Wednesday, July 26, 2017

Knowledge-Flu

Knowledge-Flu
Flu: Symptoms, treatment, and prevention
ချောင်းဆိုးနှာစေးကနေကူးတယ်
ဘာတွေ ပြသလဲ
ဲ ===========
ဖျား  ချမ်းတုန် ချွေးထွက် ခေါင်းကိုက် အဆစ်နာ မော ပန်း
ပျို့အန် ၀မ်လျှော တွေက ကလေးတွေမှာပို ဖြစ်
ဒါတွေက ပုံမှန်အားဖြင့် ၁ ပတ် လောက်ကြာတတ်ပြီး မောပန်တာက ၁ ပတ်ကျော် ကြာတတ်
flu တွေ ဖြစ်တိုင်း အပေါ်က ပြောသလို မဖြစ်ဘူး တစ်ချို့မှာ အဖျားမ၇ှိတာတွေ၇ှိကြ
အစောပိုင်းဖြစ်တတ်ဖော်ပြလေ့ရှိတာက
မောပန်းတာဘဲ flu ၇ှိရင် ပိုမောတယ် နောက် တစ်ခြား ချောင်းဆို လည်ချောင်ရောင် ဖျား နာ ကိုက်ခဲ
ချမ်းတုန်ဝမ်းလျှော တာတွေလည်း၇ှိမယ်
ကုသရေး အပိုင်း
 ==========
ပိုးသတ်ဆေးဖြင့် လုံးဝ မတိုးပါ virus ဖြစ်နေလို့
virus သတ်ဆေး  oseltamivir (Tamiflu) and zanamivir (Relenza) လိုတယ်
 neuraminidase inhibitors (oseltamivir and zanamivir) and M2 protein inhibitors (adamantane derivatives).
အနာသက်သာဆေးတွေက တော့ ဖြစ်နေတဲ့ ပြသနာကို ဖြေရှင်းနိုင်ရန် လိုအပ်တယ်
aspirin ကို အသက် ၁၂ အောက် မပေးရ
ကာကွယ်ရေး အပိုင်း
 ===========
အိမ်မှာနေ  လျှောက် မသွားနဲ့ လူနေထူထပ်နေရာ
နွှေးနွှေး ထွေး ထွေးနေ လုံလုံ လောက်လောက် အာဟာရရှိတာစား
အ၇က် ဖြတ် ဆေးလိပ်ဖြတ် 
ဆရာဝန်ဆီ ပြေးသင့် မပြေးသင့်
့် ==================
အဖျား ၁ ပတ် ကျော် 
ခြေအနေဆိုးလာတာတို့
မောပန် ရင်ဖတ်နာလာတို့
Seasonal flu shot
============================
A flu vaccine will contain three influenza viruses:
    influenza (H3N2) virus
    influenza (H1N2) virus
    one B virus
ဆေး ပေးပြီး ၂ ပတ် အကြာမှ ကာကွယ်မှုစတင်ဖြစ်ပါတယ်
ဆေးနဲ့ မတည့်တဲ့ သူတွေ ရှိတယ်
 =============
ကြက်ဥနဲ့ မတည့်သူတွေ
ကာကွယ်ဆေးနဲ့ ဓါတ်မတည့်သူတွေ
ဆေးပေးပြီး ၆ ပတ် အကြာမှာ Guillain-Barré Syndrome ရောဂါဖြစ်
ကလေး ၆ လ အောက် မပေးရ
ဆေး မပေးခင်ဖျားနားအ၇မ်းဆိုးနေရင်လည်း မပေးရဘူး ဆေးကို
Flu virus types
=========================
Three types of flu viruses  flu သုံးမျိုး၇ှိတယ်
 RNA viruses တွေဖြစ်တယ်
 the family Orthomyxoviridaeအုပ်စုမှာပါတယ်
influenza A,
influenza B, and
influenza C.
A and B က seasonal  flu
C က တော့ ပျော့တယ်
influenza D ကို တော့ မိတ်ဆက်ဆဲ
Influenzavirus A  virus အခွဲ များ
H1N1, which caused Spanish Flu in 1918, and Swine Flu in 2009
    H2N2, which caused Asian Flu in 1957
    H3N2, which caused Hong Kong Flu in 1968
    H5N1, which caused Bird Flu in 2004
    H7N7, which has unusual zoonotic potential[43]
    H1N2, endemic in humans, pigs and birds
    H9N2
    H7N2
    H7N3
    H10N7
    H7N9
Credit
===============
virus မျိုးဘယ်လိုပွားလဲ
==================
သက်ရှိ cell မှာပွားတယ်
epithelial cells မျက်နှာပြင်မှာရှိတဲ့
sialic acid sugars ကို hemagglutinin  အကူနဲ့ သွားကပ်တယ်
နို့တက်သတ္တ၀ါတွေဆို နှာခေါင်း လည်ချောင်း အဆုပ်  မှာကပ်
ငှက်တွေ ဆို အူတွေမှာကပ်
ကပ်နေတဲ့ hemagglutinin ကို  လည်ချောင်းနဲ့ အဆုပ်တွင် ရှိသောprotease နဲ့ ဖြတ် ပလိုက်တယ် virus က
ပြီးရင် cell ထဲကို  endocytosis နဲ့ ၀င်တယ်
endosome ထဲကို ၀င်တယ်နောက်ဆုံး
အဲ့မှာ acidic ဖြစ်တော့
တော်ပြီးဗျ ကွကိုယ်ဖတ်တော့ ဘာသာပြန် ရတာ စွန်းစိတ်ညစ်ဖို့ ကောင်းတယ်
Viruses can replicate only in living cells.[62] Influenza infection and replication is a multi-step process: First, the virus has to bind to and enter the cell, then deliver its genome to a site where it can produce new copies of viral proteins and RNA, assemble these components into new viral particles, and, last, exit the host cell.[56]

