Bit
coins about
Bitcoin
ဘာလဲ ဘယ်လဲ
----------
Bitcoin
ဆိုတာ အွန်လိုင်းလုပ်ငန်းတွေမှာ အသုံးများတဲ့ ငွေကြေးယူနစ်တစ်ခုပါ။ တကယ်တော့ ခုဆိုရင်
အွန်လိုင်းငွေပေးချေမှုတင် မကတော့ပဲ Bitcoin နဲ့ မြေကွက်ဝယ်တယ် အိမ်ဝယ်တယ်ဆိုတဲ့အထိ
တစ်ချို့နေရာမှာ လုပ်လို့ရလာပါပြီ။ Bticoin နဲ့ ငွေပေးချေမှုကို လက်ခံပါတယ်လို့ ဆိုင်းဘုတ်တင်ထားတဲ့
ဆိုင်တွေ၊ Online Shopping Site ကြီးတွေ၊ လုပ်ငန်းတွေ၊ ဘဏ်တွေလည်း အများကြီးရှိလာပါပြီ။
BTC
လို့ အတိုကောက်ခေါ်တဲ့ Bitcoin ကို စတင်တီထွင်ပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာလမှာ မိတ်ဆက်ပေးခဲ့သူကတော့
ပရိုဂရမ်မာတစ်ယောက်ဖြစ်တဲ့ ဆာတိုရှီ နာကာမိုတို (Satoshi Nakamoto) လို့ လူသိများပါတယ်။
နာမည်ပဲလူသိများတာပါ သူက ဘယ်သူပါဆိုတာတော့ သိပ်မသိကြပါဘူး။
ငွေကြေးယူနစ်တစ်ခုဖြစ်နေပေမယ့်
သူ့မှာ စီမံခန့်ခွဲ ချုပ်ကိုင်ထားတဲ့ ဘဏ်ဆိုတာမရှိပါဘူး။ ငွေကြေး အလွှဲအပြောင်းတွေကို
စီမံပေးတဲ့ ဆော့ဖ်ဝဲ အသုံးပြုပြီး ကမ္ဘာတစ်ဝန်းက လူတွေက အလွန်စွမ်းဆောင်ရည်မြင့်တဲ့
ကွန်ပျူတာတွေ သီးသန့်ပြုလုပ်ထားတဲ့ စက်တွေ အသုံးပြုပြီး ပါဝင် ဆောင်ရွက်နေပါတယ်။ အဲ့လို
အလွှဲအပြောင်းတွေကို ဆောင်ရွက်ပေးတဲ့သူတွေအတွက် အကျိုးအမြတ်အဖြစ် သူတို့လည်း BTC ရပါတယ်။
အဲလို လုပ်ငန်းကို Bitcoin Mining လို့ခေါ်ပါတယ်။
၂၀၀၈
မှာ စပြီးပေါ်တုန်းကတော့ 1BTC ကို 0.3 USD လောက်ပဲတန်ဖိုးရှိခဲ့ပါတယ် အသုံးပြုရအဆင်ပြေမှု
လူသုံးများ လူကြိုက်များလာမှု တွေကြောင့် တဖြည်းဖြည်း တန်ဖိုးရှိလာလိုက်တာ 1BTC ကို
USD 1200 ကျော်အထိတက်ခဲ့ဖူးပါတယ်။ တောက်လျှောက်တက်ခဲ့တာတော့ မဟုတ်ပါဘူး ဒေါ်လာဈေးလို
တက်လိုက် ကျလိုက်ပါပဲ။ ခုထက်ထိလဲ နေ့စဉ်တော့ ဈေးအတက်အကျ အနည်းငယ်ရှိနေဆဲပါပဲ ခုဒီပို့စ်ကို
ရေးတဲ့အချိန်မှာတော့ 1BTC ကို USD 950 ကျော် ရှိပါတယ်။ နိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုးကို
လွှမ်းမိုးတဲ့ အချက်တွေ အများကြီးရှိပေမယ့် Bitcoin ကိုတော့ လွှမ်းမိုးမှုသိပ်မရှိတဲ့အတွက်
တန်ဖိုးက တည်ငြိမ်ပြီး ရင်းနှီးမြုပ်နှံထားချင်သူတွေ ဘဏ်အစားထိုး သိမ်းထားချင်သူတွေ
အလုံးအရင်း ၀ယ်ယူမှုတွေကြောင့် ဈေးကတော့ ဆက်တက်နေဖို့များပါတယ်။
Bitcoin
ရဲ့အားသာချက်တွေ
----------
ငွေကြေးယူနစ်သုံးစွဲမှု
