Third eye (တတိယမျက်လုံး)
Third eye နိုးထလာအောင် ဘယ်လိုလုပ်မလဲ ?
Third eye ကို နောက်တစ်မျိုး inner eye လို့လည်း ခေါ်ကြပါတယ်။ Third eye နဲ့ပတ်သက်ပြီး နေရာ ဒေသ ဘာသာတွေအလိုက် အယူအဆနဲ့ ယုံကြည်မှုတွေ ကွဲပြားကြပါတယ်။ Third eye ဟာ သာမန်မျက်လုံးနဲ့ မမြင်နိုင်တာတွေကိုလည်း မြင်နိုင်တယ်လို့ အယုံအကြည်ရှိကြပါတယ်။ တချို့ကလည်း Third eye ဟာ ဝိညာဉ်လောကရဲ့ တံခါးပေါက်ဆိုပြီး ယုံကြည်ကြပါတယ်။ Thirdeye နိုးထပြီးတဲ့ လူတွေဟာ လူတွေရဲ့ စိတ်တွေထဲကို ထိုးဖောက်ကြည့်နိုင်ပြီး အနာဂတ်ကိုလည်း ကြိုမြင်နိုင်ပါတယ်။ အခုခေတ်တွေမှာ တကယ်မှန်တဲ့ ရှေ့ဖြစ်ဟော ဗေဒင်ဆရာတွေဟာ Third eye နိုးထပြီးသားလူတွေ ဖြစ်နေနိုင်ပါတယ်။ Third eye ကို ဈာန်ဝင်စားခြင်းနဲ့ ဝိညာဉ်လွှင့်ခြင်း (နောက်တစ်ခေါက်ကြုံတဲ့အခါရှင်းပြပါ့မယ်) ရဲ့သော့ချက်အနေနဲ့ သုံးကြပါတယ်။
ဒါဆို Third eye ကို နိုးထအောင်လုပ်နိုင်ခဲ့ရင် ဘယ်လိုအကျိုးတွေရမလဲ ?
Third eye ကို နိုးထနိုင်ခဲ့ရင်တော့ အဓိက က mind power အရမ်းကြီးလာပါမယ်။ သာမန်မျက်စိနဲ့ မမြင်နိုင်တာတွေကို မြင်လာနိုင်ပါမယ်။ လူတွေရဲ့ အတွင်းစိတ်ကို ထိုးဖောက်မြင်နိုင်မယ်။ လူတိုင်းရဲ့ အနာဂတ်ကိုကြိုမြင်လာနိုင်မယ်။ Out of body experience ဆိုတဲ့ ဝိညာဉ်လွှင့်ခြင်းကို စေစားထိန်းချုပ်လာနိုင်မှာဖြစ်ပါတယ်။ Kinesislogy တွေမကျင့်ခင် Third eye နိုးထဖို့ အရင်ကျင့်စေချင်ပါတယ်။
အားလုံးစိတ်ဝင်စားကြမှာက Third eye နိုးထလာအောင် ဘယ်လိုလုပ်မလဲဆိုတာပါဘဲ။
နည်းတွေကတော့ အများကြီးရှိပါတယ်။
ကျနော် ဒီ Third eye အကြောင်းကိုရေးဖို့ ကျနော်ကိုယ်တိုင် sites တွေ စာအုပ်တွေမှာ သွားရောက်မွှေနှောက် လေ့လာကြည့်လိုက်တဲ့အခါမှာ ကျနော်တို့အတွက် အသင့်တော်ဆုံး Third eye နိုးထစေနည်းလေးကို ရလာပါတယ်။
ဘာနည်းလို့ထင်ကြလဲမသိ :3 ?
