Hol-U10 ကို B309 EMMC အသစ်လဲပြီး ရေးဖို့
Box မလို CID ချိန်းစရာမလို BOOT1, BOOT2 size ပြင်စရာမလိုတဲ့ Flashtool firmware
ဒီ Firmware ကို Samung B309, Skhynix နဲ့ Hol-U10 မှာ သုံးထားတဲ့ Original EMMC တွေပေါ်မှာပါရေးလို့ရတဲ့အတွက်
EMMC လဲပြီးရေးချင်လည်းရတယ် ၊ EMMC မလဲရသေးတဲ့ Hol-U10 deadboot , Virus ကိုက်နေတာ ၊ LCD Error တက်နေတာ ၊ Imei null တာ ၊ Encryption Unsuccessul ဖြစ်တာတွေကို (EMMC Readonlyမဖြစ်သေးရင်) ဖြေရှင်းနိုင်ပါတယ်
ဗဟုသုတ အနေနဲ့ MTK ဖုန်းနဲ့ SP Flashtool အကြောင်းထည့်ရေးပေးပါမယ်
MTK ဖုန်းတွေရဲ့ Firmware Preloader အတွင်းမှာ Preloader က ခွင့်ပြုပေးမယ့် EMMC CID နံပါတ်တွေပါဝင်ပါတယ်
ကွန်ပျူတာပေါ်ကနေ SP Flashtool နဲ့ရေးတဲ့ အခါ SP Flashtool 4032 error တက်တာဟာ EMMC ပျက်နေရင် ပြတယ် ၊ Firmware က လက်ခံတဲ့ EMMC CID မကိုက်ရင် ပြမယ်
ဥပမာ Firmware က SKHynix နဲ့ Sandisk ကိုပဲ Support ပေးတဲ့ဖုန်းမှာ ကျနော်တို့က Samsung B309 EMMC ကိုကပ်ရေးရင် SP Flastool မှာ 4032 error ပြပါလိမ့်မယ် ၊ ဒါက EMCC ပျက်တာမဟုတ်ပါဘူး ၊ CID Support မလုပ်တဲ့အတွက် တက်တဲ့ Error ပါ
ဒီနေရာမှာ Emmc ပျက်နေရင်သော်လည်းကောင်း ၊ EMMC ပြန်ကပ်ထားတာ ငုတ်လေးတွေမမိရင်သော်လည်းကောင်း 4032 error တက်တတ်ပါသေးတယ်
SP Flashtool မှာ Firmware စရေးပြီး အနီတန်းပြေးသွားမယ် ချက်ချင်း 4032 error တက်ရင် CID မကိုက်တာပါ ။ အနီတန်းပြေးပြီး ချက်ချင်း Error မပြပဲ အချိန်အနည်းငယ်ကြာမှ 4032 error ပြတာဟာ EMMC ပျက်နေလျင်သော်လည်းကောင်း ၊ EMMC အခြေငုတ်တွေ မမိရင်သော်လည်းကောင်း ၊ CPU နှင့် EMMC ကြားထဲရှိလမ်းကြောင်းများ ပြတ်တောက်နေလျှင်သော်လည်းကောင်း ဖြစ်တတ်ပါတယ်
ဟုတ်ကဲ့ ဒါကတော့ Holy U10 ပါပဲ ခများ ☺
ပြန်လာခဲ့ပါ့မယ်
HOL-U10_Samsung_B309_SP_Flashtool_Firmware_mfu.7z, Size 563.28 MB...
http://uptobox.com/p0v8rv7j4zwh
credit http://getsl.me/7Yyv

No comments:
Post a Comment
Note: Only a member of this blog may post a comment.