Tedtalk မှာ video တွေကို မြန်မာလို စာတန်းထိုးနဲ့ ကြည့်ရှု့လို့ရပါတယ်။
ဒါပေမယ့် unicode, zawgyi အခက်အခဲကြောင့်
စာတန်းတွေက မမြင်ရဘူးဆိုပြီးတော့ မကြည့်ကြတာများပါတယ်။
ဒါပေမယ့် အဲဒီ အခြေအနေကို ဖြေရှင်းလို့ရပါတယ်။
Tedtalk website ကနေ ပြီး မြန်မာစာတန်းထိုးကို တစ်ခါတည်း ဗီဒီယိုထဲမှာထည့်ပြီး download ဆွဲလို့ရပါတယ်။
လုပ်နည်းကတော့ လွယ်ပါတယ်။ဖုန်းကနေပဲ chrome browser ထဲကို ဒီလင့်ကနေပြီးတော့သွား
https://www.ted.com/talks?language=my
ကိုယ်ကြိုက်တဲ့ video တွေ့ရင် ဖွင့်ကြည့်ပါ။
အဲဒီမှာ share ဆိုတဲ့ ခလုတ်လေးတွေ့မယ်။
သူ့ကို နှိပ်ရင် download ဆွဲမှာလားဆိုပြီးမေးပါတယ်။
Download ဆွဲရင် subtitle တွေကို burmese ရွေးပေးရင် တစ်ပါတည်းစာတန်းထိုးပြီးသား TED ဗီဒီယိုတွေကိုရပါတယ်။
Tedtalk မှာပဲရတာဖြစ်ပြီး Teded တို့ Tedx တို့မှာ မရပါဘူးဗျာ.
https://www.facebook.com/nyeinchankoko/posts/10204304071399144

No comments:
Post a Comment
Note: Only a member of this blog may post a comment.