Sunday, November 18, 2018

RNE-L22 - 4RAM 64GB FIX

RNE-L22 - 4RAM 64GB FIX
RNE-L22
Huawei Nova 2i တစ်​လုံး လာအပ်​တယ်
ညီလေး သန်းတိုးအောင်​ကလွှတ်​ပေးတာ
လာအပ်​တဲ့ ကောင်​လေးကို

အကိုရေ Nova 2i လေး ကျွန်​တော်​ System Update သွားလုပ်​လိုက်​တာ Touch ဆွဲမရတော့လို့ ကူပါအုံး

ကျွန်​တော်​လဲ အပြင်​မှာ စက်​ဘီးထွက်​နင်းနေတာမို့
ကျွန်​တော့်​ဆိုင်​လိပ်​စာပြောပြီးသွားအပ်​ခိုင်းလိုက်​တယ်

အဲ့တာနဲ့ သူလဲဆိုင်​သွားအပ်​တယ်
ဆိုင်​က စာရေးမလေးတွေက လက်​ခံထားလိုက်​တယ်
ဘောက်​ချာဖြတ်​ပေးလိုက်​တယ်
သူအပ်​သွားတာ ညနေပိုင်း

အဲနောက်​ရက်​မနက်​ကြတော့ ဖုန်းဆက်​လာတယ်
မရသေးဘူးလားပေါ့ ဆိုင်​ဖုန်းကို
ဒါနဲ့ စာရေးမလေးတွေကအကိုရေ မရသေးပါဘူး
လုပ်​နေတုန်းပါ ရခဲ့ရင်​ Service ခတစ်​သောင်းကျမယ်​ပေါ့
အဲ အဲ့မှာ နဲနဲသူ့ဖက်​က စပြောတယ်
ဒါလေးလုပ်​တာ တစ်​သောင်းတောင်​တောင်းလား
သူလဲ ဆိုင်​သမား Service သမားပဲပေါ့
သူမအားလို့ပါပေါ့
သူက နယ်​ကပေါ့
ရတယ်​ရတယ်​ လုပ်​လိုက်​လုပ်​လိုက်​ နောက်​နေ့မနက်​ဆယ်​နာရီ
လိုချင်​တယ်​ ဒါပဲ ဆိုပြီးဖုန်းချသွားတယ်

ကျွန်​တော်​လဲ နဲနဲတော့ တင်းသွားတာပေါ့
ဒါပေမဲ့ ဒီလောက်​နဲ့ ကျွန်​တော်​စိတ်​တိုပေါက်​ကွဲတက်​တဲ့လူမျိုးမဟုတ်​ပါဘူး

