Telekinesis (စိတ်စွမ်းအားဖြင့်အရာဝတ္ထုများ ရွေ့လျားစေခြင်း)
Telekinesis ဆိုတာဟာလူတိုင်းလိုလိုသိမယ်ထင်ပါတယ်...ရုပ်ရှင်တွေ ဇာတ်ကားတွေထဲမှာတော်တော်များများတွေ့ဖူးကြမှာပါ...
Telekinesis ဆိုတာ စိတ်စွမ်းအင်ကိုသာအသုံးပြုပြီး ပစ္စည်းဝတ္ထုတွေကို ရွေ့လျားအောင် ပျံအောင် ဝဲနေအောင် လုပ်တာမျိုးပါ...
ပင်အပ် . ကျည်ဆံ ကအစ လူ . ကား တွေအထိ တောင်ကျင့်ရင်ကျင့်နိုင်သလိုရနိုင်ပါတယ်...
အရာဝတ္ထုတွေကို လက်နှစ်ဖက် (သို့) တစ်ဖက် နဲ့အသုံးပြုရွေ့လျားရတာဟာ (ကိုင်ပီးရွေ့တာမဟုတ်ဘူးနော်) စိတ်စွမ်းအင်ကိုဦးဏှောက်လှိုင်းကနေတဆင့် ထုတ်ပီး ထိန်းရတာဖစ်တဲ့အတွက် ခက်ခဲပါတယ် အဲ့တာကြောင့် လက်ကနေစိတ်စွမ်းအင်နဲ့ပေါင်းပီး အရာဝတ္ထုကို မိမိရဲ့ တတိယလက်သဖွယ်သဘောထားပီး ရွေ့လျားခြင်းဖြစ်ပါတယ်...
Telekinesis ဆိုတာ Phyro (မီး) တို့ Hydro (ရေ) တို့ Geo (မြေ) တို့ Air ( လေ) တို့လို သဘာဝတည်မြဲနေတဲ့ ဓာတ်ကြီး (elements) တွေကိုထိန်းချုပ်တာမျိုးမဟုတ်တဲ့အတွက် စိတ်စွမ်းအင် (Sprirt power) ကိုများစွာအသုံးပြုရပါတယ်...
မှော်ပညာပိုင်းလဲမဟုတ်ပါဘူး...Physco (စိတ်ပညာ) ပိုင်းနဲ့သက်ဆိုင်တဲ့ သဘာဝလွန်စွမ်းအင်တစ်ခုဖစ်ပါတယ်...
Telekinesis လိုမျိုး Sprirtualkinesis တွေအများကြီးရှိပါတယ်...
ဥပမာ- အနာဂတ်ကိုကြိုကြည့်နိုင်တာ. စိတ်ညို့တာ. Teleportation (တစ်နေရာမှတစ်နေရာ ကြားခံနယ်မရှိဘဲ အလင်းရဲ့အလျင်အတိုင်း သွားခြင်း).
Telepathy (စိတ်မှ တပါးသူကို စကားပြောခြင်း) စတာတွေက စိတ်စွမ်းအားကိုသာအခြေထားတဲ့ မျက်လှည့်ဆန်ဆန် သဘာဝလွန်စွမ်းအင်တွေဖစ်ပါတယ်...
Telekinesis ကျင့်စဉ်ကို မကျင့်မီ သိထားသင့်အချက် ၃ ချက်ရှိပါတယ်...
၁ - အာရုံစူးစိုက်နိုင်စွမ်းမြင့်မားရမယ်...
အရာဝတ္ထုတွေကိုထိန်းချုပ်ရမယ်ဆိုတော့...
အရာဝတ္ထုတိုင်းဟာ atom နဲ့ဖွဲ့စည်းထားတယ်ဆိုတာတော့သိကြမှာပါ...
အဲ့ဒီအချက်ကိုအခြေခံပီး မမြင်နိုင်လောက်အောင် သေးတဲ့ molecules လေးတွေကိုပါအာရုံစူးစိုက်နိုင်ရပါမယ်...စိတ်ချပါ အဲ့လောက်ထိဘယ်သူမှ အာရုံစူးစိုက်မှုကောင်းမှာမဟုတ်ပါဘူး...သိပါတယ်...
