>>>>>> Differences Between Mi Cloud Unlock file And Firmware <<<<<<
Mi Cloud Unlock file နဲ့ Xiaomi Fastboot Firmware နှစ်ခုကို ယှဉ်ပြပါမယ် ။
Xiaomi က Mi Account ကို Persist Partition ထဲမှာ သိမ်းထားတာပါ ။ Persist Partition ကို format ချနိုင်ရင် အထဲက သိမ်းထားတဲ့ Mi Account လဲ ပျက်ပါတယ် ။
bootloader unlock ဆိုရင် fastboot format/erase persist ဆိုရင် ဇာတ်လမ်းပြတ်ပေမယ့် bootloader lock ဆိုရင်တော့ fastboot ကနေ partition တွေကို ထိလို့မရတော့ပါဘူး ။ အဲ့တော့ qualcomm တွေရဲ့ emergency download mode ဖြစ်ပြီး emmc ရဲ့ memory address ပေါ်ကို တိုက်ရိုက်ရေးနိုင်တဲ့ Qualcomm HSUSB Qdloader 9008 ကနေ persist partition ကို format ချရပါမယ် ။
Lock ဖြုတ် နည်းကအရမ်းလွယ်ပါတယ် 9008 ကိုဝင် Miflash Tool နဲ့ Account Unlock file ကို firmware တင်သလိုတင်လိုက်ရင် Lock ပြုတ်ပါတယ် ။ ဒီနေရာမှာ Lock ဖြုတ်နည်းကိုပြောချင်တာ မဟုတ်လို့ ကျော်လိုက်ပါမယ် ။
Xiaomi Account Unlock File ထဲမှာ Clound.bin , gpt ၂ ဖိုင် , patch , rawprogram , emmc programmer ဆိုပြီး ဖိုင်စုစုပေါင်း ၆ ဖိုင်ပါပါတယ် ။
ကျန်တာတွေက firmware ထဲက ဖိုင်တွေနဲ့တူပေမယ့် အဓိက မတူတဲ့ဖိုင် ၂ ဖိုင်ကတော့ Clound.bin နဲ့ rawprogram.xml ပါ ။ ဘာတွေကွာသွားလဲ ကြည့်ရအောင် ။
Clound.bin ဆိုတာ file size 30MB ကျော်ပြီး အထဲမှာ 0 , Null Byte တွေနဲ့ ပြည့်နေတဲ့ ဖိုင်တစ်ဖိုင်ပါ ။ ပြောရရင်တန်ဖိုးမရှိတဲ့ဖိုင်တစ်ဖိုင်ပေါ့ ။ ဘာအလုပ်မှမလုပ်ပါဘူး ။ သူကို rawprogram.xml ကနေ persisit partition ထဲကို လှမ်းထည့်လိုက်ပါတယ် ။ ဘာတန်ဖိုးမှမရှိတဲ့ ဖိုင်တစ်ဖိုင်ကို Persist partitionထဲ လှမ်းထည့်လိုက်တယ်ဆိုတာ persist partition ကို format ချလိုက်တာပါပဲ ။
firmware ထဲမှာလဲ persisit.img ဆိုပြီးတစ်ဖိုင်ပါပါတယ် ။ အဲ့ကောင်ကိုထည့်ရင်ကော Lock ပြုတ်မှာလား ။ .........
မပြုတ်ပါဘူး ။ Firmware ထဲမှာပါတဲ့ persist.img ရဲ့ file size က 4MB ဝန်းကျင်ပဲရှိပါတယ် ။ ပြီးတော့ အဲ့persist.img က sparse file အမျိုးအစားပါ ။ clound.bin က non-sparse file အမျိုးအစားပါ ။ ဒီနေရာမှာ Sparse ရယ် Non-Sparse ရယ် ဆိုတာ ဘာလဲ ရှင်းစရာရှိပါတယ် ။
အလွယ်ဆုံးဥပမာ ပြောရရင် - MTK တွေမှာ Size အရမ်းကြီးတဲ့ Userdata မျိုးတွေ တွေ့ဖူးမှာပါ ။ အဲ့လို userdata.img က non-sparse file ပါ ။ userdata.img က 50MB လောက်ပဲရှိတာမျိုးဆို sparse file ပါ ။ အလွယ်မှတ်ချင်ရင် sparse file ဆိုတာ တန်ဖိုးရှိတဲ့ data တွေပဲ ပါတဲ့ file အမျိုးအစားဖြစ်ပြီး non-sparse file ဆိုတာ တန်ဖိုးမရှိတဲ့data တွေပါ ပါတဲ့ file အမျိုးအစားပါ ။
official firmware ထဲမှာ persist.img ကို sparse file အနေ နဲ့ ထည့်ထားပါတယ် ။ account unlock file ထဲမှာတော့ non-sparse file အနေနဲ့ ထည့်ထားတာပါ ။
rawprogram.xml ကိုလေ့လာကြည့်ရင် အပေါ်က အချက်တွေ ကို မြင်ရပါလိမ့်မယ် ။
ဒါဆို Mi Account Unlock Firmware ကိုယ်တိုင်လုပ်လို့ရပြီပေါ့ .
လိုအပ်ချက်တွေက -
- Clound.bin (persist partition ရဲ့ size အတိုင်း null byte တွေပါသော non-sparse ဖိုင်)
- fastboot rom
- ပြင်ထားတဲ့ rawprogram.xml
- mi flash tool
fastboot rom ရယ် Mi flash tool ရယ်က အလွယ်တကူ Download ဆွဲလို့ရပါတယ် . Rawprogram.xml ကို ပြင်နည်းလဲ ပုံမှာ မြင်နိုင်ပါတယ် ။
နောက်ဆုံးကျန်တဲ့ persist partition ရဲ့ size အတိုင်း null byte တွေပါတဲ့ non-sparse file Clound.bin ကို ဘယ်လိုလုပ်ရမလဲ ............
M3 Mobile Phone Professional Training & Service ရဲ့ Advanced Class မှာ ထည့်သွင်းသင်ကြားပေးနေပါတယ် .
credit http://gslinks.in/7LUB

No comments:
Post a Comment
Note: Only a member of this blog may post a comment.