Influenza viruses bind through hemagglutinin onto sialic acid sugars on the surfaces of epithelial cells, typically in the nose, throat, and lungs of mammals, and intestines of birds (Stage 1 in infection figure).[63] After the hemagglutinin is cleaved by a protease, the cell imports the virus by endocytosis.[64]

The intracellular details are still being elucidated. It is known that virions converge to the microtubule organizing center, interact with acidic endosomes and finally enter the target endosomes for genome release.[65]

Once inside the cell, the acidic conditions in the endosome cause two events to happen: First, part of the hemagglutinin protein fuses the viral envelope with the vacuole's membrane, then the M2 ion channel allows protons to move through the viral envelope and acidify the core of the virus, which causes the core to disassemble and release the viral RNA and core proteins.[56] The viral RNA (vRNA) molecules, accessory proteins and RNA-dependent RNA polymerase are then released into the cytoplasm (Stage 2).[66] The M2 ion channel is blocked by amantadine drugs, preventing infection.[67]

These core proteins and vRNA form a complex that is transported into the cell nucleus, where the RNA-dependent RNA polymerase begins transcribing complementary positive-sense vRNA (Steps 3a and b).[68] The vRNA either is exported into the cytoplasm and translated (step 4) or remains in the nucleus. Newly synthesized viral proteins are either secreted through the Golgi apparatus onto the cell surface (in the case of neuraminidase and hemagglutinin, step 5b) or transported back into the nucleus to bind vRNA and form new viral genome particles (step 5a). Other viral proteins have multiple actions in the host cell, including degrading cellular mRNA and using the released nucleotides for vRNA synthesis and also inhibiting translation of host-cell mRNAs.[69]

Negative-sense vRNAs that form the genomes of future viruses, RNA-dependent RNA polymerase, and other viral proteins are assembled into a virion. Hemagglutinin and neuraminidase molecules cluster into a bulge in the cell membrane. The vRNA and viral core proteins leave the nucleus and enter this membrane protrusion (step 6). The mature virus buds off from the cell in a sphere of host phospholipid membrane, acquiring hemagglutinin and neuraminidase with this membrane coat (step 7).[70] As before, the viruses adhere to the cell through hemagglutinin; the mature viruses detach once their neuraminidase has cleaved sialic acid residues from the host cell.[63] After the release of new influenza viruses, the host cell dies.

