MPT Registration
SIM Card မှတ်ပုံတင် ပြီး/မပြီး
စစ်ဆေးရန် နံပါတ်များ
MPT >>> *601#
📞

Telenor >>> *979*3*3#
📞

Ooredoo
>>> *666#
📞

MEC >>>
စစ်ဆေးရန်နံပါတ်မထွက်ရှိသေးပါ အင်တာနက်ဖွင့်၍www.mectel.com.mm တွင် မိမိဖုန်းနံပါတ်အားရိုက်ထည့်ကြည့်၍
စစ်ဆေးနိုင်ပါသည်။ မှတ်ပုံတင်ပြီးပါက already registered ဟုပေါ်လာပါလိမ့်မည်
=======================
MPT Registration
♪
MPT ဆင်းမ်ကတ်များကို KBZ ဘဏ်တွေမှာမှတ်ပုံတင်လိုရပြီ ♫
မြန်မာနိုင်ငံဆက်သွယ်ရေးလုပ်ငန်း MPT က ကမ္ဘောဇဘဏ်နဲ့ ပူးပေါင်းကာ
၂၀၁၆ခုနှစ် ၊ဒီဇင်ဘာလ (၁၅)၇က်နေ့မှစပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ
ကမ္ဘောဇဘဏ်ခွဲများမှာ MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ကို ဆောင်ရွက်ပေးတော့မှာဖြစ်တယ်လို့
သိရပါတယ်။
MPT သုံးစွဲသူများအနေနဲ့ လတ်တလောမှာကမ္ဘောဇဘဏ်ခွဲပေါင်း(၅၀)
မှာသွားရောက်မှတ်ပုံတင်မယ်ဆိုရင် ကမ္ဘောဇဘဏ်မှ အခမဲ့အစီအစဉ်များ ပြန်လည်ပေးသွားမှာဖြစ်ပြီး
MPT ဆင်းမ်ကတ်များကိုမှတ်ပုံတင်ရင်း KZB internet banking စနစ်ကိုအခမဲ့ရယူနိုင်တဲ့အပြင်
ကမ္ဘောဇဘဏ်စာရင်းမရှိသေးသူများအတွက်လည်း ကမ္ဘောဇဘဏ်မှ (၁၀၀၀) ကျပ်ငွေဖြည့်သွင်းပြီးငွေစုဘဏ်စာရင်းအသစ်တစ်ခု
အခမဲ့ဖွင့်လှစ်ပေးမှာဖြစ်တယ်လို့ လည်းသိရပါတယ်။
MPT နဲ့ ကမ္ဘောဇဘဏ်အခုလို ပူပေါင်းခြင်းဟာ MPT သုံးစွဲသူများအတွက်
ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို လွယ်ကူချော့မွေ့စွာဆောင်ရွက်နိုင်အောင် ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး
MPT ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနဲ့ ကမ္ဘောဇဘဏ်မှအကောင့် ဖွင့်လှစ်မယ်ဆိုရင်မှတ်ပုံတင်မူရင်း
ပြသဖို့လိုအပ်တယ်လို့သိရပါတယ်။
Credit to ==> Digital Times
===================================
♪
SIM Card များကိုအလွယ်ကူဆုံး မှတ်ပုံတင်ကြမယ် ♫
Sim card များကိုမှတ်ပုံတင်ရန် Operator အသီးသီးမှလည်း
အသိပေးစာများပေးပို့ နေကြပါပြီ။ အချိန်နီးကပ် လာတာနဲ့အမျှ မှတ်ပုံတင်ခြင်းကိုလည်း
Operator များဘက်မှ အဆင်ပြေဆုံးဖြစ်အောင် Online ဝန်ဆောင်မှု့များပေးနေပါပြီ။ ဒါကြောင့်
မှတ်ပုံတင်ထားခြင်းမရှိသေးပါက အောက်ပါနံပါတ်များကိုခေါ်ဆိုပြီး online ကနေအလွယ်ကူဆုံး
မှတ်ပုံတင်ကြရအောင်
ဖုန်းကဒ်များ မှတ်ပုံတင်ရန်
°°°°°°°°°°°°°°°°°°°°°°°°°°°°
Telenor အတွက် –
979 ကို နှိပ်ပါ
Ooredoo အတွက် –
234 ကို နှိပ်ပါ
MPT- အတွက် – 106 ကို
နှိပ်ပါ
MEC- အတွက် – 01 391814
ကို နှိပ်ပါ
( သက်ဆိုင်ရာ operatorများမှ ညွှန်ပြသည့်အတိုင်း ဆက်လက်ဆောင်ရွက်ပါ
)
ကန့်သတ်ချိန်
ည 7:00အချိန်မှစ၍ မနက် 5:00အချိန်အတွင်း လျှောက်လို့မရပါဘူး။
အသစ်ထွက်ရှိလာသော ဆက်သွယ်ရေးဆိုင်ရာဥပဒေအရ Register မလုပ်ထားသော
Ph No များအား 2017 ခုနှစ် April လ ကျော်လွန်ပါက သက်ဆိုင်ရာ Operator က လိုင်းပိတ်သွားမည်ဖြစ်ပါသည်။