ဒီလိုနဲ့ အဲ့နေ့မှာပဲ ကျွန်​တော်​ စာတွေလိုက်​ဖက်​တယ်
ဖုန်းကို စစ်​တယ်
(1) Recovery ဝင်​ပြီး Touch ဆွဲကြည့်​တော့
ရတယ်​ ဟုတ်​ပြီ Software Error သေချာသွားပြီ
(2)နောက်​တစ်​ချက်​က Touch လဲထားတာကို
System Update လုပ်​မိရင်​ Touch ဆွဲမရဖြစ်​တယ်
(3)ဟုတ်​ပြီ အဲ့တော့ဘာလုပ်​ရမလဲ Downgrade ဆင်းရမယ်
Downgrade ဆင်းဖို့အတွက်​ကို Update.app နဲ့
ဆင်းမယ်​ဆိုရင်​ bootloader unlock လိုမယ်
အဲ့တော့ MRT dongle နဲ့ဆင်းမယ်​ဆိုရင်​တော့
Temporarity unlock ရတဲ့အတွက်​ ဆင်းလို့ရမယ်​လို့တွက်​ပြီး MRT Dongle နဲ့ ဆင်းလိုက်​တယ်
ဒါပေမဲ့ update.app ကိုရေးလို့တော့ပြီးသွားတယ်
ဖုန်းက Firmware ပျက်​သလိုဖြစ်​သွားတယ်
logo တက်​လိုက်​ကျလိုက်​ဖြစ်​နေရော
recovery လဲဝင်​သေးတယ်
ဒါနဲ့ memory card ထဲကို Update.app ထည့့်ပြီးရေးကြည့်​တယ်​ 5% နဲ့ fails ပြတယ်
ဒါနဲ့ MRT dongle နဲ့ နောက်​တစ်​ခေါက်​ ပြန်​ရေးတယ်
ပြီးသွားတယ်
အဲ့မှာ တိုင်​ပါတ်​တော့ပဲ
ရေးလို့တော့ပြီးသွားတယ်​ ဖုန်းက fastboot လဲမဝင်​တော့ဘူး
recovery လဲ မဝင်​တော့ဘူး
တန်းလန်းလန်းကြီး
Mrt နဲ့တင်​မရ memory card လဲမသိ
ဒုက္ခတော့ရောက်​ပြီ
အဲ့တာလေးလုပ်​နေတာကိုက နေ့တစ်​ပိုင်းကြာသွားတယ်
ဒါနဲ့ ခနနားထားလိုက်​တယ်​ ညကြမှ ဆက်​လုပ်​မယ်​ပေါ့
Firmware တစ်​ဖိုင်​ဒေါင်းဖို့ဟာကလဲ 4gb ကျော်​ 5gb
UPDATE.App ကို တစ်​ခါဖြည်​ချရင်​ ဆယ်​မိနစ်​နီးပါ
ဖြည်​ချထားတဲ့ UPDATE.APP ကို MEMORY CARDထဲ
ကူးထည့်​ရင်​ကို 15 မိနစ်​ /မိနစ်​ 20 နီးပါးကြာတယ်
အဲ့လိုနဲ့ နားလိုက်​တယ်
ညကြတော့ဆက်​လုပ်​တယ်
ရှာတယ်​ဖွေတယ်
Firmware တွေဒေါင်းတာ GB 30 ကျော်​သွားတယ်
အဆင်​မပြေတာနဲ့
ညတစ်​နာရီလောက်​ကြ နားလိုက်​တယ်
boardfoftware တင်​ကြည့်​မယ်
မရရင်​တော့ရင်​ emmc ဖြုတ်​ပြီးလုပ်​မယ်​လို့ဆုံးဖြတ်​လိုက်​တယ်

နောက်​ရက်​ရောက်​တော့ လာအပ်​တဲ့ ကောင်​လေးရောက်​လာတယ်
ဗျောက်​ဖောက်​ပါလေရော
ကျွန်​တော်​က နယ်​ပြန်​ရမှာ ဘာလို့ရအောင်​လုပ်​မထားတာလဲ
ကျွန်​တော်​က မအားလို့ဗျ
ကျွန်​တော့်​သူငယ်​ချင်းဆိုင်​မှာ wifi free ရတယ်
ကျွန်​တော်​လဲ Service သမားပဲ
ဒီအလုံးကို လုပ်​မယ်​ဆို ဒီအလုံးပဲရအောင်​ထိုင်​လုပ်​တာ
ခင်​ဗျားတို့က မဟုတ်​သေးဘူး ဘာညာနဲ့ပြောရော
အရင်​လိုဆိုရင်​တော့ ကျွန်​တော်​လား ဒေါသထွက်​ပြီပေါ့ဗျာ

ခုကြကျွန်​တော်​ ဒေါသမထွက်​ပဲနဲ့ သူ့ကိုသနားသွားတယ်
အော်​သူ Service လုပ်​တာသိပ်​ပြီး မကြာသေးလို့ပြောနေတာပဲကို
ဆိုပြီး နားလည်​ပေးလိုက်​တယ်

ကျွန်​တော်​ရှင်းပြတယ်
မဟုတ်​ဖူးညီလေး Service မှာဒီလိုရှိတယ်
အခု ဒီအလုံးကို ညီလေးလဲ Service သမားဆိုရင်
ညီလေးဆိုင်​ကို Customer ကလာအပ်​တယ်
ညီလေးက လွယ်​မယ်​ထင်​ပြီး
ခနလေးနဲ့ပြီးမယ်​ထင်​ပြီး
firmware update
ကောက်​တင်​လိုက်​တယ်​ ခု Touch ဆွဲမရတော့
ညီလေးလဲ ညီလေး customer ပေါ်မှာ
အချိန်​ကြာသွားတယ်​မလား အကိုလဲ အဲ့လိုပဲ
ညီလေးကို Service သမားချင်းကိုယ်​ချင်းစာပြီးတော့တောင်
ဈေးလဲတစ်​သောင်းထဲနဲ့ ရှော့ပြီး စေတနာထားလုပ်​ပေးထားတယ်