Because of the absence of RNA proofreading enzymes, the RNA-dependent RNA polymerase that copies the viral genome makes an error roughly every 10 thousand nucleotides, which is the approximate length of the influenza vRNA. Hence, the majority of newly manufactured influenza viruses are mutants; this causes antigenic drift, which is a slow change in the antigens on the viral surface over time.[71] The separation of the genome into eight separate segments of vRNA allows mixing or reassortment of vRNAs if more than one type of influenza virus infects a single cell. The resulting rapid change in viral genetics produces antigenic shifts, which are sudden changes from one antigen to another. These sudden large changes allow the virus to infect new host species and quickly overcome protective immunity.[60] This is important in the emergence of pandemics, as discussed below in the section on Epidemiology.
Credit
==========
ဘယ်လို ဖြစ်ကြတာလဲ
virus က
adrenocorticotropic hormone (ACTH)  ကို တားတယ်
 cortisol levels ကျတယ်
လည်ချောင်းနဲ့ အဆုပ် မှာ virus ကပ်နေတဲ့ hemagglutinin ကို ဖြုတ် ပေးဖို့
protease တွေ၇ှိတယ် H5N1 virus က ဖြုတ် ၇တာလွယ်တော့ ပို့ပြန့်လွယ်တယ်
virus မှာ ၇ှိတဲ့ hemagglutinin protein နဲ့ ကပ်တယ်
လည်ချောင်း အဆုပ်တွေရဲ့ epithelial cells မှာ ရှိတဲ့ protease နဲ့ ဖြုတ် ပြီး endocytosis နဲ့ cell ထဲကို ၀င်တယ်
သေနိုင်သော H5N1 strain အဆုပ် အထဲ ထိ ပေါင်းနိုင်တယ် viral pneumonia အဆုပ် ယောင်တာဆိုးလာမယ်
အဲဒါက ချောင်းဆိုးနှာစေး လောက်နဲ့ လွယ်ကူမကူးတတ်ဘူးလို့ ဆိုတယ်
ဖျားခေါင်းကိုက် မောပန်း
flu ကူးစက်ခံ၇သော cells ထဲကနေ ရောင် ယမ်းမှုကို ဖြစ်စေသော
 proinflammatory cytokines and chemokines (such as interferon or tumor necrosis factor) ဒါတွေ ထုတ် တယ်
ယောင်တာတွေ ဖြစ်လာတယ် ကိုယ်ခံ အားကလည်း တိုက်တော့ ပို ယောင်လာတယ်
သေစေနိုင်လောက်သော  cytokine storm တွေ ဖြစ်လာမယ် ဒါတွေက virus မျိုးပွားလို့ များလာတာဖြစ်တယ်
Credit
===========
