မိန်းမဖျက်တော့ပြည်ပျက်သတဲ့နော် ဆုံးအောင်ဖတ်ကြည့်ပေးပါ
တချိန်ကဗုဒ္ဓဘာသာကို အခြေခံကျကျနားမလည်တဲ့ ကျွှန်တော်တို့လိုဗုဒ္ဓဘာသာဝင်တွေကို ဟောပြောပြသပေးခဲ့တဲ့ မေတ္တာရှင်ရွှေပြည်သာဆရာတော်တဖြစ်လဲ ဦးစိုးမြင့်ဖြစ်ပါတယ်သူဟာငယ်စဉ်ကထဲက သာသနာဘောင်မှာ နှစ်ပေါင်း၃၀ကျော်သာသနာပြုခဲ့ပေမယ့် မာတုကာမရဲ့မာယာကျော့ကွင်းထဲဝင်မိပြီး မြင့်မြတ်သောရဟန်းဘဝကိုစွန့်လွှတ်အိမ်ထောင်ပြုကာ ယခုထိုအိမ်ထောင်နဲ့ကွဲကွာပြီး စာအုပ်ရောင်းချဝမ်းစာရှာဖွေနေသောဦးစိုးမြင့်ဖြစ်ပါတယ်
ပုံနှစ်ကတော့
နေ့စဉ်နံနက်တိုင်းMRTV4 ရုပ်သံလိုင်းမှာမင်္ဂလာတရားတော်တွေကိုဟောကြားပြသပေးတဲ့ ..MRTV4 ဆရာတော်တဖြစ်လည်းလူဝတ်ကြောင်ပုဂ္ဂိုလ်ဖြစ်ပါတယ်
သာသနာတော်အတွက်သိပ်ကိုနစ်နာတယ်
ဘာကြောင့်ဒီလိုသီလသမာဓိနဲ့ပြည်စုံတဲ့ရဟန်းတွေတောင်မှောက်မှားကြတာလဲသူတစ်ပါးကိုလိမ္မာရေးခြားရှိစေဖို့တရားဟောနေတဲ့သူတို့တွေကိုယ်တိုင်ဘာကြောင့်အမှာကျုးလွန်ကြတာလဲ
ဖြစ်နိုင်တဲ့အချက်တွေလေ့လာကြည့်ရအောင်
နံပါတ်တစ်
သံဃာကိုပြစ်မှားရင်အပြစ်ကြီးတယ်သာသနာဖျက်တဲ့အကုသိုလ်ကံထိုက်တယ်ဒါကိုမသိကြတာဖြစ်လိမ့်မယ်
နံပါတ်နှစ်
ယခုဆရာတော်နှစ်ပါးမှောက်မှားမိတဲ့ မိန်းမတွေက အပျိုတွေမဟုတ်ဘူး ယခင်အိမ်ထောင်ရှိခဲ့ဖူးသူတွေဖြစ်တယ် ပြောချင်တာက အိမ်ထောင်ပျက်ဖူးတဲ့မိန်းမဖြစ်တဲ့အတွက်ယောက်ကျားအကြောင်းသိတယ်ဒီတော့ယောက်ကျားတွေကို ပိုချဉ်းကပ်တတ်တယ်
တဖက်ကရဟန်းဆိုတာလည်း သူတို့ကျွှမ်းကျင်ရာစာပေဘက်မှာသာထူးချွန်တာ မိန်းမတွေအကြောင်းလုံးဝသိတာမဟုတ် မိန်းမနဲ့ထိတွေ့ဖူးတာမဟုတ် ဒီတော့တဖက်က မိန်းမလည်တွေအတင်းလုံးရင် အတင်းထိတွေ့မှုရှိခဲ့ရင်သာယာမိမှာပဲ ဒီတော့ မိန်းမပျက်တွေရဲ့ မာယာကျော့ကွင်းမှာ ရုန်းမထွက်နိုင်ကြတော့ဘူး
နံပါတ်သုံး
ဒီလိုနာမည်ကြီး ပညာတတ် ရဟန်တော်တွေမှာ လာဘ်လာဘအလွန်ပေါများတယ် ဒါကိုလိုချင်တဲ့ မိန်းမတွေအနေနဲ့ သွေးဆောင်ဖျားယောင်းလိုချင်တာယူပြီးရင် ပြစ်ပယ်ဖြစ်ဖို့များတယ်
နံပါတ်လေး
