Android
Tool-System unpack font install
မင်္ဂလာပါခဗျာ။
Root လုပ်မရတဲ့ MTK ဖုန်းတွေအတွက်(အထူးသဖြင့် 6.0 နဲ့ လာတဲ့ဖုန်းတွေအတွက်) ဇော်ဂျီ
ဖောင့်ပါပြီးသား System.img ဖိုင်ပြုလုပ်နည်းလေးပါ။ တစ်ဆင့်ခြင်းသေချာရှင်းပြထားပါတယ်။
တစ်ပုံခြင်းကြည့်သွားပါခဗျ။ အဆင်ပြေရင် like and share လေးလုပ်ပေးနော့ ..
၁.ပထမဆုံး
ဖုန်းကို Firmware ကို Backup ထုတ်ရပါမယ်။ ဘယ်လို နည်းလမ်းနဲ့ ပဲ ထုတ်ထုတ် ကိုယ်အဆင်ပြေရာ
နည်းနဲ့ ထုတ်ယူလို့ ရပါတယ်။ MTK Firmware Backup အတွက် ထွေထွေထူးထူး ရှင်းပြမနေတော့ဘူးနော
့။ အဆင်ပြေသလို ထုတ်ကြပေါ့ဗျာ။
၂.ထုတ်ပြီးရလာတဲ
့Firmware ထဲက System.img ကို Copy လုပ်ပါ။ ပြီးရင် Edit လုပ်မှာဖြစ်တဲ့ အတွက်
folder အသစ်တစ်ခုဆောက်ပြီး ထည့်ထားလိုက်ပါ။
၃.ပြီးလျှင်
Backup ထုတ်ထားတဲ့ folder ထဲက boot.img ကိုလည်း ဖြည်ချပါ။ သူ့ ကို ဖြည်ဖို့ အတွက်
Android_image_kitchen ကိုဒေါင်းပါ။
Download
Android_image_kitchen -
Android.Image.Kitchen.v2.4-Win32.zip,
Size 2.43 MB...
၎.ပြီးရင်
Android_image_kitchen ကို ဖြည်ချပြီး folder ထဲမှာ အစောက boot.img ကိုထားပါ။
boot.img ကို folder ထဲက unpacking.bat ဆိုတဲ့ဖိုင်ပေါ် ဆွဲတင်လိုက်ရင် Auto ဖြည်ချပေးပါလိမ့်မယ်။
အောက်ကပုံထဲကလို ပေါ်လာပါလိမ့်မယ်။
ပြီးလျှင်
ပုံလေးတွေထောက်ပြီး ကြည့်ပေးပါ။
၅.ပေါ်လာတဲ့ထဲက
ramdisk folder ထဲကိုဝင်ပါ။ အဲ့ထဲ က file_contexts ဆိုတဲ့ဖိုင်လေးကို copy လုပ်ပါ။
ပြီးရင် အဆင့် ၂ မှာ system.img ထည့်ထားတဲ့ folder အောက်မှာ အတူတူထားပေးပါ။
၆.ပြီးရင်
Unpack/Repack Tool ဒေါင်းရပါမယ်။ Thailand က Developers တွေ ရေးသားထားတဲ့ System.img
&& System.new.dat Unpack and Repack လုပ်လို့ ရတဲ့ Tool လေးပါ။ ကိုယ့်စက်ရဲ
့windows ပေါ်မူတည်ပြိး ဒေါင်းပါ။
Download
Unpack/Repack System IMG/DAT for Windows 64bit-
Tool_Unpack_Repack_DAT___IMG_v3_x64_For_Windows_BY_MTK_THAI_Developers_(Thailand).7z,
Size 2.25 MB...
Download
Unpack/Repack System IMG/DAT for Windows 32bit-
Tool_Unpack_Repack_DAT_+_IMG_v3_x86_For_Windows_BY_MTK_THAI_Developers_(Thailand).7z,
Size 2.17 MB...