ခုအကိုတောင်းနေတာက ညီလေးဆီက အချိန်​ပါ
ဘယ်​လောက်​မှလဲ ကြာသေးတာမဟုတ်​ပါဘူး
အဲ့တော့အချိန်​လေးပဲပေးပါလို့အေးအေးဆေးပဲပြောပြတယ်

အဲ့တော့ အဲ့ညီလေးကပြန်​ပြောတယ်
ဟုတ်​ပြီ အဲ့တာဆို ကျွန်​တော်​ မတက်​ဖြန်​ ပြန်​မှာ
ဆယ်​နာရီမှာ ရအောင်​ပြန်​လုပ်​ပေးထားပါဆိုပြီး
ကျွန်​တော့်​ဆီကနေ ကတိတောင်းတယ်

အဲ့တော့ကျွန်​တော်​သူ့ကိုနောက်​တစ်​ခါရှင်းပြရတယ်
ညီလေး Service ဆိုတာပြောမရဘူး
ခုလဲညီလေးဟာကိုပဲ အကိုထိုင်​လုပ်​ပေးနေတာပါ
ခုညီလေးပြန်​ပြီး ခနနေ နာရီဝက်​လောက်​နေရင်​လဲ
ရရင်​ရသွားမှာပါ ဒါမှမဟုတ်​ ညီလေးပြောတဲ့
မနက်​ဖြန်​ မနက်​ဆယ်​နာရီမှာ ရချင်​မှရအုံးမှာပါ
အကိုကတိမပေးနိုင်​ဘူး
ဘာလို့လဲဆိုရင်​ တကယ်​လို့သာ နောက်​နေ့မနက်
ဆယ်​နာရီမှာ မရခဲ့ရင်​ ဒီ့ထက်​ပိုပြီး ညီလေးနဲ့အကို
စကားတွေပြောရလိမ့်​မယ်
အဲ့တာကြောင့်​အကို ကတိမပေးနိုင်​သေးဘူး

သေချာတာက ညီလေးဟာကို ဒီရက်​ပိုင်းအတွင်းမှာ
ရအောင်​အကိုလုပ်​ပေးမယ်
အဆင်​ပြေအောင်​လုပ်​ပေးမယ်
တာဝန်​ယူတယ်​ အာမခံတယ်
ဆိုပြီးရှင်းပြရတယ်
မနက်​ဖြန်​မနက်​ဆယ်​နာရီမှာ မှ မရခဲ့သေးရင်
ညီလေးပြန်​နှင့်​ပါ အကို နောက်​နှစ်​ရက်​သုံးရက်​နေရင်
ရအောင်​လုပ်​ပေးပြီး ရရချင်းပဲ
ကားဂိတ်​ကနေ သေချာထုပ်​ပိုးပြီး
ပို့ပေးလိုက်​ပါမယ်​ ညီလေးမြို့ကို

ဒါနဲ့ အဲ့ညီလေးက ဟုတ်​ပြီ
ဒါဆိုရင်​ မနက်​ဖြန်​မနက်​ဆယ်​နာရီကို ကျွန်​တော်​လာခဲ့မယ်
ကျွန်​တော့်​ဟာကို မရခဲ့ရင်
နဂိုပုံစံ Touch ဆွဲမရတဲ့ အထိတော့ ရအောင်​လုပ်​ထားပေး
ဆိုပြီး ညှိလိုက်​တယ်

ဒီလိုနဲ့ သူပြန်​သွားတော့
ဆက်​လုပ်​တယ်​ ညနှစ်​နာရီလောက်​ကြ
ကျွန်​တော်​ CPU စစ်​ပြီး Boardfirmware
တူတာပဲတင်​လိုက်​တယ်
နောက်​ Update.app build number အနိမ့်​ကို
memory card ထဲထည့်​ပြီးတင်​လိုက်​တယ်​ ok သွားတယ်

ဒီလိုနဲ့ မနက်​ကြကျွန်​တော်​သူ့ကို ဖုန်းဆက်​လိုက်​တယ်
ညီလေးရေရပြီ ok ပြီဆိုပြီးတော့ပေါ့
ကျွန်​တော့်​ရင်​ထဲလဲ ပေါ့သွားတယ်
ဒါနဲ့ ဆယ့်​တစ်​နာရီလောက်​ကြ သူရောက်​လာတယ်
သူစစ်​တယ်​ Service ခတစ်​သောင်းထုတ်​ပေးတယ်
အဲ့မှာ သူက above ထဲဝင်​စစ်​တော့

