MEIZU Accountအကြောင်း သိကောင်းစရာ 🚨 (သို့)
သင် မဖတ်ဖြစ်ခဲ့ရင် နောင်တရနိုင်မယ့် ပို့စ် 🚨
MEIZU Smartphoneကို အသုံးပြုပြီး MEIZU Account
အကြောင်း မသိသေးဘူးဆိုရင် သင့်ဖုန်းဟာ (၅၀)ရာခိုင်နှုန်း လုံခြုံ
စိတ်ချမှု မရှိတော့ပါဘူး။ ဘာကြောင့်လဲ?
သာမန်Password လော့ချမယ်။ လက်ဗွေစနစ်သုံးမယ်။ Guest
Modeနဲ့ Privacy Modeသုံးမယ်။ ဒါလောက်နဲ့တော့ MEIZU
ဖုန်းအတွက် လုံခြုံမှု (၅၀)ရာခိုင်နှုန်းပဲ ပေးနိုင်ပါမယ်။ ကျန်(၅၀)ရာခိုင်
နှုန်းကတော့ MEIZU Accountပေါ်မှာ မူတည်ပါတယ်။
MEIZU Accountလုပ်ထားရင်...
(1) Themes Appကနေ Theme, Wallpaperနဲ့ Font
တွေ Downloadဆွဲနိုင်မယ်။
(2) Phone Finder Onပေးပြီး ဖုန်းပျောက်သွားတဲ့အခါ ပြန်လ
ည် ခြေရာခံနိုင်မယ်။
(3) Data Sync Onပေးပြီး ဖုန်းထဲက အရေးကြီး Dataအချို့ကို
MEIZU Cloudမှာ သိမ်းထားနိုင်မယ်။
MEIZU Accountလုပ်မယ်ဆိုရင် Service Center App
(သို့) MEIZU Account App (သို့) Setting/MEIZU
Account နှစ်သက်ရာ နည်းနဲ့ဝင်ပြီး လုပ်နိုင်ပါတယ်။ အကောင့်
အသစ်လုပ်မှာ ဖြစ်တဲ့အတွက် Registerကို နှိပ်ပါ။ ဘေးဆုံးက
နိုင်ငံCodeမှာ +95ကို ရွေးပါ။ ဖုန်းနံပါတ်ထည့်ရာတွင် 09မှာ
0က +95နဲ့ ညီတဲ့အတွက် 9ကစထည့်ပါ။ ဖုန်းနံပါတ်ထည့်တဲ့
အခါ မိမိဖုန်းမှာ ယခုလက်ရှိသုံးနေတဲ့ ဖုန်းနံပါတ်ကိုပဲ ထည့်ပါ။
Passwordဖြည့်သွင်းရာမှာ ဂဏန်းရော စာရော ထည့်ပါ။ အမြဲ
အလွတ်မှတ်မိနေပါစေ။ ပြီးလျှင် Get Codeနှိပ်ပြီး Codeတောင်း
ပါ။ Code Messageရလာလျှင် ဖြည့်ပါ။ ဒါဆို MEIZU Acc
လုပ်ပြီးပါပြီ။ Data Syncနဲ့ Phone Finderကို အမြဲOnပေး
ထားပါ။
Data Sync Onပေးထားရင် Contact, Notes, Message,
Call Logs, Calendars, Black Listsတွေကို MEIZU
Cloudမှာ သိမ်းပေးထားမှာ ဖြစ်တဲ့အတွက် ဖုန်းနောက်တစ်လုံး ပြန်
ပြောင်းတဲ့အခါ MEIZU Accountဝင်ပြီး ပြန်ယူနိုင်ပါတယ်။ ဒါ
ကြောင့် Auto-Syncကို အမြဲOnထားပေးပါ။ Recycle Bin
ကနေလည်း Messageနဲ့ Noteတွေကို Data Sync On
ထားရင် ပြန်ယူနိုင်ပါသေးတယ်။
Phone Finder Onပေးထားရင် ဖုန်းပျောက်သွားတဲ့အခါ ဖုန်းရဲ့
တည်နေရာ ရှာဖွေနိုင်ခြင်း၊ ဖုန်းကို Lockလှမ်းချနိုင်ခြင်း၊ Selfie
ကင်မရာမှ ဓာတ်ပုံလှမ်းရိုက်နိုင်ခြင်း၊ အသံမြည်၍ အချက်ပေးနိုင်ခြင်း၊
