စုန်းကဝေတို့အကြောင်း
================
စုန်းကဝေ ဟူသည်မှာ "ဇုဏှ"ဟူသော သဒ္ဒါ
စကားလုံးမှ ဆင်းသက်၍ "ဇုဏ်း"မှရွေ့လျော
ကာ ယနေ့"စုန်း"ဟူ၍ဖြစ်လာ ခဲ့ခြင်းဖြစ်၏။
အဓိပ္ပါယ်အားဖြင့် ဆိုရသော် "ပညာစက်ဖြင့်
မြူးတူးတောက်ပသောသူ" ဟူ၍ ဖြစ်သည်။
ယင်းစုန်းတို့မှာ ဥရူနတ်\ဇော်ဂနီနတ်\ဂန္ဓဗ္ဗ
နတ်တို့အား မှီကပ်ကိုးကွယ်ရသောကြောင့်
တစ်စုံတစ်ယောက်အား နှိပ်စက်ခြင်း\ဖမ်းစား
ခြင်း စသည်တို့ကို ပြုလုပ်နိုင်ကြလေ၏။
"ကဝေ"ဟူသည်ကား ယင်း"စုန်း"တို့ထက်
အဆင့်အတန်း မြင့်မားသော ပညာရှင်ဖြစ်
သောကြောင့် ပညာရှင်အဖြစ်"ကဝေ"ဟု
ခေါ်ဆိုခြင်း ဖြစ်ပေသည်။
အမျိုးအစားကို အကျဉ်းမျှဖော်ပြရသော်-
၁။မြေစုန်း
၂။ခေါင်းစုန်း
၃။ကိုယ်စုန်း
၎။မောက်လုံးစုန်း
၅။မောက်ပြားစုန်း
၆။အိန့်တလိန့်စုန်း
၇။ကဝေမြောက်စုန်း
ဟူ၍ (၇) မျိုးရှိလေ၏။
အမှန်အားဖြင့်-
၁။စမည်းတိုင်စုန်း (၆မျိုး)
၂။ရူပဝိပရိ (၆မျိုး)
၃။ကုဋစီဗွစုန်း (၁၂မျိုး)
၎။နာနာရုပ်စုန်း (၉မျိုး)
၅။ကုလဝံသ (၇မျိုး)
၆။ဗာလိစုန်း (၇မျိုး)
၇။စက်စုန်း (၇မျိုး)
၈။ကဝေပုံစုန်း (၉မျိုး)
၉။ဂန္ဓဗ္ဗစုန်း (၇မျိုး)
၁၀။နာဂဝံသ (၄မျိုး)
၁၁။စဏ္ဍာလစုန်း (၆မျိုး)
၁၂။တေဇစုန်း (၆မျိုး)
၁၃။ဘက္ခစုန်း (၇မျိုး)
၁၄။တိရစ္ဆာန် (၉မျိုး)
ဟူ၍ အမျိုးကြီး (၁၄) မျိုးရှိကာ အကျဉ်း အားဖြင့်(၉၉)မျိုးသော စုန်းမျိုးရှိသည်ဟု နားလည်နိုင်ပေသည်။
ထိုစုန်းတို့၏အစွမ်းများမှာ-
################
၁။မြေစုန်းသည် ခြေထောက်ကို ထိရ ကိုင်ရလျှင်
(သို့)ခြေရာမြေကိုရလျှင် ပယောဂပတ်ဖွဲ့ ဖမ်း
စားနိုင်စွမ်းရှိ၏။
၂။ကိုယ်စုန်း(သို့)ချေးစားစုန်းကား အရိပ်ဖမ်းဖြင့်
လည်းကောင်း\ကိုယ်ခန္ဓာကိုထိရလျှင်လည်း
ကောင်း ပယောဂဖြင့် နှိပ်စက်နိုင်စွမ်းရှိ၏။
၃။ခေါင်းစုန်းကား ခြေရာကိုလည်းကောင်း\အရိပ်
ကိုလည်းကောင်း မြင်တွေ့ရလျှင်ပင် ပယောဂ
ပတ် ရစ်ဖွဲ့နှောင်နိုင်၏။
၎။မောက်လုံးနှင့် မောက်ပြားကား အနံ့အသက်
ကို ရှူရှိုက်ရလျှင်သော်လည်းကောင်း\အရာ
ဝတ္ထုကို မြင်ရ ထိရ ကိုင်ရလျှင် လည်းကောင်း
ပယောဂဖြင့် ဖမ်းစားနိုင်၏။
၅။အိမ့်တလိန့်စုန်းနှင့် ကဝေမြောက်စုန်းကား နာမ
သညာကို သိရုံမျှဖြင့် မိမိတို့ပူဇော်အပ်သော က
တော်ကြီးများနှင့် ကဝေနတ်\ဥရူနတ်\ဇော်ဂနီ\
ဇော်ဂနဲ စသည်တို့ကို အကြောင်းပြု ကိုယ်ထိ
လက်ရောက်မဟုတ်ဘဲ ဖမ်းစားနှိပ်စက်နိုင်၏။
၆။ခြေစုန်း ခေါင်းစုန်း မောက်လုံး မောက်ပြား ကိုယ်
စုန်းအားဖြင့် ငါးပါးသော စုန်းတို့၏ ပယောဂပတ်
ဖွဲ့မူကား ဥရူနတ်\ဇော်ဂနီနတ် စသည်တို့ကို အ
ကြောင်းပြုခွင့်မရသောကြောင့် ကိုယ်တိုင်၏ အ
စွမ်းဖြင့် ပယောဂကို ဖြစ်စေတတ်၏။
အသေးစိပ်သိရှိလိုလျှင် ကျမ်းဂန်များတွင် ဆက်လက်လေ့လာနိုင်ပါသည်။
Admin-PGမှ ရှာဖွေတင်ဆက်သည်။
https://www.facebook.com/275625899599979/photos/a.275908422905060.1073741828.275625899599979/352661535229748/?type=3&ifg=1

No comments:
Post a Comment
Note: Only a member of this blog may post a comment.