မိမိကိုယ်ကိုအိပ်မွေ့ချနည်း
✳✳✳✳✳✳✳✳✳✳✳✳
ဒီခေါင်းစဉ်လေးကို မြင်လိုက်တာနဲ့ သင်တို့
အားလုံး တစ်စုံတစ်ခုကိုတော့ တွေးမိမှာပါ။
ကိုယ့်ကိုယ်ကို အိပ်မွေ့ချတာ ဘာဆန်းသလဲ
ဒါမှမဟုတ် အဲ့လိုအိပ်မွေ့ချတတ်တော့ရော
ဘာအကျိုးရှိနိုင်လို့လဲ စသဖြင့်ပေါ့။
ကဲ…ဒါကြောင့်ပဲ မိမိကိုယ်ကို အိပ်မွေ့ချခြင်းရဲ့
ကောင်းကျိုးတွေကို အရင်ဆုံးပြောပြပေးပါမယ်။
၁။ မိမိတွင်ရှိသော ရောဂါဝေဒနာများအား ပျောက်
ကင်းစေနိုင်ခြင်း။
၂။မိမိတွင်ရှိသော မကောင်းသော အကျင့်ဆိုးများ
ကို ပယ်ဖျောက် နိုင်ခြင်း။
၃။မိမိတွင်ရှိသော အခက်အခဲများကို ပြေလည်
အောင် ပြုလုပ်နိုင်ခြင်း။
၎။မိမိ၏ မှတ်ဥာဏ်တိုးပွားအောင် ပြုပြင်နိုင်ခြင်း။
၅။မိမိကိုယ်တိုင် အကြားအမြင်များ ပေါက်ရောက်
စေနိုင်ခြင်း။
စသည်တို့အပြင် မိမိဥာဏ်ရှိသလို ချဲ့ထွင်အသုံး
ပြုနိုင်လေသည်။
အိပ်မွေ့ချနည်းများကိုဆက်လက်လေ့လာကြပါစို့-
နည်းလမ်း(၁)
#########
ရှေးဦးစွာ မိမိကိုယ်ကို အိပ်မွေ့ချလိုလျှင် ကုလား
ထိုင်(သို့)အိပ်ယာပေါ်တွင် လဲလျောင်း၍ဖြစ်စေ
သက်တောင့် သက်သာ နေ၍အကြောအခြင်များ
ကိုလည်းဖြေလျှော့ထားရမည်။
ထို့နောက် အခြား ဘာကိုမျှ စိတ်မကူးဘဲ မိမိကိုယ်
ကိုအမိန့်အာဏာပေးရမည်။
"ငါသည်အိပ်ချင်လာပြီ အိပ်တော့မည် ငါ၏မျက်လုံး
များလေးလံလာပြီ အိပ်ချင်လာပြီ အိပ်တော့မည်"
စသည်ဖြင့် နှုတ်မှအသံထွက်၍ဖြစ်စေ စိတ်ထဲတွင်
ဖြစ်စေ ရွတ်ဆို အမိန့်အာဏာပေး၍ ပြုလုပ်ရမည်။
ထိုသို့ ပြုလုပ်ခြင်းဖြင့် မကြာမီတွင် အိပ်ပျော်စေနိုင်၏။
နည်းလမ်း(၂)
#########
ယခင်နည်းလမ်းအတိုင်းပင် ကုလားထိုင်(သို့)အိပ်
ယာပေါ်တွင် သက်တောင့်သက်သာနေ၍ ဘာကို
မျှ စိတ်မကူးဘဲ လုပ်ဆောင်ရမည်ဖြစ်သည်။
ထို့နောက် မိမိ၏မျက်နှာရှေ့တည့်တည့်တွင် တော
က်ပသော အရာတစ်ခုခုကို ချိတ်ဆွဲထား၍စိုက်ကြ
ည့်နေကာ မိမိသည် အိပ်ချင်လာပြီ အိပ်ပျော်တော့
မည်ဟု တွေးတောရမည်။ မကြာမီတွင် အိပ်ပျော် သွားလိမ့်မည်။
နည်းလမ်း(၃)
#########
ယခင်နည်းလမ်းအတိုင်းပြုလုပ်၍ မိမိ၏ မျက်နှာရှေ့
တည့်တည့်၌ အရာဝတ္ထုတစ်ခုကို ချိတ်ဆွဲထားရမည်။
ထိုအရာဝတ္ထုအား ဘယ်ညာ ရွေ့စေလျက် မိမိ၏မျက်
လုံးသည် ထိုလှုပ်ရှားနေသော အရာဝတ္ထုအား လိုက်
