Android
Tool-Heimdall
Android
Tool-Heimdall
Heimdall
(Or) Open Source Odin (အပိုင်း ၁)
******************************************************
******************************************************
Heimdall
ဆိုတာက Odin လိုပဲ Samsung Firmware တွေကို ပြန်ရေးနိုင်တဲ့ Tool တစ်ခုပဲဖြစ်ပါတယ်။
Heimdall ဟာ တကယ်တမ်း အသုံးပြုတတ်မယ်ဆိုရင်တော့ Odin ထက်ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့
Heimdall ကို အသုံးပြုမယ်ဆိုရင် *.img ဖိုင်တွေကို Flash နိုင်တာကြောင့်ပဲဖြစ်ပါတယ်။
ဒါတင်ပဲလားဆိုရင် ဒီထက်မကသေးပါဘူး။
ဖုန်းအတွက်လိုအပ်တဲ့
PIT (Partition Identify Table) ဖိုင်တွေကိုလည်း Heimdall နဲ့ Backup လုပ်ယူနိုင်သလို
ကြည့်ရှုမယ်ဆိုရင်လည်း ရပါတယ်။ PIT File ကို ကြည့်ရှုနိုင်တဲ့အတွက် Samsung ဖုန်းတွေရဲ့
eMMC Info တွေကို လေ့လာလို့ရနိုင်မှာဖြစ်ပါတယ်။
တတ်ကျွမ်းမယ်ဆိုရင်တော့
Partition တစ်ခုအလိုက် Dump ပြုလုပ်ပြီး Backup လုပ်ယူနိုင်မှာလည်းဖြစ်ပါတယ်။
Heimdall ရဲ့ အားသာချက်နောက် တစ်ခုက Open Source ဖြစ်တာပဲဖြစ်ပါတယ်။ ဒီ Open
Source ဖြစ်တဲ့အတွက်လည်း ထူးထူးခြားခြားကောင်းမွန်တာ နောက်တစ်ခုက အခုခေတ်စားနေတဲ့
Firmware Dump Backup လုပ်ဆောင်ချက်တွေကိုလည်း လေ့လာနိုင်မယ့် အခွင့်အလမ်း ရရှိသွားစေမှာဖြစ်ပါတယ်။
ဒါပေမယ့်
ကံဆိုးချက်ကတော့ Heimdall ဟာ မြန်မာနိုင်ငံရဲ့ လူသုံးအများဆုံး C# ကို မသုံးထားတာကိုတော့
ရင်နာစရာ တွေ့ရပါတယ်။ Heimdall ကို Develop လုပ်တဲ့ Echidna ကိုယ်တိုင်က ကြိုက်သလိုဖြန့်ဝေ
အသုံးပြုခွင့်ပေးထားပါတယ်။ ဒါပေမယ့်လည်း Heimdall ကို အသုံးပြုလို့ တစ်စုံတစ်ခု ပြသနာ
ပေါ်လာခဲ့မယ်ဆိုရင် တာဝန်မယူနိုင်ဘူးလို့ သတိပေးထားပါတယ်။ ဒါကြောင့် မကြိုက်ရင် မသုံးပါနဲ့လို့လည်း
ခပ်မာမာ ပြောထားတာကို တွေ့ရပါတယ်။
Heimdall
နဲ့ လုပ်ဖြစ်တဲ့ Project လေးတစ်ခုကတော့ CF Auto Root ကို Auto Flash ပေးနိုင်တဲ့
Software လေးပဲဖြစ်ပါတယ်။ အလုံးစုံ သဘောမကျတာကြောင့် Public ဖြန့်ဝေခြင်းမပြုခဲ့ပါဘူး။အခုအချိန်မှာတော့
Heimdall အသုံးပြုနည်းကို အပိုင်းအလိုက် ရေးသားသွားတော့မှာပဲဖြစ်ပါတယ်။
Heimdall
ကို အသုံးပြုတော့မယ်ဆိုရင် နှစ်မျိုးရှိပါတယ်။ အဲဒါကတော့ Heimdall Front End နဲ့
Heimdall Command Prompt တို့ပဲဖြစ်ပါတယ်။ Heimdall Frontend ဟာ GUI နဲ့လာပေမယ့် အသုံးပြုရခက်ခဲတဲ့အတွက်