Messageလှမ်းပို့နိုင်ခြင်း၊ မိမိDataများ Backupလုပ်နိုင်ခြင်း၊
ဖျက်ဆီးပစ်နိုင်ခြင်း အစရှိတာတွေ လုပ်ဆောင်နိုင်ပါတယ်။
အကယ်၍ ဖုန်းပျောက်သွားခဲ့ရင် အခြားဖုန်းတစ်လုံးကနေ App
Storeတစ်ခုခုဖွင့်ပြီး Phone Finderကို Downပြီး Install
လုပ်ပါ။ Phone Finderထဲမှာ မိမိအကောင့်ဝင်ပါ။ ပြီးရင် အပေါ်
မှာ ရေးထားတဲ့ အချက်တွေအတိုင်း Featureတွေ တွေ့မြင်ရမှာပါ။
Phoneကို Lockလှမ်း ချလိုက်ပြီဆိုရင် တစ်ဘက်ဖုန်းမှာ
"Phone is locked"ဆိုပြီး ပေါ်လာပါလိမ့်မယ်။
အရေးအကြီးဆုံးအပိုင်း 🚨
"Phone is locked"လို့ ပေါ်နိုင်တာ အကြောင်းအမျိုးမျိုး ရှိပါတယ်။
အခုလို Lockလှမ်းချရင်လည်း ပေါ်နိုင်သလို၊ Passwordအမှား
ထပ်ခါထပ်ခါ ဖြည့်မိရင်လည်း ကျနိုင်ပါတယ်။ ဒါကြောင့် မိမိရဲ့
MEIZU Accountကို ဘယ်သူ့မှ ပေးမသိပါစေနဲ့။ MEIZU
Accountသိတာနဲ့ သင့်ရဲ့ MEIZUဖုန်းကို အခြားဖုန်းတစ်လုံးက
နေLockချပြီး သုံးမရအောင် လုပ်လို့ရပါတယ်။ Second Hand
ဝယ်တဲ့သူတွေ သတိထားပါ။ ဖုန်းဝယ်ပြီးရင် သူများMEIZU
Accountဝင်နေလား စစ်ပါ။ ဘာကြောင့် စစ်ခိုင်းလဲဆိုတော့
Lockလှမ်းချလို့ ရတဲ့အပြင် MEIZU Account Log Outပြန်
လုပ်ရင်လည်း Passwordပြန်တောင်းလို့ပါ။ အဲ့လောက်ထိ
Securityကောင်းပါတယ်။ သူများအကောင့် ဝင်နေခဲ့ရင် ပြန်ထွက်ဖို့
Passwordတောင်းထားပါ။ အသစ်ဝယ်ရင်လည်း MEIZU
Accountကို ချက်ချင်းစစ်ပါ။MEIZU Service Centerမရှိတဲ့
နေရာတွေနဲ့ Second Handရောင်းတဲ့နေရာတွေမှာ ဒီလိုLockချ
ျတဲ့ နည်းလမ်းတွေနဲ့ လုပ်စားတဲ့သူတွေ ရှိတယ်လို့ သတင်းရထားပါတ
ယ်။ တကယ်သတင်းထွက်တော့ MEIZUဖုန်းက Errorဖြစ်ပြီး
Lockကျတယ်လို့ ပြောကြပါတယ်။ နောက်တစ်နည်းကတော့ ခိုးသွား
တဲ့သူကလည်း Lockကျလို့ ဖြည်ခိုင်းတာ ရှိပါတယ်။ ဒါကြောင့်
Lockကျခဲ့သည် ရှိသော် ကျွန်တော်တို့ Service Centerမှာ
Warranty Cardနဲ့ ဝယ်ယူထားတဲ့ စာရွက်လေးပြပြီး Lock
လာဖြည်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။
အထက်ပါ Phone Finderအပိုင်းကိုတော့ ကျွန်တော်တို့ MEIZU
ဘက်မှ ၁၀၀℅ အာမခံချက် အပြည့်အဝတော့ မပေးပါဘူးခင်ဗျာ။
ဘာကြောင့်လဲဆိုတော့ ဖုန်းခိုးသွားသူရဲ့ နည်းပညာကျွမ်းကျင်မှု၊ အင်
