လည်း နောက် (၁၀) နှစ်အတွင်း အာကာသသို့ ဂြိုလ်တုများစွာလွတ်တင်သွားမှာပါ။ ထိုဂြိုလ်တုတွေကတဆင့် လူသားတွေကို အင်တာနက်လိုင်းတွေ ပြန်ပေးမှာဖြစ်ပါတယ်။ အဆိုပါအရာဟာ Mark ရဲ့ အိမ်မက်ပါ။ Mark အိမ်မက်ကို ပြည်သူတွေ၊ လူသားတွေထောက်ခံဖို့အတွက် Facebook ကိုအသုံးချပြီး လူစွမ်းကောင်းဝင်လုပ်သလားဆိုတာကတော့ ဘယ်သူမှမသိနိုင်ပါဘူး။
Mark ရဲ့အနာဂတ်က ဘယ်လိုတွေဖြစ်သွားနိုင်မယ်ထင်လဲ ပြောချင်လွန်းလို့ စာဖတ်သူတို့ရေ။ Facebook ကြီးသာပျက်သုဉ်းခဲ့ရင် ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့လည်း ထိုဂယက်ကို အပြင်းအထန်ခံစားရမှာပါ။ Facebook နဲ့ Elon Musk နှောင်ကြိုးဖွဲ့အချစ်ဇာတ်လမ်းကိုတော့ ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ ဆက်လက်ရှုစားကြရအောင်။
credit original uploader
http://www.luckymyanmar.com/archives/942

No comments:
Post a Comment
Note: Only a member of this blog may post a comment.