Knowledge-not married
over 30yr
အသက် ၃၀ ဝန်းကျင်မှာတောင်
လက်မထပ်ဖြစ်သေးတဲ့အချက် (၆) ချက်
12.19
အသက် ၂၀ ဝန်းကျင်မှာ
ကိုယ့်အပေါင်းအသင်းတွေက လက်ထပ်ခဲ့ကြပေမယ့် ကိုယ်ကတော့ အသက် ၃၀ ရောက်တာတောင် လက်မထပ်ဖြစ်သေးတာဟာ
အကြောင်းအမျိုးမျိုး ရှိပါတယ်။

၁။ ကိုယ့်ကိုယ်ကိုယ်
သေသေချာချာသိတယ်
ဘဝရဲ့ လိုအပ်ချက်တွေ၊
ပန်းတိုင်တွေ ရှိသလို ဘာလိုချင်တယ်ဆိုတာကိုလည်း သိနေတဲ့အတွက် ရည်မှန်းချက်မပြည့်မချင်း
ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ဖြစ်မှာမဟုတ်ပါဘူး။

၂။ ငွေရေးကြေးရေးမတည်ငြိမ်သေး
ဝန်ထမ်းဆိုရင်လည်း
ရာထူးငယ်သေးတာမျိုး၊ ကိုယ်ပိုင်အလုပ်ဆိုရင်လည်း မတည်ငြိမ်သေးတာမျိုးကြောင့် လက်ထပ်ပြီးမှ
ဒုက္ခရောက်မှာကို မလိုလားတဲ့အတွက်လည်း လက်ထပ်ဖို့ကို ရွှေ့ဆိုင်းထားမိပါတယ်။ မိသားစုဘဝတစ်ခု
တည်ဆောက်ဖို့ ငွေရေးကြေးရေးကလည်း အရေးပါတာကြောင့် ပုံမှန်ဝင်ငွေရတဲ့အထိ စောင့်ပါတယ်။

၃။ အချစ်ထက်အရေးကြီးတာတွေကို
နားလည်တယ်
ငယ်စဉ်တုန်းကလို
အချစ်သည်သာ ကိုးကွယ်ရာဆိုတဲ့စိတ်မျိုးလည်း မရှိတော့ပါဘူး။ မိမိဘာသာ လွတ်လွတ်လပ်လပ်နေရတာလောက်
ဘယ်အရာမှမကောင်းဘူးဆိုတာလည်း ခံစားမိလာတာကြောင့် အိမ်ထောင်ပြုဖို့အရေးကို သိပ်မတွေးဖြစ်တာပါ။

၎။ သိပ်ပြီးခေါင်းထဲမထည့်ဘူး
အိမ်ထောင်ပြုဖို့၊
လက်ထပ်ဖို့ ဆိုတာကို ခေါင်းထဲမှာ အချိန်ပြည့် တွေးနေတာမဟုတ်တဲ့အတွက် လက်ထပ်ဖို့ကလည်း
အကောင်အထည်မပေါ်တာ ဖြစ်နိုင်ပါတယ်။

၅။ တစ်ကိုယ်တည်းနေရတာကြိုက်လို့
တစ်ခါတစ်လေ
ဘယ်သူနဲ့မှ အရောတဝင်မနေဘဲ တစ်ကိုယ်တည်း သီးသန့်နေချင်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ တစ်ကိုယ်တည်းနေရတာ
နှစ်သက်သူတွေအဖို့တော့ တခြားလူတစ်ယောက်နဲ့အတူ နေ့စဉ် ဘဝကိုဖြတ်သန်းရတာတွေ၊ သူနဲ့ပတ်သက်ပြီး
မခံစားချင်တာ၊ စိတ်ရှုပ်မခံချင်တာတွေကြောင့်လည်း လက်မထပ်ဖြစ်သေးသူတွေ ရှိပါတယ်။

၆။ စိတ်တိုင်းကျ
မတွေ့သေးလို့
ဒါကတော့ ရှင်းပါတယ်။
ကိုယ်တကယ် ချစ်ခင်စွဲလမ်းပြီး မခွဲနိုင် မခွာရက် ဖြစ်ရလောက်အောင် ချစ်မိသူ မတွေ့သေးလို့ပါ။
ချစ်သူ၊ ရည်းစားတွေ ရှိပေမယ့် ဘဝတစ်ခုလုံး ပုံအပ်ရလောက်အောင် သူက မထိုက်တန်တဲ့အခါ လက်ထပ်ဖို့အရေး
နှောင့်နှေးတတ်ပါတယ်။ အချို့ လူပျိုကြီး၊ အပျိုကြီးတွေကတော့ အဆင်းရော အချင်းပါ ပြည့်စုံနေပေမယ့်
သူတို့စိတ်တိုင်းကျတဲ့ လက်တွဲဖော်မျိုး မတွေ့သေးတာကြောင့်လည်း အိမ်ထောင်မပြုဘဲ နေကြတာမျိုး
ရှိပါတယ်။
Source :
Lifespan
Credit http://gsurl.in/57c0
No comments:
Post a Comment
Note: Only a member of this blog may post a comment.