်တာနက် အခက်အခဲ၊ GPS အခက်အခဲ၊ Server ပြသနာတို့ကြောင့်
ခြေရာခံမရတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပျောက်လည်း ကိစ္စမ
ရှိဘူးဆိုတဲ့ ပုံစံမျိုးနဲ့ မကိုင်ကြဖို့တော့ ကြိုတင်မေတ္တာရပ်ခံချင်ပါတယ်
ခင်ဗျာ။ အရေးပေါ် အစီအစဉ်နဲ့သာ Phone Finderကို ထည့်သွင်း
ပေးထားခြင်း ဖြစ်ပါတယ်။
MEIZU Account Setting 🚨
မိမိရဲ့ Profileပုံ ပြောင်းထည့်လို့ ရပါမယ်။
Nick Nameပေးလို့ ရပါမယ်။
Genderရွေးလို့ရပါမယ်။
Birthdayထည့်လို့ရပါမယ်။
အလုပ်အကိုင် ရွေးလို့ရမယ်။
Account Management 🚨
Account Security Serviceကို အမြဲOnထားပေးပါ။
အခြားဖုန်းတစ်လုံးမှာ သင့်အကောင့်ဝင်နေရင် အချက်ပေးပါလိမ့်မယ်။
ဖုန်းနံပါတ်၊ Security Questionနဲ့ MEIZU Account
Passwordတွေလည်း ပြန်ပြင်လို့ရပါတယ်။
Others 🚨
Contactတွေ ထည့်တဲ့အခါ MEIZU Accountထဲမှာ
ထည့်သွင်းနိုင်ခြင်း။
Notepadတွင် ရေးသောစာများကို Encryptမှတဆင့် Lock
ခံကာ MEIZU Accountတွင် သိမ်းဆည်းနိုင်ခြင်း။
Vaultနှင့် MEIZU Accountကို Linkချိတ်နိုင်ခြင်း။
အနှစ်ချုပ်အနေနဲ့ကတော့ သင် ဒါတွေ သိသွားပြီဆိုရင် သင့်MEIZU
ဖုန်းကို ဘယ်လိုလုံခြုံအောင် လုပ်ရမလဲဆိုတဲ့နည်းလမ်း ရသွားပါပြီ။
Guest Modeနဲ့ Privacy Modeပါ ကျွမ်းကျွမ်းကျင်ကျင် သုံး
တတ်မယ်ဆိုရင် အတိုင်းအထက်အလွန်ပေါ့ဗျာ။ ဒါဆိုရင် သင်ဟာ
Security Phoneလို့ တင်စားတဲ့ MEIZU Smartphoneရဲ့
ပိုင်ရှင်အစစ် ဖြစ်သွားပါပြီ။ ZuFan အားလုံးကို ကျေးဇူးအထူး
တင်ပါတယ်ခင်ဗျာ။................... ကြီးMEIZU
(မှတ်ချက် - MEIZU Account Log Outလုပ်ရာတွင်
Sync and Log Outနှင့်သာ ထွက်ပါ။) 🚨
Guest Modeအကြောင်း အောက်ပါLinkတွင် ဖတ်ရှု့ရန် ⇓
https://m.facebook.com/story.php…
Privacy Modeအကြောင်း အောက်ပါLinkတွင် ဖတ်ရှု့ရန် ⇓
https://m.facebook.com/story.php…
Backup Passwordဖြည်နည်းအကြောင်း
အောက်ပါLinkတွင် ဖတ်ရှု့ရန် ⇓
https://m.facebook.com/story.php…
credit
https://www.facebook.com/pnmobiletrainingcenter/photos/a.913274222152579.1073741829.904043906408944/1297297510416913/?type=3

No comments:
Post a Comment
Note: Only a member of this blog may post a comment.