မတူတဲ့ ကမ္ဘာတစ်ဝန်းက လူတစ်ယောက်နဲ့ တစ်ယောက် ပိုက်ဆံ လွှဲချင်ရင် Bticoin အသုံးပြုခြင်းဖြင့်
ဘာ ကြားခံ ဘဏ်စနစ်မှ မလိုပဲ လွှဲခ၀န်ဆောင်မှုကုန်ကျစားရိတ် မရှိသလောက်နဲ့ လွှဲလို့ရပါတယ်။
မြန်ဆန်တဲ့
နည်းလမ်းကို သုံးပြီးလွှဲရင် စက္ကန့်ပိုင်းအတွင်း လွှဲတဲ့ ငွေကို ရရှိပါတယ်။ အလွန်ဆုံးကြာရင်
အများအားဖြင့် နာရီပိုင်းပါပဲ။
အသုံးပြုရအဆင်ပြေတဲ့
အတွက် အွန်လိုင်းလုပ်ငန်းတိုင်းလိုလိုမှာ Bitcoin နဲ့ ငွေပေးချေနိုင်အောင်လုပ်ပေးထားလေ့ရှိပါတယ်။
တိုက်ရိုက်ပေးလို့မရရင်တောင် Bitcoin ရှိထားရင် လိုချင်တဲ့ ငွေကြေးယူနစ်ရအောင်
Exchange လုပ်ဖို့ အလွန်လွယ်ကူပါတယ်။
သိထားသင့်တဲ့အချက်တွေ
----------
Bitcoin
ဝယ်ယူရာမှာ တခြားနိုင်ငံတွေမှာတော့ Local Bank Account တွေ Visa/Master Card တွေကတစ်ဆင့်
အလွယ်တကူဝယ်လို့ရပါတယ်
ကျွန်တော်တို့
မြန်မာနိုင်ငံမှာလည်း တရားဝင် Vodaexchange Website ကတစ်ဆင့်ဝယ်လို့ ရောင်းလို့ရတယ်
MyanPay Account တော့ လုပ်ထားရမယ်။ အသုံးပြုသူ အချင်းချင်း ၀ယ်ရောင်းလုပ်ပေးနေတဲ့
Exchangers တွေဆီကလည်း ၀ယ်ရောင်းလုပ်လို့ရပါတယ်။
Bitcoin
က အပြင်ကပိုက်ဆံလို လက်နဲ့ ကိုင်လို့ ရတာ မဟုတ်တော့ သူ့ကို သိမ်းဖို့အတွက် အွန်လိုင်း
ပိုက်ဆံအိတ်သုံးရပါတယ် Digital Wallet ဆိုပါတော့။ အသုံးများတာကတော့ Blockchain နဲ့
Coinbase ပဲ တခြား အမျိုးအစားတွေလည်းအများကြီးတော့ ရှိတယ်။ ပိုက်ဆံအိတ်လုပ်ဖို့ အကောင့်လုပ်ထားရပါတယ်
အခမဲ့ပါပဲ။
နိုင်ငံတစ်ချို့မှာဆိုရင်
Bitcoin ကနေ နိုင်ငံတွင်းသုံးတဲ့ ပိုက်ဆံ (Local Currency) ပြောင်းပြီး သွင်းနိုင်ထုတ်နိုင်တဲ့
Bitcoin ATM စက်တွေတောင် ရှိနေပါပြီ။ စုစုပေါင်း ATM ၈၀၀ ကျော်ရှိပြီး အမေရိကန် တစ်နိုင်ငံထဲမှာတင်
စက်ပေါင်း ၅၀၀ ကျော်ရှိပါတယ်။ အဲလို ရှိနေရင်တော့ တော်တော်အဆင်ပြေမှာပေါ့။
တကယ်တော့
အွန်လိုင်းမှာသုံးလို့ရတဲ့ ငွေကြေးအမျိုးအစား (Cryptocurrency) တွေ တော်တော်များပါတယ်။
အွန်လိုင်းစီးပွားရေးလုပ်မယ်ဆိုရင်
အနည်းဆုံးတော့ Bitcoin ဆိုတာဘာလဲ နောင်အနာဂါတ်မှာ ဘယ်လိုဖြစ်လာနိုင်လဲဆိုတာ သိထားဖို့တော့
လိုတဲ့အတွက် ခုလို ကျွန်တော် နားလည်သလောက် ပြောပြလိုက်ပါတယ်။
Credit
=======
No comments:
Post a Comment
Note: Only a member of this blog may post a comment.