၍ကြည့်နေရမည်။ထိုနောက် ယခင်နည်းအတိုင်းပင်
အိပ်ချင်ပြီဟု စိတ်၌တွေးတောရမည်။ဤနည်းလမ်း
ဖြင့်လည်း များမကြာမီတွင် အိပ်ပျော်စေနိုင်၏။
မှတ်ချက်။ လှုပ်ရှားနေသော အရာဝတ္ထုအစား
ရှေးဟောင်း ချိန်သီးနာရီများဖြင့်
အစားထိုး အသုံးပြုနိုင်သည်။
နည်းလမ်း(၄)
#########
ယခင်ဖော်ပြပြီးသော နည်းလမ်းများအတိုင်းပင် အစ
ပိုင်းတွင်ပြုလုပ်၍ နာရီသံ(တစ်ချက်ချက်မြည်နေသော
အသံ)ကို အာရုံစိုက်နားထောင်၍ ဖြစ်စေ ပြုလုပ်နိုင်၏။
ဤသို့ဖြင့် နောက်ဆုံးတွင် အိပ်ပျော်သွားလိမ့်မည်။
အခြားနည်းလမ်းများ
#############
အခြားနည်းလမ်းများမှာ မျက်စိကို အထက်အောက်
လှန်ကြည့်၍ဖြစ်စေ မိမိ၏ နှာခေါင်းရင်းကို စိုက်ကြ
ည့်၍ဖြစ်စေ အိပ်ပျော်စေနိုင်၏။
မိမိကိုယ်ကိုပြုပြင်ခြင်း
##############
ထိုသို့အိပ်မွေ့ချနည်းများပြုလုပ်၍ မိမိကိုယ်ကို မည်
သို့ပြုပြင်ရမည်နည်း ?
ကျွန်ုပ် အထက်တွင် ဖော်ပြခဲ့သော ကောင်းကျိုးများ
ဖြစ်ထွန်းစေရန် မည်သို့ပြုလုပ်ရမည်နည်း ?
စသောမေးခွန်းများ ထွက်ပေါ်လာလိမ့်မည်။
ဟုတ်ကဲ့ပါ။ရှေ့မှာဖော်ပြခဲ့သလိုမျိုး ကောင်းကျိုးများ
ဖြစ်ထွန်းစေရန် မအိပ်ခင်ကပင် ကြိုတင် အမိန့်ပေး
ထားရပါမယ်။
ဥပမာ-မိမိရဲ့အကျင့်ဆိုးများ ပယ်ဖျောက်ဖို့အတွက်
မိမိအိပ်မပျော်ခင် အချိန်ကတည်းကပင် အမိန့်ပေး
ထားရခြင်းမျိုးဖြစ်၏။
ထို့ပြင် မိမိပြန်နိုးမည့်အချိန်ကိုလည်း ကြိုတင်သတ်
မှတ်ထားရမည်။ထိုသို့နိုးထလာချိန်၌ မိမိတွင်ရှိသော
အကျင့်ဆိုးများနှင့် ရောဂါဝေဒနာများ အစရှိသည်တို့
သည် လုံးဝကင်းပျောက်သွားရမည်ဟု ယုံကြည်ထား
ရမည်။
ထို့နောက် မိမိပြန်လည် နိုးထလာချိန်၌ ထိုအရာများ
သည် အမှန်တကယ်ပင် ပျောက်ကင်းသွားပေလိမ့်မည်။
မိမိဥာဏ်ရှိသလောက် ချဲ့ထွင်အသုံးချပါလေ။ှ
မှတ်ချက်။ ဤpostတွင်ပါရှိသည့်အကြောင်းအ
ရာများသည် စိတ်ညှို့အိပ်မွေ့ချကျမ်း
နှင့် စိတ်ပညာအလင်းပြကျမ်းတို့မှထု
တ်နုတ်၍ ပြန်လည်ချဲ့ ထွင်ရေးသား
ထားခြင်းဖြစ်၏။
https://www.facebook.com/275625899599979/photos/a.275908422905060.1073741828.275625899599979/353127455183156/?type=3&ifg=1

No comments:
Post a Comment
Note: Only a member of this blog may post a comment.