Colorized transmission electron micrograph of Avian influenza A H5N1 viruses (seen in gold) grown in MDCK cells (seen in green). Avian influenza A viruses do not usually infect humans; however, several instances of human infections and outbreaks have been reported since 1997. When such infections occur, public health authorities monitor these situations closely.
=====================
ကဲ......
တစ်မျိုးတော့ဖြင့် လာပြန်ပါပြီ
ထုံးစံ အတိုင်း
မနက် မိုး စ လင်း ကတည်းက
ဖုံးဆက်ပြီးလည်း မေးကြပါတယ်
Viber ကရော FB ကပါ Message ပို့ပြီးလည်းမေးကြပါတယ်.....
ကြောက်လို့ ပါ... စိတ်ပူလို့ ပါ.... စိုးရိမ်လို့ပါ.....
ဘာလုပ်ရမလဲ... ကာကွယ်ဆေး ထိုးချင်လို့.....
စသဖြင့်ပေါ့.....!
ဟုတ်ကဲ့ .....
"H1N1" ပါပဲ!
သိထားသလောက်လေး နည်းနည်းဝေမျှပါမယ်
ဘာမှန်းအသေအချာ ဂဃနဏ မသိသေးဘဲ
စိုးရိမ်စိတ်ပူနေကြမယ့် အစား
အကြောင်းအရာအခြေခံလေး သိပြီးမှ
စိုးရိမ်စိတ်ပူရတာ ပိုတန်မယ်ထင်လို့ပါ.....
"H1N1" အကြောင်းမသွားခင်
"Flu" အကြောင်းလေး အရင် ပြောပါ့မယ်
"Flu" ဆိုတဲ့
မြန်မာလို အလွယ်ခေါ်ကြတဲ့ တုပ်ကွေးရောဂါ
(သွေးလွန်တုပ်ကွေး မပါ ပါ) ဟာ
Virus ပိုးကြောင့် ဖြစ်တာပါ....
အတိအကျ ထပ်ပြောရရင်
Influenza Viruses ကြောင့် ဖြစ်တာပါ
သည် Influenza Viruses ကို
A,B,C,D ဆိုပြီး အမျိုးအစား အုပ်စု
၎ ခု ခွဲပြီး သတ်မှတ်ထားပါတယ်
အုပ်စု A နဲ့ B က ရာသီအလိုက် ဖြစ်ပေါ်ပြီး
ဖြစ်ပြီဆိုရင်လည်း လူအများအပြားကြား
အစုလိုက် အပြုံလိုက် ကူးစက်ဖြစ်ပွားစေတယ်
အများအခေါ်ကတော့ Seasonal Flu ဆိုတဲ့
ရာသီဖျား ရာသီပေါ်တုပ်ကွေး ပေါ့....
တစ်ချို့ရာသီတွေမှာ တော်တော်ပြင်းထန် တတ်ပါတယ်.....
အုပ်စု C ကတော့ အပျော့စား အပေါ့စား ဖြစ်ပြီး
လူအများကြား ပြန့်ပွားဖြစ်စေတာမျိုး သိပ်မရှိပါဘူး
ချောင်းဆိုး နှာစေး တာလောက် နဲ့ ပဲ
ပြီးသွားတာမျိုးပါ.....
အုပ်စု D ကတော့ တိရိစ္ဆာန်တွေ မှာပဲ ဖြစ်ပြီး
လူတွေ ဆီ ကူးစက်နိုင်တာမျိုး မရှိဘူးလို့
အကြမ်းအားဖြင့် ဆိုပါတယ်.....
အခု လူပြောများနေတဲ့ လူသိများနေတဲ့
"H1N1" တို့ "H3N2" တို့ "H5N1" တို့ ဆိုတာ တွေ က
Influenza Type A viruses အုပ်စုဝင်တွေပါ
Influenza Type A viruses တွေရဲ့
Virus တစ်မျိုးချင်းဆီ မှာ
Hemagglutinin ("H") ရယ် Neuraminidase ("N")ရယ်
ပရိုတင်း ၂ မျိုး ပါပါတယ်
"H" ကို 1 ကနေ 18 အထိ
"N" ကို 1 ကနေ 11 အထိ ဆိုပြီး
အမျိုးအစား ခွဲ သတ်မှတ်ထားပါတယ်