အဲ့ဒီအတွက်လုပ်ရမှာကတော့ တရားထိုင်ရမှာပါ...
နေ့စဉ်နေ့တိုင်းတရားထိုင်ပါ...
တဖြည်းဖြည်းနဲ့ စိတ်စွမ်းအင်မြင့်တတ်လာပါလိမ့်မယ်...
စူးစိတ်မှုအားတွေတစ်နေ့ထက်တစ်နေ့ကောင်းလာပါလိမ့်မယ်...
တရားကိုဘယ်လိုထိုင်ရမလဲဆိုတာတော့သိမှာပါ...လေဝင်လေထွက်မှတ်ပီး ဘေးနားမှာဖစ်သမျကိုလျစ်လျူရှုပြီး တစ်ခုတည်းကိုပဲအာရုံစိုက်ထားခြင်းဖစ်ပါတယ်...
တရားထိုင်တာကိုတော့ ကျင့်စဉ်အားလုံးအောင်သွားပီးရင်တောင်မှ ရပ်ဖစ်ဖို့စိတ်မကူးပါနဲ့ ပိုပိုပီးလင့်ကျင့်ရင် ပိုပိုပီး ကောင်းလာမှာပါ...
၂ - ယုံကြည်ချက်ထားပါ...မလောပါနှင့်...ဇွဲလုံလထားပါ
ငါဒါကိုလုပ်ကိုလုပ်နိုင်ရမယ်ဆိုတဲ့စိတ်သာထားရင်ပိုပီးအောင်မြင်နိုင်ပါတယ်...
သူများပြောတာ ဟုတ်မဟုတ်သိချင်တဲ့စိတ်နဲ့ စမ်းတာမျိုးဆို အောင်မြင်ဖို့ ခဲယဉ်းပါတယ်...
မလောပါနဲ့ တစ်ရက်မအောင်မြင်ရင် တစ်ပတ် တစ်ပတ်မှမအောင်မြင်ရင် တစ်လ တစ်လမှမအောင်မြင်ရင် တစ်နှစ် တစ်နှစ်မှမအောင်မြင်ရင် ၁၀ နှစ် ဖစ်နိုင်ပါတယ်...ဇွဲမလျော့ပါနဲ့...
လူတော်တော်များများဇွဲလျော့လိုက်ကြတာကြောင့်မို့ သဘာဝလွန်စွမ်းအားတွေဟာ ရှားပါးလာပါတယ်...
အရင်ခေတ်အခါကဆို လူတိုင်နီးပါးမှာ သဘာဝလွန်စွမ်းအားကိုယ်ပိုင်တွေရှိကြပါတယ်...အခုခေတ်မှာတော့မမြင်ဖူးသလောက် လူသန်းပေါင်းများစွာမှ တစ်ယောက်လောက်ပဲ ရှာရှားပါးပါးတွေ့နိုင်တာပါ...အဓိကက အဲ့ဒီ ယုံကြည်မှုနဲ့ ဇွဲလုံလပါပဲ...
၃ - ကျင်စဉ်ကို မလေ့ကျင့်ခင်မှာ စိတ်ကိုဖြေလျော့ထားသင့်ပါတယ်...ပူပန်စိတ်တွေ စိတ်ကျည်းကြပ်မှုတွေ စိတ်ပင်ပန်း ကိုယ်ပင်ပန်းမှုတွေ အတတ်နိုင်ဆုံးမရှိပါစေနဲ့...လေ့ကျင့်မှုမှာ နှောင့်နှေးတတ်ပါတယ်...မလေ့ကျင့်ခင် စိတ်ကိုရှင်းရှင်းထားပီး ရင်ထဲမှာအေးချမ်းနေပါစေ...ဒါမှ စိတ်ရဲ့အလုပ်လုပ်မှုမှာ ပိုမိုသက်သာစေမယ် အားစိုက်မှုကိုပိုကောင်းစေပါတယ်...
ကဲ အခုကျင့်စဉ်စပါတော့မယ်...