RAM 3 / 32GB ဖြစ်​နေတယ်​ဖုန်းက
အဲ့မှာ ပြသနာကပြန်​စပြန်​ရော

ဟာဖုန်းက RAM 3 /32 GB ဖြစ်​နေတယ်

ကျွန်​တော့ဖုန်းက RAM 4 / 64 GB ဗျ

ကျွန်​တော်​လဲ မသိဘူးလေ
လာအပ်​တုန်းက Touch ဆွဲမရတော့
မစစ်​လိုက်​ရဘူး

အော်​ဒါနဲ့ ဟုတ်​မှာပါ
ကျွန်​တော်​တင်​တဲ့ boardfirmware က
သူ့ Boardfirmware မဟုတ်​ဖူးလေ
CPU တူတာတင်​ထားပြီးမှ UPDATE.APPကို
ကစ်​ထားတာကိုး

အဲ့တာနဲ့ ကျွန်​တော်​လဲ အေးညီလေး အကိုတင်​ထားတဲ့
Firmware မမှန်​သေးလို့နေမှာပါ
အကိုပြန်​လုပ်​ထားပေးမယ်​လေ ပြောတော့

သူကပြန်​မေးတယ်
ကျွန်​တော်​လဲ Service သမားပါ
အဲ့လို Software မှားရင်
RAM 4 64GB ကနေ RAM E 32GB ဖြစ်​တယ်​ပေါ့

ကျွန်​တော်​က အေးညီလေးဖြစ်​တက်​တယ်​လို့ပြောတော့သူက

ကျွန်​တော့်​ကို ပြန်​ပြောတယ်

နှစ်​ခါ

''သြော်​ သြော်​'' ဆိုပြီး

ကျွန်​တော်​လဲ အဲ့ညီလေးကိုကြည့်​ပြီး ရီချင်​သွားတယ်
်ဘာမှတော့သူ့ကို မငြင်းတော့ပါဘူး

ဒါနဲ့သူက ကျွန်​တော့်​ဆီကနေ
ကျောက်​လှည့်​ တောင်းတယ်
သူ့ဖုန်းကို သူ့ဟာသူဆွဲဖွင့်​တယ်
ပြီးရင်​စစ်​တယ်
စစ်​ပြီးဘာပြောလဲဆိုတော့
ကျွန်​တော်​တစ်​ခုမေးပါစေအကို
အစက ကျွန်​တော်​လာအပ်​တုန်းက
USB အောက်​ခြမ်းက စည်းက မပျက်​သေးဘူး
ခုပျက်​နေတာ တွေ့ရတယ်​ မဟုတ်​သေးဘူးအကိုဆိုပြီးပြောတယ်

ကျွန်​တော်​ သူဆိုလိုတာကို သဘောပေါက်​လိုက်​ပြီ

သူ့အလုံးကိုကျွန်​တော်​ မပြင်​ပေးနိုင်​ဘူးထင်​ပြီး

သူ့ဟာ RAM 4 64GB ကို RAM 3 32GB နဲ့

ဘုတ်​ချိန်းထားတယ်​ ထင်​သွားတာနေမယ်

ကျွန်​တော်​လဲ အဲ့တာနဲ့ ပြန်​ရှင်းပြရတယ်
ညီလေးရယ်​ ဘုတ်​ကလဲ ညီလေးဘုတ်​ပါ
နောက်​ဖုံးမှာ ကတ်​ထားတဲ့ imei နဲ့
ညီလေး ဖုနိးက imei ကိုတိုက်​စစ်​ကြည့်​ပါ
ညီလေးဟာပါ အကိုတို့က မဟုတ်​တာ ဘယ်​တော့မှ မလုပ်​ပါဘူး

အဲ့တော့ အဲ့ညီလေးကပြန်​ပြောတယ်
အကို့ကို ကျွန်​တော်​အဲ့လိုပြောတာ မဟုတ်​ပါဘူး
အဓိကက RAM 3 32GB လဲဖြစ်​နေတယ်