အဲ့သည့် "H" ရယ် "N" ရယ် အတွဲအစပ်ပေါ် မူတည်ပြီး
မျိုးစိတ်ကွဲတွေ အဖြစ် အမည်ပေး သတ်မှတ်ထားတာပါ
ဒါကြောင့် "H1N1" "H3N2" "H5N1" စသဖြင့် ပြောကြတာပါ
အားလုံးကတော့
Influenza Type A အုပ်စုဝင်တွေ ချည်းပါပဲ.....
သည် Virus ပိုးတွေရဲ့ ထူခြားချက် က
မျိုးစိတ်ကွဲ တစ်ခု တည်းမှာတင်
Strain လို့ခေါ်တဲ့ မျိုးဗီဇ နည်းနည်း နည်းနည်း ပြောင်းပြီး
ပေါ်ပေါ် လာတတ်တာပါပဲ
ဆိုလိုချင်တာက
ပြီးခဲ့တဲ့ ရာသီ က ပေါ်ခဲ့တဲ့ "H1N1" နဲ့
နောက်တစ်ရာသီ မှာ ပေါ်မယ့် "H1N1"
ချွတ်စွပ် မတူနိုင်တာမျိုးပါ.....!
ဒါကြောင့် အခုရာသီ မှာ Flu ဖြစ်ထားလည်း
နောက်ရာသီ မှာ ထပ်ဖြစ်တတ်ပါတယ်
အခုရာသီ အတွက် ကာကွယ်ဆေး ထိုးထားလည်း
နောက်ရာသီ အတွက် ကာကွယ်ချင်မှ ကာကွယ် နိုင်ပါလိမ့်မယ်.....
သည်လောက် အခြေခံ အကြောင်းတရား ပြောထားပြီးရင်
အခု လက်ရှိ စိုးရိမ်ထိတ်လန့်နေကြတဲ့ အကြောင်း ကို ပြောပါမယ်
ပြောထားခဲ့ သလိုပါပဲ
Seasonal Flu ရာသီပေါ်တုပ်ကွေး ဖြစ်စေတဲ့ အကြောင်းထဲမှာ ကို
"H1N1" က ပါပြီးသားပါ
ဒါကြောင့် ပုံမှန် ရာသီတုပ်ကွေး ဖြစ်နေတဲ့ လူနာတွေကို
Rapid Influenza Diagnostic Tests (RIDTs) ဆိုတဲ့
Test နဲ့ စစ်လိုက်ရင်လည်း
"H1N1" တွေ့တယ် ဆိုတဲ့ အဖြေ ထွက်နိုင်ပါတယ်
သူ့ကြောင့်ဖြစ်တဲ့ ရာသီပေါ်တုပ်ကွေး Seasonal Flu ပေါ့
ဒါကို Seasonal H1N1 လို့ ပြောကြပါတယ်
ဒါက သိပ်ပြဿနာ မရှိပါ
အနည်းဆုံး ၃ ရက် ကနေ အများဆုံး ၁၀ ရက် ၁၂ ရက်
လောက်တော့ ခံရပါတယ်
ကိုယ်ခံအားမကောင်းတဲ့
ကလေးငယ်တွေ
သက်ကြီးရွယ်အိုတွေ နဲ့
နာတာရှည်ရောဂါ အခံရှိတဲ့သူတွေ မှာ တော့
ပိုပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ ထိ ဖြစ်တတ်ပါတယ်
(ဒါကတော့ "H1N1" မှ မဟုတ်ပါ).....!
အဓိက ကြောက်ရမှာ စိုးရိမ်ရမှာ က
လူတွေ အများကြီး အစုလိုက် အပြုံလိုက် ကို
ကပ်ရောဂါ အသွင်နဲ့ ကူးစက်နိုင်ပြီး
ကူးစက်သူ အများစု ကို မြန်မြန်ဆန်ဆန်
အသက်ဆုံးရှုံးစေတဲ့ အထိ အန္တရာယ်ပေးနိုင်တဲ့
Novel H1N1 ဆိုတဲ့ အသွင်ပြောင်း H1N1 အမျိုးအစားပါ
ပြောခဲ့သလိုပဲ သူက မျိုးဗီဇ ပြောင်းရင်းပြောင်းရင်း ကနေ
တော်တော် ပြင်းထန်တဲ့ အဆင့် ကို
ပြောင်းသွားခဲ့တဲ့ ပြောင်းသွားနိုင်မယ့်အမျိုးပါ
H1N1 အမျိုးအစားအသစ် ဆိုပြီးလည်း ပြောကြပါတယ်
သူ့ကို ပေါ်ပေါ်လာချင်းရာသီမှာ
Seasonal Flu ရာသီပေါ်တုပ်ကွေးလို့ မသတ်မှတ်ဘဲ
ကပ်ရောဂါ တစ်မျိုးအသွင်အဖြစ် သတ်မှတ်ပါတယ်....!