Meditation (တရားထိုင်ခြင်း) ပါဘဲ 😂😂😂😂
ကျနော်နောက်နေတယ်လို့မထင်ပါနဲ့။ တစ်ခါလာလည်း တရားထိုင်တာပါတယ် နှစ်ခါလာလည်း တရားထိုင်တာပါတယ်ဆိုပြီး စိတ်မညစ်ကြပါနဲ့ 😂
သဘာဝလွန်စွမ်းအင်တွေ နိုးထဖို့ဆိုတာတွေအားလုံးက အာရုံစူးစိုက်မှုကို တိုးစေတဲ့ တရားထိုင်ခြင်းဆိုတဲ့ အခြေခံကဘဲ စရတာမို့လို့ပါ 😂
ကဲ Third eye နိုးထချင်ပြီဆိုရင် နည်းလေးတွေ step by step ပြောပြပါမယ် 😂
Admin Sam ကော ပွင့်ပြီလား လာမမေးပါနဲ့ 😂 Admin Sam လည်း ဒီနေ့မှစထိုင်တာမို့လို့ပါ 😂
- တရားထိုင်ဖို့ နေရာမှန်ကိုရွေးချယ်ပါ။
တရားထိုင်တယ်ဆိုတာ Third eye ကိုနိုးထစေဖို့အတွက် သော့ချက်တစ်ခုပါ။ အနှောင့်အယှက်တွေ ဆူညံသံတွေ ကင်းဝေးတဲ့ တိတ်ဆိတ်ငြိမ်းချမ်းတဲ့ နေရာလေးတစ်ခုကိုရှာပါ။ (တိတိဆိတ်အေးချမ်းတဲ့နေရာ ရှာဆိုလို့ တရားစခန်းသွား ဘုန်းကြီးကိုမျက်နှာပြောင်တိုက်ပြီး Third eye တော့သွားမကျင့်ပါနဲ့ 😂 လိုင်းတွေပူးကုန်မှ ကွိုင်ကုန်မယ်)
တချို့လူတွေက သဘာဝတရားထဲမှာ တရားထိုင်ရတာကြိုက်နှစ်သက်ကြပါတယ်။ အဲဒီလူတွေကတော့ တောရကျောင်းတစ်ခုခုမှာ သွားကျင့်ကြပေါ့။
တချို့ကတော့ ကိုယ့်အခန်းထဲမှာထိုင်ရတာကိုဘဲ နှစ်သက်ကြပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် အနှောင့်အယှက်ကင်းတဲ့ နေရာလေးဖြစ်ရင် ရပါပြီ။
- Third eye နေရာမှာ စိတ်အာရုံကို စုစည်းပြီးတရားထိုင်ပါ
Third eye ဆိုတာ မျက်ခုံး နှစ်ဖက်ရဲ့ အလယ်တည့်တည့်မှာရှိပါတယ်။ တခြားဘယ်ဆီမှ စိတ်တွေမပြန့်လွင့်စေဘဲ အဲဒီနေရာကိုဘဲ အာရုံစိုက်ထားပါ။ Third eye နေရာမှာ စိတ်အာရုံစူးစိုက်ထားနိုင်လို့ရှိရင် အဲဒီနေရာမှာ ကျိန်းသလိုလိုခံစားလာရပါမယ်။ Admin Sam ကိုယ်တိုင် ထိုင်ကြည့်တုန်းက အတွေ့အကြုံကို ပြောပြတာပါ။ Third eye နိုးထတဲ့အထိ လုပ်စရာက ဒါဘဲရှိတာပါ။ နေ့တိုင်း စိတ်ကိုဘယ်မှ မပျံ့လွင့်စေဘဲ Third eye မှာစိတ်အာရုံစူးစိုက်ပြီး တရားထိုင်သွားရင် ထူးခြားမှုလေးတွေ ခံစားလာရမှာပါ။ ထူးခြားမှုလေးတွေ ကြုံလာရရင် Admin Sam နဲ့ အတွေ့အကြုံချင်း ဖလှယ်ကြတာပေါ့ ^_^
- သင့်တော်မှန်ကန်တဲ့ position မှာထိုင်ပြီးကျင့်ပါ