USB အောက်​ခြမ်းကလဲ စည်းပေါက်​နေလို့ပါပေါ့

ကျွန်​တော်​ဆက်​ပြီးရှင်းပြမလို့လုပ်​သေးတယ်
သူနဲ့ မငြင်းချင်​တော့လို့ အဲ့ကိစ္စကိုမပြောတော့ဘူး
ညီလေးရေ ထားခဲ့ပါ အကို RAM 4 64GB ဖြစ်​အောင်
ပြန်​လုပ်​ပေးမယ်​ပေါ့

တကယ်​ဆိုရင်​ ကျွန်​တော်​သူ့ကိုပြန်​မေးလို့ရပါတယ်
USB အောက်​ခြမ်း မဖြုတ်​ပဲနဲ့
Touch လဲတုန်းက ညီလေး Display ကြိုးပြားကို
ဘယ်​လိုထိုးလဲပေါ့ ဒါပေမဲ့မမေးတော့ပါဘူး

ထားခဲ့လိုက်​ပါညီလေးရယ်​ပေါ့
အချိန်​လေး နှစ်​ရက်​သုံးရက်​လောက်​ဆက်​ပေးပါ
RAM 4 64GB ဖြစ်​အောင်​လုပ်​ပေးမယ်​ပြောလိုက်​တယ်

အဲ့ဒါနဲ့သူက ပြောတယ်
ကျွန်​တော်​က ဒီဆိုင်​မှာ BOX/Dongle တွေ ဆုံလို့မြန်​မယ်​ထင်​ပြီးအပ်​မိတာ ခုတော့ အချိန်​က သုံးရက်​လောက်​ကြာသွားပြီပေါ့

ဒါနဲ့ ကျွန်​တော်​လဲ ဟုတ်​တယ်​ညီလေးရေ
အကိုလဲ လုပ်​ပေးနေပါတယ်
ထားသာထားခဲ့လိုက်​ပါ အကိုရအောင်​ပြန်​လုပ်​ပေးပါမယ်
ဒါတောင်​ ညီလေးဟာဆို network lock ကျသွားတာတွေ
ဘာတွေဆို အကို Furious Gold ဆိုတဲ့ dongle နဲ့ပြန်​ဖြည်​ပေးထားရတာ လို့ပြောပြတယ်

အဲ့တာနဲ့ အဲ့ညီလေးက ရတယ်​ network lock ဘာညာက
ကျွန်​တော့်​ဟာကျွန်​တော်​ အဆင်​ပြေအောင်​ဖြည်​လို့ရတယ်
ဖြည်​မနေပါနဲ့
အကိုသာ ကျွန်​တော့်​ဖုန်းကို Touch ဆွဲလို့ရတဲ့အနေအထားရယ်
RAM 4 64GB ရယ်​သာ လုပ်​ပေးလိုက်​ပါ
ကျွန်​တော့ဖက်​က အဆင်​ပြေပြီ

အကို့ကို ကျွန်​တော်​ အချိန်​ အလွန်​ဆုံးသုံးရက်​ပေးမယ်
ရတာနဲ့ ကားတင်​ပေးလိုက်​တော့ဆိုပြီး သဘောတူညီချက်​နဲ့
သူပြန်​သွားတယ်

ဒီလိုနဲ့ သူပြန်​သွားတော့မှ
ကျွန်​တော်​လဲ သတိရပြီး Computer မှာ ကြိုးထိုးပြီးကြည့်​တော့

64Gb Furious gold နဲ့စစ်​ကြည့်​တော့ RAM က 4

သူ့ကိုဖုန်းဆက်​ပြီး တစ်​ခါရှင်းပြမလို့လုပ်​သေးတယ်

ဒါပေမဲ့ ကိုယ်​လဲ သူ့ကို ပေးတဲ့အတိုင်းပဲ

သူရစေချင်​တဲ့ build.prop နေရာမှာ

RAM 4 64GB နဲ့ MODEL NAME အမှန်​ဖြစ်​စေချင်​တာ
ရယ်​အတိုင်း ပြန်​ပေးချင်​တော့ သူ့ကိုရှင်းမပြတော့ပဲ