Seasonal H1N1 ကနေ ပုံစံပြောင်း အသွင်ပြောင်း သွားတိုင်း
Novel H1N1 (အသွင်ပြောင်း H1N1) လို့ သတ်မှတ်ပါတယ်
၂၀၀၉ ခုနှစ်လောက် က ဒါမျိုးဖြစ်ခဲ့ဖူးပါတယ်......
RIDTs ဆိုတဲ့ စမ်းသပ်စစ်ဆေးမှု နဲ့တော့
Seasonal H1N1 (ရာသီပေါ်တုပ်ကွေး) လား
Novel H1N1 (အသွင်ပြောင်း H1N1) လား မခွဲခြားနိုင်ပါ
အဲ့သည်လို ခွဲနိုင်ဖို့က တစ်ခြား အထူးပြုထားတဲ့
စစ်ဆေးမှုတွေ ထပ်လုပ်ဖို့ လိုပါသေးတယ်....!
ရောဂါအကြောင်း ပိုးအကြောင်းတော့
သည်လောက်ဆို ရလောက်ပါပြီ
ထပ်ရှင်းရင် ပိုရှုပ်သွားတော့မယ်.....!
ခု ကာကွယ်ဆေး အကြောင်းလေး နည်းနည်း ထပ်ပြောပါမယ်
အခု လက်ရှိရာသီ အတွက် ထုတ်ထားတဲ့
Flu Vaccine တုပ်ကွေး ကာကွယ်ဆေး မှာ
Influenza Type A အုပ်စုဝင်
Seasonal H1N1 (ရာသီပေါ် H1N1) ရယ် H3N2 ရယ်
Influenza Type B အုပ်စု ရယ် အတွက်
ကာကွယ်နိုင်မှာတွေ ပါပါတယ်
ဒါပေမယ့် Novel H1N1 ဆိုတဲ့ အသွင်းပြောင်း H1N1
ကိုတော့ မကာကွယ်နိုင်လောက်ပါ
(အခု အသွင်းပြောင်း H1N1 က
ဘယ်လို အသွင်ပြောင်းနေမှန်း စောင့်ကြည့်နေဆဲ
ဖြစ်တဲ့ အတွက် အသေအချာ မပြောနိုင်တာပါ)
ကဲ သည်တော့ ပြန်ချုပ်ရရင်
"H1N1" တွေ့ပြီ ဆိုတာ နဲ့
အလွန်အမင်း စိုးရိမ်ထိတ်လန့် စရာ မလိုပါဘူး
Seasonal H1N1 (ရာသီပေါ်H1N1) ဆိုရင်
တုပ်ကွေး ဖြစ်နေတဲ့ သူသူကိုယ်ကိုယ်မှာ တွေ့နိုင်ပါတယ်
ကိုယ်ခံအား မကောင်းတဲ့ သူတွေက လွဲရင်
သာမန်အားဖြင့် အသက်အန္တရာယ် မရှိတတ်ပါဘူး
Novel H1N1 (အသွင်ပြောင်း H1N1) ဆိုရင်တော့
ကပ်ရောဂါ အသွင် ဖြစ်ပွားပြီး
ပြင်းထန်မှု က အသက်အန္တရာယ် ရှိပါတယ်
ဒါကြောင့် ခုဖြစ်နေတယ်ဆိုတာ က
Seasonal H1N1 (ရာသီပေါ်H1N1) လား
Novel H1N1 (အသွင်ပြောင်း H1N1) လား
သိကြရဖို့ လိုပါတယ်.....!
ကာကွယ်ဆေး ထိုးမယ်ဆိုရင်လည်း
အခုထိုး အခုထပြီး မကာကွယ်နိုင်ပါဘူး
ဆေးထိုးပြီး အနည်းဆုံး ၂ ပတ်ကနေ ၃ ပတ် အကြာမှ
စပြီး ကာကွယ်မှု ရနိုင်မှာပါ
ဒါတောင် Seasonal H1N1 အတွက်ပဲ သေချာနိုင်ပါမယ်...
လက်ရှိ တစ်ရာသီ အတွက်ပဲ ကာကွယ်နိုင်ပါမယ်...!
အခုလို ဈေးကွက် ထဲ မှာ
ကာကွယ်ဆေး လက်ကျန် နည်းနေတဲ့ အချိန်
ကြောက်လန့်တကြား နဲ့  ကာကွယ်ဆေး ပြေးထိုးဖို့ လုပ်နေကြတာ
တစ်ချို့နေရာ တွေ မှာ ၄-၅ ဆ လောက်
ဈေးတက်သွားတာတွေ
အိမ်နီးချင်းနိုင်ငံ တွေ ကနေ မှာ ပြီး ထိုးဖို့ စီစဉ်နေကြတာတွေ
ကာကွယ်ဆေး မရလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတဲ့သူတွေ
စသဖြင့် လှမ်းလှမ်း မေးနေကြပါတယ်