==================
♪
“MECTel ဆင်းကတ်များကို အွန်လိုင်းပေါ်တွင် မှတ်ပုံတင်နိုင်” ♫
MECTel ဆင်းကတ်များကို အသုံးပြုသူများကိုယ်တိုင်
Online ပေါ်တွင် မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း သိရသည်။ မှတ်ပုံတင်လိုသူများအနေဖြင့်
www.mectel.com.mm website စာမျက်နှာမှ တစ်ဆင့်မှတ်ပုံတင် နိုင်ပြီ ဖြစ်ကြောင်း
MECTel မှ သုံးစွဲသူများအား ကြေညာလိုက်သည်။
မှတ်ပုံတင်သည့်အခါလိုအပ်သော အချက်အလက်များ ဖြည့်သွင်းရာတွင်
မိမိ၏ရှင်းလင်းပြတ်သားသော နိုင်ငံသားစိစစ်ရေးကတ်၊ ၀န်ထမ်းကတ်၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်ကတ်
သို့မဟုတ် နိုင်ငံခြားသား ဖြစ်ခဲ့ပါက နိုင်ငံကူးလက်မှတ်မိတ္တူ သို့မဟုတ် Scan ဖတ်ထားသည့်ပုံကို
ဖြည့်သွင်းပေးရမည်ဖြစ်ပြီး ပထမ ဦးစွာ မှတ်ပုံတင် (Registration) ပြုလုပ် မည့် ဖုန်းဆင်းကတ်ကို
မှတ်ပုံတင် (Registration) ပြုလုပ်နိုင်မည့်ဖုန်း အတွင်း ထည့်ထားရမည် ဖြစ်ကာ မိမိဖုန်းမှအင်တာနက်
Browser ကိုဖွင့်ပါ။
www.mectel.com.mm သို့ဝင်၍ ဆင်းကတ်များကို မှတ်ပုံတင်လို့ရပါပြီဟူ၍
စာမျက်နှာကျရောက်လာပါက မှတ်ပုံတင်ရန် Registration Button ကိုနှိပ်ရ မည်ဖြစ်ပြီး
Phone Number ရိုက်ထည့်ရန်နေရာတွင် မှတ်ပုံတင်ရန် မိမိဖုန်း နံပါတ်ကို ရိုက်ထည့်ပါ။
ထို့ နောက် search ကိုနှိပ်ပါ။ MECTel မှ Code ကို SMS ပေးပို့ပေးမည်ဖြစ်ကာ Code ထည့်ရန်နေရာတွင်
Code နံပါတ်ကို ရိုက်ထည့်ပေးပါ။ ပြီးလျှင် Submit ကိုနှိပ်ပါ။
ထို့နောက် ကျလာသောစာမျက်နှာတွင် လိုအပ်သော အချက်အလက်များကို
ပြည့်စုံစွာ ဖြည့်စွက်ပေးရမည်ဖြစ်သည်။ အချက်အလက်များ ဖြည့်ပြီး ပါက မိမိမှတ်ပုံတင်ဓာတ်ပုံရိုက်ရန်
Choose File ကိုနှိပ်ပါ။ (မှတ်ပုံတင် အရှေ့ခြမ်း နှင့် အနောက်ခြမ်းနှစ်ခုစလုံးကို ဓာတ်ပုံရိုက်နှိပ်ရမည်ဖြစ်သည်)
ဓာတ်ပုံတစ်ခါ ရိုက်ပြီးတိုင်း ညာ ဘက် ထောင့်အပေါ်ဘက်ရှိ အမှန်ခြစ်လေးကို နှိပ်ရမည် ဖြစ်သည်။
မှတ်ပုံတင် အရှေ့ခြမ်းနှင့် အနောက်ခြမ်း နှစ်ခုစလုံးရရှိပါက Update ကို နှိပ်ပါ။
Update Successful စာတန်းအား မြင်ရပြီဆိုပါက ဆင်းကတ်အား အောင်မြင်စွာ မှတ်ပုံတင်ပြီးသွားပြီဖြစ်သည်။
====================
မိမိဖုန်းကို မှတ်ပုံတင်မယ် သိပ်လွယ်ပါတယ်
MPT နဲ့ Telenor တော့ မှတ်ပုံတင်လိုက်ပါပြီ
မသိသေးများအတွက်မျှဝေပါတယ် လွယ်ပါတယ်
Online ကနေ လုပ်လို့ရတယ် မတင်ထားရင်ပိတ်သွားမှာဆိုးလို့ပါ
MPT အတွက်
Ooredoo အတွက်
Telenor အတွက်
Ooredoo က register လုပ်ခြင်းအတွက် internet 500MB လက်ဆောင်ပြန်ပေးပါတယ်..
မိမိ မှတ်ပုံတင် ရှေ့နောက် တပုံ စီ ဖုန်းနဲ့ ရိုက်ထားပါ
မိမိ မျက်နှာပုံလဲ လိုပါတယ် သိပ်တော့ အရေးမကြီးပါ
အချိန်ရတုန်းလေး လုပ်ထားလိုက်ပေါ့ သိပ်မခက်ပါဘူး
အခုချိန်မလုပ်ဖြစ်သေးရင် Share ထားလိုက်ပေါ့ နောက်လိုမယ်
No comments:
Post a Comment
Note: Only a member of this blog may post a comment.