ကိုယ့်​ဟာကို ဆက်​ပြီး Try တယ်​ မပြေဘူး

အဲ့တာနဲ့ ဖြိုးချမ်းကို သူPOST တင်​ထားတာတွေ့လို့
လှမ်းပြီးမေးတယ်
TWRP ထည့်​တယ်
OEM Flash တယ်
UPDATE.APP ကစ်​တယ်​ မရဘူး

ဖြိုးချမ်း အလုံးတုန်းက အဆင်​ပြေတယ်

ကျွန်​တော့ကြမှ ဘယ်​လိုလုပ်​လုပ်​ကို မရတာ
လူလဲသေချင်​စော်​နံနေပြီ လုပ်​ရတာ

နောက်​ဆုံးတော့ Fg ထဲကနေ

သူ့ server ပေါ်ကနေ Furious gold firmware

ကို တက်​ဒေါင်းပြီး HUAWEI RESURRECTOR

နဲ့ရေးလိုက်​တယ်

ပြီးရင်​ HUAWEI RESURRECTOR နဲ့ပဲ

Update.app အသေး

1gb ကျော်​တဲ့ ဒုတိယဖိုင်​ကို ဆက်​တင်​တယ်

Ok သွားပါပြီဗျာ ခုမှပဲ စိတ်​ချလက်​ချပြီးတော့တယ်
နောက်​ရက်​ကြ မတက်​ကိုးနာရီကားနဲ့ပဲ ကားဂိတ်​ကနေသူ့မြို့ကို
ပြန်​ထည့်​ပေးလိုက်​တယ်

သေချာအောင်​တော့ မပို့ခင်​မှာ
Screen short တွေရော video တွေရော ဖုန်းကို
အကုန်​ဖိုင်းကြောင်း ရိုက်​ယူထားလိုက်​ရသေးတယ်
နောက်​ထက်​ ရှင်းပြနေရအုံးမှာ မို့လိုလေ

ခုတော့ တင်​ပေးလိုက်​ပါတယ်

ကျွန်​တော့်​လို ဖြစ်​မှာဆိုးလို့ပါ

(1)Driver အရင်​တင်​ပါ
(2)boardfirmware တင်​ပါ
(3)Update.app အကြီးကို MEMORY CARD နဲ့ပဲ
FLASH ပေးပါ
MODEL NAME =NEO
RAM 3 32GB ပြနေပါလိမ့်​မယ်
(4)RAM 4 64GB ဆက်​ပြီး Fix ချင်​တယ်​ဆိုရင်
FIX တဲ့ UPDATE.APP ကို ဆက်​ပြီး တင်​ပေးပါ

လိုအပ်​တာတွေ အောက်​မှာ Down ပြီး သိမ်းထားကြပါ

PASSWARD =XUT2018
Driver
https://my.pcloud.com/publink/show?code=XZ4ShT7ZgTPKIvSHithUST6p4DvWURTtIHCV

Boardsoftware
https://my.pcloud.com/publink/show?code=XZtShT7ZVMUdkisCqK5tYtysv8MXUHgbfahy

Tool
https://my.pcloud.com/publink/show?code=XZ5jhT7ZPts9BDOFfHSwW9SPfIW4d4s82pX7

UPDATE.APP (1)
https://my.pcloud.com/publink/show?code=XZTfQT7Zh5gyYy7PwB5cDsb76oXt0QwfILyk

RAM 3 32GB TO RAM4 64GB FIX DLOAD
https://my.pcloud.com/publink/show?code=XZsjhT7ZYS2Bc28pmRQw5EYodfi2XzjGPQ0X

Touch ဆွဲမရတာ
Deadboot ဖြစ်​တာ
FRP LOCK
HUAWEI ID LOCK
RAM 3 32GB FIX တာတွေ အဆင်​ပြေသွားမှာပါ

အားလုံးပဲကျေးဇူးပါဗျာ

#NEWSTAR MOBILE Spare-Parts
https://www.facebook.com/mobilehackcrazy/posts/1588438381302346

No comments:

Post a Comment

Note: Only a member of this blog may post a comment.

online shop registration

 မှတ်ပုံတင်ပုံ အဆင့်ဆင့်ကို ပုံများဖြင့် မျှဝေပေးလိုက်ပါတယ်နော် အသေးစိတ်ကတော့ Live လေးမှာ နားထောင်ကြည့်ပါရှင် ☺️ Live Link : https://fb.watc...