ကျနော်တို့ ခန္ဓာကိုယ်အနေအထားကလည်း အာရုံစူးစိုက်နိုင်မှုအပေါ်မှာ အကျိုးသက်ရောက်ပါတယ်။ တချို့က လမ်းလျှောက်ရင်း တရားရှုမှတ်ရတာ သဘောကျကြပါတယ်။ နောက်တစ်နည်းပြောရင် စင်္ကြန်လျှောက်တာပေါ့။ ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်နဲ့ သက်တောင့်သက်သာဖြစ်အောင်နေပါ။ ပြီးမှ စိတ်ရှင်းရှင်း လန်းလန်းဆန်းဆန်းနဲ့ Third eye နေရာကို အာရုံစိုက်ပါ။
- Meditation object/ meditation phrase တစ်ခုခုကို အသုံးပြုပါ
တချို့တွေရှိတယ်။ တရားထိုင်မယ်ဆိုတာနဲ့ အိပ်ငိုက်တတ်တဲ့လူမျိုးတွေရှိကြပါတယ်။ ကိုယ်တရားထိုင်ရင် အိပ်ပျော်တတ်မယ်ဆိုရင် ကိုယ့်ကိုကိုယ်သိပါ။ အဲလိုလူတွေအတွက်ကတော့ မျက်လုံးဖွင့်ပြီး တရားထိုင်ပါ။ Meditation object တစ်ခုခုကိုယ်နဲ့သင့်တော်ရာရှာပါ။ ဖယောင်းတိုင်ကတော့ အသင့်တော်ဆုံးပါ။ ဖယောင်းတိုင်ရဲ့ မီးညွန့်ကိုကြည့်ပြီး တခြားဘယ်နေရာကိုမှစိတ်မပျံ့လွင့်စေဘဲနဲ့ Third eye နေရာကို အာရုံစိုက်ပြီး ရှုမှတ်ပေးပါ။
တရားထိုင်ရင် အိပ်မငိုက်တတ်တဲ့ လူတွေကတော့ မျက်လုံးမှတ်ပြီး လေဝင်လေထွက်ကိုမှတ်ပြီး စိတ်ငြိမ်အောင်မှတ်မလား ? စကားစုတစ်ခုခုရွတ်ပြီး စိတ်ငြိမ်အောင်မှတ်မလား ? ကိုယ်သန်ရာသန်ရာကိုရွေးပါ။ စကားစုဆိုတာက "အရဟံ" ဆို "အရဟံ" တစ်ခုခု ကိုစိတ်ထဲကဖြစ်စေ ပါးစပ်ကဖြစ်စေရွတ်ရင်း စိတ်ငြိမ်အောင်လုပ်ပြီး Third eye နေရာကို အာရုံထားပြီး ရှုမှတ်ပါ။
- ဇွဲနဲ့ နေ့စဉ်မှန်မှန် အလေ့အကျင့်လုပ်ပါ
#Tigrisea
#Crd SM
https://steemit.com/power/@susutun/third-eye-ttiyanklundefined
https://www.facebook.com/groups/262845124161566/permalink/280349012411177/
Third eye(တတိယမျက်လုံး)
±±±±±±±±±±±±±±±±±±±±±
Third eye(တတိယမျက်လုံး)ဆိုတာ ကျွန်တော်တို့ရဲ့ မျက်ခုံးမွှေး နှစ်ခုကြားမှာရှိတဲ့ ဦးနှောက်အစိတ်အပိုင်းလေးတစ်ခုဖြစ်ပါတယ်။တတိယမျက်လုံးကို ဥာဏ်မျက်လုံး လို့လဲ ခေါ်ဆိုနိုင်ပါသေးတယ်။တတိယမျက်လုံးနဲ့ ပတ်သက်ပြီးတော့ နေရာဒေသအသီးသီးက ယုံကြည်မှုတွေဟာကွဲပြားကြပါတယ်။Third eye(တတိမျက်လုံး)ပွင့်သွားတဲ့သူတွေဟာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဖုံးကွယ်ထားတဲ့ အရာတွေကိုမြင်နိုင်မှာပါ။အဲ့ဒီအရာတွေကတော့ ပရလောကရှိ တစ္ဆေသရဲများကိုမြင်နိုင်ခြင်း/သူတစ်ပါးရဲ့စိတ်ကို ဖောက်ထွင်းမြင်နိုင်ခြင်း/မိမိ၏အနာဂတ်ကို ကြိုတင်သိမြင်နိုင်ခြင်း တို့ဖြစ်ပါတယ်။တတိယမျက်လုံးဟာ "ချက္ကရ"(၇)ပါးထဲက ဒုတိယမြောက် "ချက္ကရ"ဖြစ်ပါတယ်။အဲ့ဒီ"ချက္ကရ"တွေကတော့-
(1)Crown Chakra(သရဖူချက္ကရ)
(2)Third eye Chakra(တတိယမျက်လုံးချက္ကရ)
(3)Throar Chakra(လည်မျိုချက္ကရ)
(4)Heart Chakra(နှလုံးချက္ကရ)
(5)Solar Plexus Chakra(ရင်ညွန့်ချက္ကရ)
(6)Sacral Chakra(ကျောရိုးချက္ကရ)
(7)Root Chakra(မူလချက္ကရ) တို့ပဲဖြစ်ပါတယ်။
ယခုပြောပြမှာက "တတိယမျက်လုံး" အကြောင်းဖြစ်တဲ့အတွက် "ချက္ကရ" တွေတစ်ခုချင်းစီကို ရှင်းမပြတော့ပါဘူး။
Third eye(တတိယမျက်လုံး)နိုးထလာအောင်ဘယ်နည်းလမ်းကိုအသုံးပြုမလဲ။နည်းလမ်းတွေကတော့ အများကြီးပါပဲ။
"Meditation"(တရားထိုင်ခြင်း)/"Third eye opening song"(အသံဖြင့်တတိယမျက်လုံးအားနိုးထစေခြင်း)/"ချွန်း"ကဲ့သို့ချွန်ထက်သောအရာဖြင့် ထိုးဖောက်ခြင်း စတဲ့အချက်တွေပါ။ကျွန်တော်တို့ရဲ့ စိတ်ကိုငြိမ်းချမ်းမှု ပေးစွမ်းနိုင်တဲ့ အန္တရာယ်အကင်းဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်တဲ့ "Meditation"လို့ခေါ်တဲ့ တရားထိုင်ခြင်း နည်းလမ်းကိုပဲ ဖော်ပြပါရစေ။
ပထမဦးစွာ ပတ်ဝန်းကျင်မှ ဆူညံသံများ မကြားနိုင်သည့် တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခုကို ရွေးချယ်လိုက်ပါ။ရိပ်သာတစ်ခုဖြစ်ဖြစ် ဘုန်းကြီးကျောင်း တစ်ကျောင်း ဖြစ်ဖြစ်ပေါ့။
Step(1)
======
စိတ်ကိုတည်ငြိမ်အောင်ထားပါ။ဘာကိုမှမတွေးပါနဲ့။ခေါင်းထဲမှာ ပေါ်လာသမျှ အရာအားလုံးကိုလည်း ရှင်းထုတ်လိုက်ပါ။ဦးခေါင်းအထက်မှ ခြေဖျားအဆုံးအထိ အကြောအချဉ်များ ကိုလည်းဖြေလျော့ထားပါ။
Step(2)
======
မိမိရဲ့မျက်ခုံး နှစ်ခုကြားက တတိယမျက်လုံး နေရာကို အာရုံစိုက်ထားပါ။စိတ်ကိုမပျံ့လွင့်စေဘဲ တတိယမျက်လုံး နေရာ၌သာ ရှိနေပါစေ။ခဏအကြာတွင် မိမိ၏ တတိယမျက်လုံး နေရာမှ အနည်းငယ်အောင့်၍ လာလိမ့်မည်။