အဲ့သည်အတွက် ဖြေပေးချင်တာ က
သင့်တင့်တဲ့ ဈေးနှုန်း နဲ့ အခက်အခဲ မရှိ ဝယ်လို့ရနိုင်မယ်ဆိုရင်တော့ ထိုးပါ
ဒါပေမယ့် ရာသီပေါ်တုပ်ကွေး ကိုပဲ ကာကွယ်နိုင်ပါလိမ့်မယ်
သွေးလွန်တုပ်ကွေး မကာကွယ်ပါ
အသွင်ပြောင်း H1N1 ကာကွယ်ဖို့ အတွက် မသေချာပါ
အိမ်နီးချင်းနိုင်ငံတွေ က နေ
Hand-Carry ဖြင့် တရားမဝင် မှာပြီး ထိုးတာဟာ
အပူချိန်ထိန်းသိမ်းမှု ကာကွယ်ဆေး ထားသိုမှု
မမှန်နိုင်တာကြောင့် ဆိုးကျိုးတောင် ပိုများနိုင်ပါတယ်
ထိုးရင်လည်း လူကြီးအတွက် နဲ့ ကလေးအတွက် ဆိုပြီး
အသက် ၃ နှစ် အထက် အတွက် နဲ့
အသက် ၆ လ ကနေ ၃ နှစ် အထိ ဆိုပြီး
၂ မျိုး ခွဲထားတာ သတိပြုကြပါ
ထိုးဖို့ ကာကွယ်ဆေး အရည်အတွက်နည်းနေမယ်ဆို
ကလေးများ သက်ကြီးရွယ်အိုများ နာတာရှည်ရောဂါသည် များအား
ဦးစားပေးကြပါ
ကျွန်တော် ကိုယ်တိုင်လည်း
ကာကွယ်ဆေးထိုးမထားပါ
မိသားစု ကိုလည်း မထိုးပေးထားရသေးပါ
ခုလည်း မရအရ ရှာပြီး မထိုးတော့ပါ
တကယ်လိုတဲ့ သူတွေ ရကြပါစေလား
တကယ်တော့ ကာကွယ်ဆေးထိုးတာအပြင်
အကောင်းဆုံး ကာကွယ်နည်းလည်း ရှိနေပြီးသားပါ
သာမန် Seasonal H1N1 (ရာသီပေါ် H1N1) ဖြစ်ဖြစ်
Novel H1N1 (အသွင်ပြောင်း H1N1) ဖြစ်ဖြစ်
လူလူ ချင်း ကူးစက်တာ ဖြစ်တဲ့အတွက်
ဖြစ်နိုင်ရင် လူထူထပ်တဲ့ နေရာ မသွားပါနဲ့....
သွားရရင် လည်း နှာခေါင်းပါးစပ် အုပ်နိုင်သော MASK တပ်သွားပါ.....
Hand sanitizer disinfectant လိုမျိုးဆောင်ထားပြီး
ခဏခဏ လက်သေချာဆေးပါ.....
ကိုယ်ခံအား ကောင်းနေဖို့
အိပ်ရေးဝအောင်အိပ်ပါ
အာဟာရ ပြည့်အောင်စားပါ.....
ကျန်းမာရေးဌာန တွေ က
တရားဝင် ထုတ်ပြန်တဲ့
သေချာတဲ့ သတင်းတွေ ကို နားစွင့်ပါ......
(ကျန်းမာရေးဌာန တွေ ကလည်း
သေသေချာချာ ကွဲကွဲပြားပြား ထုတ်ပြန်ပေးစေလို)
သည်လိုနေနိုင်မယ်ဆိုရင်တော့
ကာကွယ်ဆေး ထိုးတာထက်
ရာခိုင်နှုန်း အများကြီး ပိုကာကွယ်နိုင်ပါလိမ့်မယ်......!
(ဆေးပညာပေး ဆောင်းပါး မဟုတ်ပါ
စိတ်ပူ ပြီး လှမ်းမေးနေကြတဲ့ အတွက်
သိထားသလောက် ဝေမျှပေးတာပါ
စာရိုက်ရတာ ပျင်းပြီး မကျွမ်းကျင် တဲ့ အတွက်
ခုမှ တင်လိုက်ရတာ ပါ
နောက်ဆို Video ရိုက်ပြီး Live တင်ရရင် ကောင်းမလားပဲ..... )
သည်လောက်ဆိုရင်တော့
ဘာကို စိတ်ပူရမယ် ဘာ လုပ်ရမယ်ဆိုတာ
နည်းနည်းတော့ သဘောပေါက်လောက်ကြပြီ ထင်ပါတယ်.....
ကြောက်စရာရှိတာတော့ ကြောက်ကြပါ
ဘာကိုကြောက်ရမလဲတော့ သိကြပါ
လုပ်စရာရှိတာတော့ လုပ်ကြပါ
ဘာကိုလုပ်ရမလဲတော့ သိကြပါ လို့သာ......!!!!!
ဒေါက်တာ ခန့်ဝင်း
Credit