အဓိက ကျင့်စဉ်မှာစုစုပေါင်း အဆင့် ၇ ဆင့်ရှိပါတယ်...
အဲ့ဒီခုနှစ်ဆင့် ကျင့်တိုင်း သွေးပူလေ့ကျင့်ခန်းအနေနဲ့ အမြဲပြုလုပ်ရမဲ့ ဟာရှိပါသေးတယ်...
သွေးပူလေ့ကျင့်ခန်း
.............................
အဲ့တာက အပေါ်မှာပြောခဲ့သလို စိတ်စွမ်းအင်ကိုလက်နဲ့ထိန်းချုပ်နိုင်အောင် လက်ကစွမ်းအင်ထုတ်တဲ့နည်းပါ...
ရိုးရှင်ပါတယ် ပုံမှာပြထားပါတယ်...လက်နှစ်ဖက်ကို နှစ်မိနစ်လောက်အချင်းချင်းပွတ်တိုက်ပါ...ပီးရင်အနည်းငယ်ခွာပီး လက်ထဲက စွမ်းအင်ကိုခံစားပါ...စွမ်းအင်လုံးဖစ်လာတယ်လို့ခံစားရတဲ့အထိလုပ်ကြည့်ပါ...
စွမ်းအင်လုံးဟာ မြင်ရမှမဟုတ်ပေမဲ့ အဲ့ဒီအတွင်းက အပူချိန်ဟာ သာမာန်ထက်ပိုနေတာကိုတွေ့ရမှာပါ...ပူနေတယ်ဆိုလဲ သာမာန်ထက်ပိပူပီး အေးရင်လဲ သာမာန်ဖက်ပိုပီးအေးနေမှာပါ...ပူလား အေးလား ကို့ပါကိုခံစားကြည့်ပါ...
ကျင့်စဉ်စပါတော့မယ်...တစ်ခုအောင်မြင်ပီးမှနောက်တစ်ခုဆက်ပါ...
ပထမ ကျင့်စဉ်ကတော့
ပုံမှာပြထားသလို ကွင့်တစ်ခုကိုကြိုးချည်ပီးလှုပ်ရှားရမယ့်နည်းပါ...
ဒုတိယတစ်ခုက ပုံမှာပြထားသလိုစာရွက်ခေါက်ကို မှောက်လိုက် ထောင်လိုက်ဖြစ်အောင်လုပ်ပါ...
တတိယတစ်ခုက ဘောပင် သို့မဟုတ်ခဲတံကို ဘယ်ညာလိမ့်ခိုင်းတာဖြစ်ပါတယ်...
နောက်တစ်ခုက ပုံပါအတိုင်း စက္ကူကို အပ်ပေါ်တင်ပီး လှည်ခြင်းပဲဖြစ်ပါတယ်...
၅ခုမြောက်က ပုံတော့မပါပါဘူး လွယ်ပါတယ်...တစ်သျူးစဖစ်ဖစ် ငှက်မွေးဖစ်ဖစ်ကို အလုံပိတ် ဖန်ဘူးထဲထဲ့ပီး ပျံစေခြင်းပါ...
၆ ခုမြောင်ကျင့်စဉ်က သံဗူး (အအေးဗူး) ကို ပိန်ချိုင့်အောင်လုပ်ခြင်းပါ...သိကြမှာပါ...
နောက်ဆုံးတစ်ခုကတော့ မျက်လှည့်ဆန်ဆန် ဇွန်းကွေးခြင်းအပဲဖစ်ပါတယ်...
ထပ်တသ်လဲလဲ လေ့ကျင့်မယ်ဆိုပိုပီးအောင်မြင်နိုင်ပါတယ်...
#ပါရမီနဲ့ ကြိုးစားအားထုတ်မှုကိုပေါင်းစည်းပီး အောင်မြင်နိုင်ကြပါစေ...
https://www.facebook.com/groups/262845124161566/permalink/281667745612637/
https://steemit.com/power/@susutun/telekinesis-sit-sym-aayapang-ayaawt-undefined-eyay-undefined-esyakhng

No comments:
Post a Comment
Note: Only a member of this blog may post a comment.