နောက်ပိုင်းတွင် ကျင့်သားရလာသော အခါတရားထိုင်စရာ မလိုဘဲ သူ့အလိုလို အောင့်၍နေပေလိမ့်မည်။
Step(3)
======
ကျင့်သားရလာသောအခါ စင်္ကြာဝဠာ ကြီးတွင်ဖြစ်ပျက်နေသော ထူးဆန်းသည့် အကြောင်းအရာများကို အလိုလိုသိမြင်လာမှာ ဖြစ်ပါတယ်။ပရလောကရှိဝိညာဉ် များကို လည်းမြင်တွေ့နေရမှာ ဖြစ်တဲ့အတွက်ကြောင့် တတိယမျက်လုံး ကျင့်တဲ့သူတစ်ယောက်ဟာ ထိုကဲ့သို့သော ထူးခြားဆန်းကြယ်တဲ့ အဖြစ်အပျက်များကိုလည်း ခံနိုင်ရည်ရှိရပါမယ်။
တတိယမျက်လုံး ပွင့်လာနိုင်တော့ မည်ဟု သိနိုင်သည့် အချက်(၅)ချက်ရှိပါတယ်။အဲ့ဒီအချက်တွေကတော့---
(1)တတိယမျက်လုံးနေရာမှဖိအားခံစားရခြင်း
~~~~~~~~~~~~~~~~~~~~~~~~~
ပထမဆုံး အချက် အနေနဲ့ ကျွန်တော် အထက်မှာ ပြောခဲ့တဲ့ အတိုင်း တတိယမျက်လုံး နေရာမှ မကြာခဏအောင့်၍ လာခြင်းတို့ကို ခံစားရမှာဖြစ်ပါတယ်။
(2)အမြင်အာရုံစူးရှလာခြင်း
~~~~~~~~~~~~~~~
ဒုတိယအချက်အနေနဲ့ မိမိတို့ရဲ့ အမြင်အာရုံဟာ ယခင်ကထက်ပိုမိုစူးရှ လာသည်ကို သိသိသာသာ ခံစားရမှာဖြစ်ပါတယ်။
(3)အလင်းရောင်ပြင်းပြင်းကိုမခံနိုင်ခြင်း
~~~~~~~~~~~~~~~~~~~~~~
တတိယအချက်အနေနဲ့ စူးရှတဲ့ နေအလင်းရောင် ပြင်းပြင်းကို မခံနိုင်ခြင်း ကြောက်ရွံ့လာခြင်း တို့ကိုခံစားရမှာပါ။
(4)ပြောင်းလဲမှုကိုခံစားရခြင်း
~~~~~~~~~~~~~~~~
စတုတ္ထအချက် အနေနဲ့ မိမိကိုယ်ကို ယုံကြည်မှု ရှိလာခြင်း/ကိုယ်ရေကိုယ်သွေး ကောင်းမွန်လာခြင်း/တစ်ကိုယ်ကောင်းဆန်စိတ် နဲလာခြင်းတို့ကို သိသိသာသာခံစား လာရမှာဖြစ်ပါတယ်။
(5)ယခင်ကထက်ခေါင်းပိုကိုက်လာခြင်း
~~~~~~~~~~~~~~~~~~~~~~
ပဉ္စမ အချက်အနေနဲ့ တတိယမျက်လုံးနေရာမှ ယခင်ကထက် ပို၍အောင့်လာခြင်း/ကိုက်ခဲလာခြင်း တို့ကို ကြုံတွေ့ရမှာပါ။ပြင်းပြင်းထန်ထန် လေ့ကျင့်လျှင် ဦးနှောက်ထိခိုက် နိုင်သောကြောင့် တစ်နေ့လျှင် ပုံမှန်သာလေ့ကျင့် ကြဖို့အကြံပြုလိုက်ရပါတယ်။
ပြန်လည်မျှဝေသည်။
credit ဘယ်သူမှန်းမသိ။
video တွေ ထူးဆန်းတယ်
https://www.facebook.com/groups/1925295764377427/permalink/2020155374891465/

No comments:
Post a Comment
Note: Only a member of this blog may post a comment.