ရဟန်တွေရဲ့ပင်ကိုယ်စိတ်ဟာ အများအားဖြင့် သိမ်မွေ့ကြတယ် သူတစ်ပါးအပေါ် သီးခံခွင့်လွှတ်တတ်ကြတယ် မေတ္တာထားဆက်ဆံတတ်ကြတယ် ဒီတော့မိန်းမယုတ်တွေဟာ သူတို့ကိုသီးခံမယ့်သူတို့ကို အလိုလိုက်မယ့်ရဟန်းတွေကို ဖျားယောင်းသိမသွင်းဖို့ဆိုတာဖြစ်လာနိုင်တယ်
နံပါတ်ငါး
ဆိုရှယ်မီဒီယာဘယ်သူမှမသိပဲ နှစ်ယောက်ထဲပြောလို့ရတဲ့နေရာ ဖေ့ဘွတ်ပေါ်ကပြောမလားဗိုက်ပါ ကပြောမလား ဘယ်သူကသိမှာလဲဒီတော့အကြံသမားမိန်းမတွေအနေနဲ့ရဟန်းတော်တွေကိုလူမြင်ကွင်းမှာမဟုတ်ဘဲ နှစ်ကိုယ်ကြား သွေးဆောင်ဖြားယောင်းဖို့ အရမ်းလွယ်ကူပါတယ်
ဥပမာ အရှင်ဘုရားဆွမ်းဘုန်းပေးပြီးပြီလားကစပြီ နေ့စဉ်နေ့တိုင်း ချွဲနွဲ့ဂရုစိုက်ပြရင် ကိလေသာမကုန်သေးတဲ့ ရဟန်းတွေခံနိုင်ရည်ရှိပါ့မလား ကျောက်တုံးတောင်လှုပ်ပါများနဲ့တာကို ဒီလိုခေတ်ပျက်ကာလကြီးထဲမှာ သာသနာတော်အတွက်ယခုလိုဆုံးရှူံးမှုတွေမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ဘယ်လိုအသိပညာပေးကြမလဲ
ကြိုတင်ကာကွယ်ခြင်းအတွက် ရဟန်းတော်တွေရဲ့ လူမှုကွန်ယက်သုံးစွဲခြင်းကိုသက်ဆိုင်ရာကျောင်းတိုက်အလိုက်ဝိနည်းပြဌာန်း စည်းစနစ်တကျကန့်သတ်ရပါတယ် အခြားသောရဟန်းတစ်ပါးထဲ ဆွမ်းခံကြွခြင်းတစ်ပါးထဲမိန်းမရှိသောအိမ်ပေါ်ထိ ဆွမ်းခံခြင်း မာတုကာမနှင့် တစ်ယောက်ခြင်း တွေ့ဆုံခြင်းစသဖြင့်ကျုးလွန်မိနိုင်တဲ့အခြေနေတွေကို ဝိနည်းပြဌာန်းထိန်းသိမ်းရပါတယ်
အသိပညာပေးခြင်းအပိုင်းမှာတော့လူပုဂ္ဂိုလ်တွေကိုပညာပေးရပါမယ်ရဟန်းနဲ့မှောက်မှားသာသနာဖျကိမိရင်ဘယ်လိုအပြစ်တွေခံရမယ် ပတ်ဝန်းကျင်ကဘယ်လိုကဲ့ရဲ့ကြမယ်ကို့မိသားစုပါသိက္ခာကျမယ်စသဖြင့်ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကိုပညာပေးရပါမယ်ကျောင်းသင်ခန်းစာအခန်းတခုအဖြစ်ထည့်သွင်းရပါမယ်
ဒါမှသာမြတ်ဗုဒ္ဓရဲ့စစ်မှန်တဲ့သာသနာတော်ကြီးမှာရဟန်းမြတ်တွေဆုံးရှူံးခြင်းမှကင်းဝေးပြီးကမ္ဘာတည်သ၍သာသနာတော်တည်တံ့စေမှာဖြစ်ပါတယ်
ဗုဒ္ဓသာသနံစိရန်တိဌတု
သဘောတူရင် ရှယ်ယူပြီး ဝေမျှပေးပါနော်..ကျေးဇူတင်ပါတယ်..
MG,MT
No comments:
Post a Comment
Note: Only a member of this blog may post a comment.