Popular

Contact Form

Name

Email *

Message *

Labels

ADS (417) Alcatel (3) All winner (3) Androd Xiaomi (255) Android Antivirus (6) Android application (15) Android Command (3) Android Coolpad (39) Android Font (61) Android Game (2) Android Google Application (13) Android Huawei Imei Repair (1) Android Huawei Y series (6) Android kingo root (4) Android MTK Driver (6) Android Samsung (17) Android Samsung A series (26) Android Samsung C series (5) Android Samsung E series (5) Android Samsung G series (82) Android Samsung Hard reset (7) Android Samsung I series (7) Android Samsung Imei repair (6) Android Samsung J series (66) Android Samsung Multi file (1) Android Samsung N series (34) Android Samsung P series (2) Android Samsung Root (8) Android Samsung S series (10) Android Samsung SC series (6) Android Samsung Solutions (3) Android Samsung T series (3) Android Tool (238) Antivirus (7) AOTO (6) AOVO (8) Aplus (6) Archos (1) Asus (6) Attila (14) BenWee (2) BLU (1) Bluemix (2) Book (5) book eng (1) book med (11) Boss style (1) box (2) Bravo (2) browser (3) Browser Adobe Flash Player (1) Browser Firefox (1) CAZSH (1) Cherry (5) China Phone (73) CircleTech (2) CKTEL (1) Ding Ding (2) Download best (17) Education Make up (5) emmc (1) Entertainment (5) Facebook (2) films (1) Finance (2) Firmware Collection (23) FRP (62) Funny (3) GFIVE (3) Gionee (4) Grand (1) HAIWEI (3) Hardware (16) Hello (40) Hisense (17) Hiway (2) Hopo (22) HTC (7) Huawei A series (25) Huawei B series (13) Huawei board software collection (14) Huawei C series (43) Huawei Clone (18) Huawei D series (3) Huawei Driver (1) Huawei E series (17) Huawei emmc data (1) Huawei F series (7) Huawei Flashtool (45) Huawei G series (51) Huawei H Series (8) Huawei J series (1) Huawei K series (3) Huawei L series (18) Huawei M series (5) Huawei N series (3) Huawei P series (10) Huawei R series (5) Huawei region code (3) Huawei S series (10) Huawei T series (10) Huawei U series (8) Huawei Update (104) Huawei V series (11) Huawei W series (3) Huawei Y series (56) I Mobile (1) ILOVFA (11) IMEI repair (13) imobile (1) Infinix (1) Infone (1) Inovo (38) ios firmware (3) ios icloud (4) IOS itune (8) IOS Itune Error (1) ios news (10) IOS Tool (10) IPhone Clone (22) K Touch (3) Kenbo (10) Kimfly (47) Kismo (3) KKP (19) knowledge (38) Lava (8) Leagoo (1) Leagool (2) LeEco (1) Leegoog (19) Lenovo (12) LG (5) Liven (23) LoLo love (14) M-Horse (11) magic (2) MAI (11) Marconi-W50E (1) MBO (97) MCT (2) medical knowledge (5) Meizu (58) MFT (4) MGT (33) mi account remove (55) Micro Art (2) mine (1) Momo (7) movies (12) MP3 (2) MPT (5) MyPhone (22) Newings (3) Nipda (3) Nokia (10) Nova (7) Open (1) Oppo (162) Oppo Clone (1) ORRO (7) OSE (3) PC (2) PHICOMM (5) photoshop (1) pinpaternpassword (1) player (1) Power (3) Prestigio (1) Professional (4) QBZ (1) Ramos (5) rapidleech (1) Recovery software (1) Red Star (1) Samsung B seires (1) Samsung Clone (204) Samsung combination (360) Samsung Full (45) Science (13) Server (2) SINGTECH (90) SKG (4) SM-J530F full (1) Sony (73) Speed (7) SYH (94) tayar (1) TCL (1) Teaching (2) tecno (92) Teeno (1) Telenor (7) TIMMY (4) titan (20) True Smart (51) trueme (1) TWZ (34) uneed (1) uptobox (2) VG (9) Video (12) Vinovo (8) VIOVO (3) Virtual card (1) Vital (15) Vitu (3) Vivo (190) Vivo Clone (1) Voto (1) vps (8) WainFord (1) Wave (33) web (2) Wiko (5) Window (82) window font (1) X-BO (76) XDU (8) ZTE (25)