လူသုံးမများခဲ့ပါဘူး။ ဒါပေမယ့် Odin ထက်ပိုပြည့်စုံတာကိုတွေ့ရပါတယ်။ ဥပမာအနေနဲ့ မလိုအပ်ဘဲ
.tar.md5, .tar စတဲ့ Format တွေကို ပြောင်းလဲစရာမလိုဘဲ *.img ဖိုင်တွေကို Flash နိုင်တာက
ချီးကျူးဖွယ်ကောင်းပါတယ်။
Heimdall
ကို C++ နဲ့ ရေးပါတယ်။ ဒါပေမယ့် C# နဲ့ ပြောင်းရေးမယ်ဆိုရင်လည်း ရနိုင်တာပဲဖြစ်ပါတယ်။
တကယ်လို့ ရေးဖို့စိတ်ဝင်စားတဲ့လူရှိမယ်၊ ရေးနိုင်တဲ့လူရှိမယ်ဆိုရင်တော့ ဆန္ဒရှိရင်
Chat Box ကိုလာခဲ့ပြီးတော့ ပူးပေါင်းလုပ်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒါပေမယ့်လည်း ဒီသင်ခန်းစာတွေမှာတော့
Programming အခန်းကဏ္ဍကို ရေးသားသွားမှာမဟုတ်ဘဲ အသုံးပြုနည်းကိုပဲ ရေးသားသွားမှာပါ။
Heimdall
ကို အသုံးပြုမယ်ဆိုရင် Driver က အစ ပြန်တင်ဖို့လိုပါတယ်။ Heimdall နဲ့ ပူးတွဲအသုံးပြုရမယ့်
Driver ကိုတော့ Zadig လို့ခေါ်ပါတယ်။ ကံအကြောင်းအကြောင်းမလှစွာနဲ့ အားနည်းချက်နောက်တစ်ခုကတော့
Zadig နဲ့ Samsung Driver တင်ထားမယ်ဆိုရင် Odin ကို အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။
ပြန်အသုံးပြုမယ်ဆိုရင်တော့ အလွယ်ဆုံးအနေနဲ့ Samsung Driver ကို ပြန်တင်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။
ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့
Heimdall Command Prompt ပဲဖြစ်ပြီးတော့ အတွင်းကျကျ အနှစ်သာရကို မလေ့လာဘူးဆိုရင်တောင်
adb လိုမျိုး heimdall.exe ကို အသုံးပြုပြီးတော့ Software ရေးလို့ရပါတယ်။ နောက် ကောင်းတဲ့နောက်အချက်တစ်ခုကတော့
C++ နဲ့ ရေးတဲ့အတွက် Multi Platform ရတဲ့အချက်ပဲဖြစ်ပါတယ်။
အသုံးပြုနည်းကိုတော့
အပိုင်း (၂) မှာစတင်လေ့လာကြရမှာဖြစ်ပါတယ်။ ဒီတော့ အပိုင်း(၁) ရဲ့ နိဂုံးချုပ်အနေနဲ့
Heimdall ကို အသုံးပြုဖို့အတွက် လိုအပ်တဲ့ Tool လေးတွေကို Download လုပ်ထားကြရပါမယ်။
Heimdall
Tool ကို အောက်မှာပြထားတဲ့ Link ကနေ Download လုပ်ပါ။
heimdall-suite-1.4.0-win32.zip,
Size 9.55 MB...
http://d-h.st/
https://userscloud.com/
https://www.mediafire.com
တကယ်လို့
ဘရိုတို့ဟာ Programming ကို စိတ်ဝင်စားပြီးတော့ Heimdall Source Code တွေကို လေ့လာချင်တယ်
ဆိုရင်တော့ အောက်က Link က နေ Download လုပ်ပြီးတော့ Source Code တွေကို လေ့လာနိုင်ပါတယ်။
Credit http://ouo.io/IFh14i
No comments:
Post a Comment
Note: Only a member of this blog may post a comment.