No comments:

Post a Comment

Note: Only a member of this blog may post a comment.

online shop registration

 မှတ်ပုံတင်ပုံ အဆင့်ဆင့်ကို ပုံများဖြင့် မျှဝေပေးလိုက်ပါတယ်နော် အသေးစိတ်ကတော့ Live လေးမှာ နားထောင်ကြည့်ပါရှင် ☺️ Live Link : https://fb.watc...

Popular

Contact Form

Name

Email *

Message *

Labels

ADS (417) Alcatel (3) All winner (3) Androd Xiaomi (255) Android Antivirus (6) Android application (15) Android Command (3) Android Coolpad (39) Android Font (61) Android Game (2) Android Google Application (13) Android Huawei Imei Repair (1) Android Huawei Y series (6) Android kingo root (4) Android MTK Driver (6) Android Samsung (17) Android Samsung A series (26) Android Samsung C series (5) Android Samsung E series (5) Android Samsung G series (82) Android Samsung Hard reset (7) Android Samsung I series (7) Android Samsung Imei repair (6) Android Samsung J series (66) Android Samsung Multi file (1) Android Samsung N series (34) Android Samsung P series (2) Android Samsung Root (8) Android Samsung S series (10) Android Samsung SC series (6) Android Samsung Solutions (3) Android Samsung T series (3) Android Tool (238) Antivirus (7) AOTO (6) AOVO (8) Aplus (6) Archos (1) Asus (6) Attila (14) BenWee (2) BLU (1) Bluemix (2) Book (5) book eng (1) book med (11) Boss style (1) box (2) Bravo (2) browser (3) Browser Adobe Flash Player (1) Browser Firefox (1) CAZSH (1) Cherry (5) China Phone (73) CircleTech (2) CKTEL (1) Ding Ding (2) Download best (17) Education Make up (5) emmc (1) Entertainment (5) Facebook (2) films (1) Finance (2) Firmware Collection (23) FRP (62) Funny (3) GFIVE (3) Gionee (4) Grand (1) HAIWEI (3) Hardware (16) Hello (40) Hisense (17) Hiway (2) Hopo (22) HTC (7) Huawei A series (25) Huawei B series (13) Huawei board software collection (14) Huawei C series (43) Huawei Clone (18) Huawei D series (3) Huawei Driver (1) Huawei E series (17) Huawei emmc data (1) Huawei F series (7) Huawei Flashtool (45) Huawei G series (51) Huawei H Series (8) Huawei J series (1) Huawei K series (3) Huawei L series (18) Huawei M series (5) Huawei N series (3) Huawei P series (10) Huawei R series (5) Huawei region code (3) Huawei S series (10) Huawei T series (10) Huawei U series (8) Huawei Update (104) Huawei V series (11) Huawei W series (3) Huawei Y series (56) I Mobile (1) ILOVFA (11) IMEI repair (13) imobile (1) Infinix (1) Infone (1) Inovo (38) ios firmware (3) ios icloud (4) IOS itune (8) IOS Itune Error (1) ios news (10) IOS Tool (10) IPhone Clone (22) K Touch (3) Kenbo (10) Kimfly (47) Kismo (3) KKP (19) knowledge (38) Lava (8) Leagoo (1) Leagool (2) LeEco (1) Leegoog (19) Lenovo (12) LG (5) Liven (23) LoLo love (14) M-Horse (11) magic (2) MAI (11) Marconi-W50E (1) MBO (97) MCT (2) medical knowledge (5) Meizu (58) MFT (4) MGT (33) mi account remove (55) Micro Art (2) mine (1) Momo (7) movies (12) MP3 (2) MPT (5) MyPhone (22) Newings (3) Nipda (3) Nokia (10) Nova (7) Open (1) Oppo (162) Oppo Clone (1) ORRO (7) OSE (3) PC (2) PHICOMM (5) photoshop (1) pinpaternpassword (1) player (1) Power (3) Prestigio (1) Professional (4) QBZ (1) Ramos (5) rapidleech (1) Recovery software (1) Red Star (1) Samsung B seires (1) Samsung Clone (204) Samsung combination (360) Samsung Full (45) Science (13) Server (2) SINGTECH (90) SKG (4) SM-J530F full (1) Sony (73) Speed (7) SYH (94) tayar (1) TCL (1) Teaching (2) tecno (92) Teeno (1) Telenor (7) TIMMY (4) titan (20) True Smart (51) trueme (1) TWZ (34) uneed (1) uptobox (2) VG (9) Video (12) Vinovo (8) VIOVO (3) Virtual card (1) Vital (15) Vitu (3) Vivo (190) Vivo Clone (1) Voto (1) vps (8) WainFord (1) Wave (33) web (2) Wiko (5) Window (82) window font (1) X-BO (76) XDU (8) ZTE (25)