၇.ဒေါင်းပြီးရင်
ဖိုင်ကို ဖြည်ချထားပါ။ ဖိုင်ထဲက Auto Tool v3.0 .exe ဖိုင်ကို Run ပါ။ (AntiVirus ပိတ်ထားဖို
့လိုပါမယ်) ထို့ နောက် နံပတ် 4. ကိုရိုက်ပေးပြီး Enter ခေါက်ပါ။ Folder တစ်ခုပွင့်ပါလိမ့်မယ်။
အဲ့ထဲကို Backup ယူထားတဲ့ Firmware Folder ကနေ Copy လုပ်ပြီး သိမ်းထားတဲ့ System.img
နှင့် file_contexts ကို ကူးထည့်ပေးပါ။
၈.ကူပြီးသွားရင်
အစောက Unpack/Repack Tool Command windows မှာ Enter ထပ်နှိပ်ပါ။ အလုပ်လုပ်နေပါလိမ့်မယ်။
ခဏလေးစောင့်ပေးပါ။ ပြီးသွားရင် အောက်က ပုံလို ပေါ်လာပါလိမ့်မယ်။
ပေါ်လာရင်
Enter ထပ်နှိပ်ပါ။ထပ်စောင့်ပါ။ System.img ကို ဖြည်ချပြီးရင် အောက်ကပုံလို ထပ်ပေါ်ပါလိမ့်မယ်။
ဒီလိုပေါ်ရင် Enter ထပ်နှိပ်လိုက်ပါ။
Main Menu နေရာကို ပြန်ရောက်သွားပါလိမ့်မယ်။ဒါဆို Unpack/Repack Tool Folder ထဲက
System_Unpack folder အောက်မှာ ဖြည်ချထားတဲ့ System ဖိုင်တွေ ရှိနေပါလိမ့်မယ်။
၉.အဲ့ဖိုင်တွေထဲက fonts folder ထဲကိုဝင်ပါ။ Android 6.0 တွေမှာ အောက်ပါနာမည်နဲ့ ဖောင့်ဖိုင် ၄ခုကို လဲပေးရပါမယ်။ လဲဖို့ အတွက် ဇော်ဂျီဖောင့်ဖိုင်ကို ယခု system/fonts အောက်မှာရှိတဲ့ ဖိုင် ၄ ဖိုင်နဲ့ နာမည်တူအောင် ပြောင်းထားဖို့ လိုပါတယ်။ ပြိးရင် copy/paste လုပ်ပြီး ဖိုင်တွေ ကို replace လုပ်ပေးပါ။ ပြောင်းရမယ့်ဖိုင်တွေကို နာမည်ရေးပေးထားပါတယ်။
NotoSansMyanmar-Bold.ttf
NotoSansMyanmar-Regular.ttf
NotoSansMyanmarUI-Bold.ttf
NotoSansMyanmarUI-Regular.ttf
မှတ်ချက်။ ။ Android Version 6.0 MTK တွေမှာ အဖြစ်များလို့ 6.0 ကဖောင့်တွေနဲ့ ပဲပြထားပါတယ်။
၁၀.ဖိုင်တွေလဲပြီးသွားရင် Unpack/Repack Tool ကို ပြန်သွားပါ။ နံပတ် 5 ကိုနှိပ်ပြီး Enter ခေါက်ပါ။ အောက်ကပုံလို Size of Image = နေရာမှာ ကိုယ့် System.img ရဲ့ Size ပမာဏကို bytes Unit တန်ဖိုးနဲ့ ရိုက်ထည့်ပေးရမှာပါ။ ဥပမာ။ ။ကျွန်တော့နမူနာ system.img ရဲ့ Properties မှာပမာဏ 3221225472 bytes ရှိပါတယ်။

system.img
size = 3221225472 bytes
၁၁.ပြိးလျှင် Enter နှိပ်ပါ။
နောက်တစ်ဆင့်မှာ Yes or No (Y/N) မေးပါလိမ့်မယ်။ Y တစ်လုံးထဲရိုက်ပြီး Enter ဆက်ခေါက်ပါ။
ဒါဆို system.img အသစ်ကို Repack ပြန်လုပ်ပေးနေပါလိမ့်မယ်။ အောက်ကပုံလို ပေါ်လာရင် မြန်မာဇော်ဂျီဖောင့်
ပါပြိးသား system.img ဖိုင်လေး လုပ်လို့ ပြီးပါပြီ။
၁၂.System.img အသစ်ကို Unpack/Repack Tool Folder ထဲက System_Repack_Finished folder ထဲက IMG folder ထဲမှာ ရယူနိုင်ပါတယ်။ ဒါဆို ရလာတဲ့ System.img ကို SP Flash Tool အသုံးပြု၍သော်လည်းကောင်း၊ တခြား MTK flashing Tool များဖြင့်သော်လည်းကောင်း Flashing ပြုလုပ်ပြီး မြန်မာစာ ဇော်ဂျီဖောင့်ကို အသုံးပြုနိုင်ပါပြီခဗျားး။
စမ်းသပ်ပြီးမှ တင်ပေးခြင်းဖြစ်ပါတယ်။ Kata C2 MT6592(MT6580) ဖုန်းမှာ Android 6.0 Root မရတာနဲ့ ဒီနည်းလမ်းလေးနဲ့ မြန်မာဇော်ဂျီ ထည့်သွင်းထားပြိးဖြစ်ပါတယ်။အဆင်ပြေပါစေ။

Credit http://gsurl.in/57qb
No comments:
Post a Comment
Note: Only a member of this blog may post a comment.